ရှောင်းကျန့် အိပ်ရာက နိုးလာတဲ့အချိန် သူ့ဘေးမှာ ဘယ်သူမှမရှိဘူး။ ဝမ်ရိပေါ် ဘယ်သွားလဲ သူမသိဘူး။ အိပ်ရာကထလို့ ကန့်လန့်ကာတွေကို ဖွင့်ရင်း အပြင်ကို ကြည့်လိုက်တယ်။ ကောင်းကင်က ညိုမှိုင်းနေပြီး မိုးရွာတော့မယ့်ပုံစံဖြစ်တယ်။ အဖျားပျောက်လုနီးဖြစ်နေပေမဲ့ သက်တောင့်သက်သာ မရှိသေးဘူး။ ချွေးစေးတွေ ပြန်ထားတာမို့ သူ့ညဝတ်အင်္ကျီတထည်လုံး ချွေးတွေ စိုနေတယ်။ ခါးက နာနေဆဲဖြစ်ပြီး ထော့နဲ့ ထော့နဲ့ပုံစံနဲ့ ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။
အဝတ်တွေ ချွတ်တဲ့အချိန်မှာ သူ မှန်ကို တမင် မကြည့်ပဲနေတယ်။ ဒါပေမဲ့ မနေနိုင်စွာ အမှတ်တမဲ့ တချက်ကြည့်လိုက်မိတယ်။ လည်ပင်းကနေ ရင်ဘတ်ထိ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတခုလုံးမှာ အမှတ်အသားပေါင်းစုံနဲ့အတူ ကိုက်ရာတွေ ပြည့်နေတယ်။ ရုတ်တရက် သူ့တကိုယ်လုံး ထုံကျင်သွားသလိုပဲ။
အရမ်းကို ..... လွန်လွန်းတယ်။
ရှောင်းကျန့် သူ့နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ရင်း ရေချိုးဖို့ တဖက်လှည့်လိုက်တယ်။ ပူနွေးတဲ့ရေတွေ ကျဆင်းလာတဲ့နောက် နွေးထွေးမှုက သူ့တကိုယ်လုံးကို ရစ်ပတ်သွားတော့တယ်။
ရေကျသံက ဆူတယ်။ ဒါပေမဲ့ စိတ်ကိုလည်း အရမ်းအေးချမ်းစေတယ်။
အဲ့ဒီ့အချိန်ကျမှပဲ ရှောင်းကျန့်မှာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို သေချာ ပြန်စဉ်းစားချိန်ရတော့တယ်။
၆ နှစ်လုံးလုံး သူ့ဘေးမှာရှိခဲ့တဲ့ကလေးဟာ ရုတ်တရက်ကြီး ပြောင်းလဲသွားပြီး သူ့ကို ဒီလိုမျိုးတွေလုပ်တာဟာ လုံးဝ လက်မခံနိုင်စရာကိစ္စကြီးတခုပဲ။
ကျောင်း ပြန်တက်ဖို့ အချိန်က လိုသေးတယ်။ ဒီကာလအတွင်း သူနဲ့ ဝမ်ရိပေါ်ဟာ အိမ်မှာ နားနေဖို့ကလွဲရင် တခြား လုပ်စရာမရှိဘူး။ သူတို့နှစ်ယောက် အတူတူ ခရီးထွက်တာမျိုး တခုခု လုပ်လို့ရတယ်။ ဒါပေမဲ့ အခုချိန် သူ့မှာ အရှက်ရလွန်းလို့ ဝမ်ရိပေါ်နဲ့ အချိန်တခုလောက်ထိ မတွေ့အောင် ပုန်းနေချင်တယ်။
![](https://img.wattpad.com/cover/281402591-288-k990608.jpg)
YOU ARE READING
You are my _____. ||Completed||
Fanfictionအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.