Unicode
Ch-2 P-1 အို..လတ်စသတ်တော့ မျက်နှာနှစ်မျိုးနဲ့ပါလား
အပင်ပေါ်ကအသီးကိုအတင်းခူးပြီး စားရင်
မချိုဘူး* ဆိုတဲ့ စကားအတိုင်း ရုံကျင်းလဲ
ချီယင်နဲ့လမ်းခွဲဖို့ အခွင့်အရေးရှာပြီး ကိုယ့်လမ်းကိုသွားဖို့ တွေးထားပြီသားပင်။
(*ဆန္ဒမရှိတဲ့အရာကိုအတင်းအကျပ်ဖြစ်
အောင်ကြိုးစားရင်လဲ အဲ့အရာကအသုံးဝင်မှာ
မဟုတ်ပါဘူး)ဒါမဲ့ သူအကြောင်းပြချက်တောင် မရှာရသေး
ဘူး တဖက်လူကအရင်တောင်းဆိုလာတယ်။
တကယ်ကိုအံကိုက်ပဲမဟုတ်ဘူးလား?သူရဲ့နှေးကွေးသောတုံပြန့်ချက်ကြောင့်
တိတ်ဆိတ်နေပေမဲ့ ချီယင်ကတော့ သူဝမ်းနည်းလို့တိတ်သွားတယ်လို့ အထင်လွှဲသွားတယ်။ရုံကျင်းက ကောင်းပြီလို့ပြောပေမဲ့ ပေါက်ကွဲခါနီးနေပြီလို့ သူထင်လိုက်တယ်။
Alpha တယောက်ဒေါသပေါက်ကွဲလာရင် ဘယ်လိုကြောက်မက်ဖွယ်အားတွေရှိမလဲ ဆိုတာဘယ်သူမှမသိန်ိုင်ဘူး။ချီယင်ခါးကိုမတ်မတ်ထားပြီး သတိထားမေး
လိုက်တယ် '' ရုံ..ရုံကျင်း ငါတို့အဆင်ပြေ တယ်မလား? ''ချီယင်သူ့ရဲ့ချည့်နဲ့တဲ့ လက်နဲ့ခြေထောက်တွေ
ကိုငုံ့ကြည့်လိုက်တယ်။ ရုံကျင်းက
လက်မောင်းတချောင်းနဲ့တင် သူ့ကို မှောက်ခုံလှန်ပစ်လိုက်နိုင်တယ်။ လမ်းခွဲခံလိုက်ရတဲ့ Alpha တယောက် ဘယ်လောက်သန်မာနိုင်လဲဆိုတာကို လျော့မတွက်သင့်ဘူး။တကယ်လို့ ရုံကျင်းသာအရင်ကအတိုင်း အသည်းအသန်ငိုပြီး သူ့စိတ်ကိုပြန်စဥ်းစား
ဖို့တောင်းပန်မယ်ဆိုရင် အခုလိုတွေးမိမှာ မဟုတ်ဘူး။ ဒါမဲ့ အခုတော့ သူကဂရုမစိုက်တဲ့
မျက်နှာထားနဲ့ စကားပြောလဲနည်းနေတယ်။
ဘယ်လိုလုပ် သူ့ကိုတခွန်းတည်းပဲ ပြန်ပြောရတာလဲ?မသိရင် သူနဲ့ဘာမှမဆိုင်တဲ့ကိစ္စတခုကို ပြောနေသလိုပဲ။
သူ့လိုomega တယောက်က သူ့အဆင့်ကို နှိမ့်ချပြီးသူနဲ့တွဲဖို့ လက်ခံခဲ့တာမျိုးက တကယ့်ကိုရှားပါးဖြစ်စဥ်ဖြစ်နေပြီ။ အဲ့ဒါတောင် သူတို့လမ်းခွဲတဲ့ကိစ္စကို ဘာလို့ပေါ့ပျက်ပျက်ဖြစ်နေရတာလဲ? ဒါကတော့လွန်လွန်းတယ်!
YOU ARE READING
Hold On,You're Something Else [Myanmar Translation]
RomanceOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...