- 21 -

6.8K 681 42
                                        

"ရှောင်းကျန့် ခင်ဗျား ကျနော်နဲ့ တွဲချင်လား?"

"..."

"ဟမ်?"

"ကိုယ့်ဘက်ကိုယ် ယက်နေလိုက်"

"?"

ရှောင်းကျန့်က သူ့လက်ကိုလှမ်းလို့ ဝမ်ရိပေါ်ပါးကိုဖျစ်တယ်။

"မင်းနဲ့ တွဲချင်လားဆိုတာဘာသဘောလဲ? သေပြီသာမှတ်"

ဝမ်ရိပေါ်က ပြုံးတယ်။ သူ့မျက်နှာအနေအထားက နူးညံ့သွားတယ်။

"အဲ့ဒါဆို ထပ်မေးမယ်"

"ကျနော်နဲ့ ချစ်ဖို့ ဆန္ဒရှိပါရဲ့လားခင်ဗျာ?"

ရှောင်းကျန့်က သူ့မျက်နှာကို အကြာကြီး ငေးကြည့်နေတယ်။

ဝမ်ရိပေါ်က သူ့ကို မလောပဲ ပြန်ပြောလာမယ့်စကားကို ငြိမ်ငြိမ်လေး စောင့်နေတယ်။

ရှောင်းကျန့် မနေတတ်တော့တာမို့ အကြည့်ကို ရှောင်လိုက်တယ်။ လိပ်ပြာမလုံသလိုမျိုး သူ့နှာသီးဖျားကို ထိတယ်။

"အဲ့ဒါက..."

ဝမ်ရိပေါ်က သူ့လက်မောင်းကို ဆွဲလိုက်တာမို့ နှုတ်ခမ်းချင်း ထိမလို ဖြစ်သွားတယ်။

"ဟမ်?"

"...ငါ သဘောတူတယ်"

ရှေ့ကို နည်းနည်းတိုးလိုက်ပြီး သူ့ရှေ့ကကောင်လေးရဲ့ နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကပ်လိုက်တယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပြူးကြောင်ကြောင်လေး ကြည့်နေတယ်။ သူ့ရင်တွေ ထိန်းချုပ်မရအောင် ခုန်နေတာများ နှလုံးသားဟာ ရင်ဘတ်ထဲက ပေါက်ထွက်တော့မယ့်အတိုင်းပဲ။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့နဖူးကို လက်ညိုးလေးနဲ့တို့ပြီး ခပ်ဖြည်းဖြည်းပြောတယ်။

"ဒါပေမဲ့ ငါက နောက်ဆုတ်လို့ မရတော့ဘူးနော်"

"ငါ မင်းကို အခုချိန် အခွင့်အရေးပေးရင်တောင် မင်းအတွက် နောင်တရဖို့က အရမ်းနောက်ကျသွားပြီ"

"အဲ့လိုမှမဟုတ်ရင် ငါ... အင်း..."

ဝမ်ရိပေါ်က သူ့လက်ကို ရှောင်းကျန့်ခေါင်းအနောက် ဖိလိုက်ပြီး ကိုယ်ကိုလှိမ့်လို့ တဖက်လူကို ဖိထားရင်း ထပ်ပြောလာမယ့် သတိပေးစကားနဲ့ ခြိမ်းခြောက်စကားတွေကို ပိတ်ပင်လိုက်တယ်။ နှစ်ယောက်သားရဲ့ နှုတ်ခမ်းနဲ့ လျှာတွေက ကူးလူးယှက်နွယ်နေတယ်။ ရှောင်းကျန့်ဟာ သူ့လက်ချောင်းလေးတွေနဲ့ ဝမ်ရိပေါ်ရဲ့ ဆံပင်တွေကြား ထိုးဖွရင်း စိတ်မရှည်တဲ့အသံမျိုးနဲ့ ခပ်တိုးတိုး တုံ့ပြန်မိတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဆန္ဒကို ခံစားမိတာမို့ တဖြည်းဖြည်းနဲ့ မေးစေ့အောက်ကို နမ်းရင်း ဆင်းသွားတယ်။ အဲ့ဒီ့နောက် လည်စေ့နားမှာ နမ်းနေရင်း လျှာနဲ့လျက်တယ်။

You are my _____. ||Completed||Where stories live. Discover now