ရှောင်းကျန့် ရုတ်တရက် သူ့အိပ်မက်ကနေ နိုးလာခဲ့တယ်။
သူ့ကျောက နွေးထွေးတဲ့အထိအတွေ့ဟာ သူ့အတွက် တစုံတခုကို သတိရသွားစေတယ်။ တချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့အတူ မပြောသာတဲ့နေရာကနေ အရည်တချို့ စီးကျလာတယ်။
မနေ့ညက အဖြစ်အပျက်တချို့က သူ့ခေါင်းထဲ တိုးဝင်လာတယ်။
လှပတဲ့အိပ်မက်လေးဟာ အပိုင်းပိုင်း အစစ ပုံစံမျိုးနဲ့ သူ့ခေါင်းထဲမှာ ဝရုန်းသုန်းကား ပုံပေါ်လာတယ်။
တခုခုပြောဖို့ သူ့ပါးစပ်ကို ဖွင့်လိုက်တဲ့အခါ သူ့လည်ချောင်းက ဆိုးဆိုးရွားရွား နာကျင်နေမှန်း သတိထားမိတယ်။ စကားပြောဖို့ ခက်ခဲနေတယ်။ သူ့တကိုယ်လုံး နာကျင်နေပြီး သူ့ခါးအောက်ပိုင်းဟာ အရိုက်ခံထားရသလိုပဲ။
ဝမ်ရိပေါ် နိုးနေတာ ကြာပြီဖြစ်တယ်။
သူ ပြန်အိပ်လို့ မရတော့ဘူး။ မျက်လုံးကို ဖွင့်ကြည့်တဲ့နောက် ဘောလုံးလေးလို လုံးနေတဲ့ ရှောင်းကျန့်ကို အနောက်ကနေ ပွေ့ဖက်ထားရင်း ငြိမ်ငြိမ်လေး နေနေတာ ခုချိန်ထိပဲ။
ရှောင်းကျန့်ရဲ့မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်သွားတယ်။
စောင်ပါးပါးအောက်က သူတို့ခန္ဓာကိုယ်မှာ အဝတ်မရှိသလို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကြတယ်။ ခါးပေါ်ဖက်ထားတဲ့ လက်တစုံနဲ့အတူ ခပ်မာမာအရာတခုဟာ သူ့ခါးအောက်ပိုင်းကို လာပွတ်တိုက်နေတာကိုတောင် ရှောင်းကျန့် ခံစားရမိနေတယ်။ သူ့တကိုယ်လုံးဟာ ဝမ်ရိပေါ်ရဲ့လက်ထဲမှာ အရုပ်လေးတရုပ်လိုပဲ။
ဝမ်ရိပေါ်ရဲ့အသံက သြရှရှနဲ့။ နှုတ်ခမ်းတစုံဟာ သူ့နားပေါ် ဖိကပ်လာပြီးနောက် မေးခွန်းတခုကို ကြားလိုက်ရတယ်။
"နိုးပြီလား ကော?"
ရှောင်းကျန့် တကိုယ်လုံး တုန်ယင်သွားတယ်။
အနည်းငယ်ဟနေတဲ့ နှုတ်ခမ်းနဲ့အတူ ဝမ်ရိပေါ်ရဲ့ မျက်နှာဖွေးဖွေးက သူ့ကိုငုံ့နမ်းလာတဲ့မှတ်ဉာဏ်အပိုင်းအစတွေဟာ သူ့အာရုံထဲကို ကျိုးပဲ့နေတဲ့ဓါတ်ပုံတွေလို တပိုင်းတစစီ တိုးဝင်လာတယ်။
![](https://img.wattpad.com/cover/281402591-288-k990608.jpg)
YOU ARE READING
You are my _____. ||Completed||
Fanfictionအဖေလို အစ်ကိုလို ဒါပေမဲ့ ကျနော်က... ချစ်သူလို...။ ________________ အေဖလို အစ္ကိုလို ဒါေပမဲ့ က်ေနာ္က... ခ်စ္သူလို...။ _________________ Myanmar Translation.