Chapter 6.1

3.2K 561 3
                                    

Unicode

Ch-6.1 မင်းဘာတွေဖြစ်နေတာလဲ?

ရုံကျင်း Omegaကိုအခန်းထဲကူထည့်ပေးပြီး
တဲ့နောက်မှာ သူပထမထပ်ကိုပြန်သွားပြီး သူ့အတွက်အခန်းတခန်းယူလိုက်တယ်။

သူပိုစျေးပိုတဲ့ဟိုတယ်မှာနေလို့ရပေမဲ့ သူထပ်သွားရမှာပျင်းသွားပြီး အိပ်ဖို့နေရာလဲ ရှာတွေ့နေပြီမလို့ သူနေဖို့ဆုံးဖြတ်လိုက်တာ ဒါ့အပြင် သူလဲနံ့စော်နေပြီ။ ဒီဟိုတယ်ရဲ့

နားလည်မှုရှိပြီး တော်တဲ့ဝန်ထမ်းတွေကြောင့် သာမဟုတ်ရင် သူရဲ့စုတ်ပြတ်သတ်နေတဲ့ျ အဝတ်အစားတွေကြောင့် ဟိုတယ်ကနေ နှင်ထုတ်ခံရမယ့်ဘေးကနေ လွတ်သွားတယ်။

အဲ့နောက် သူ့ကဒ်ထဲကနေ ပမာဏတော်တော် များများပါသွားတာကိုတွေ့လိုက်တယ်။ ထိုအတွက်ကြောင့် သူ့ရင်တွေအနည်းငယ် တင်းကျပ်သွားတယ်။ ဒီဟိုတယ်က လူတွေကိုဓားပြတိုက်နေတာလား?

ဧည့်ကြိုက သူ့မှတ်ပုံတင်ကိုတောင်းပြီး စာရင်းသွင်းနေတဲ့အချိန်မှာပဲ သူရုံကျင်းကို
စူးရှစွာကြည့်လာတယ်။ ပြီးတာနဲ့ သူ့အမူအရာကပိုပြီးရိုကျိုးသွားတယ်။
ရုံကျင်းကိုကဒ်ပြန်ပေးတဲ့အခါမှာ လက်နှစ်ဖက်နဲ့သေချာဦးညွှတ်ရင်းပေးတယ်။

ရုံကျင်းကတော့ ဘာမှထူးထူးခြားခြား မတွေးမိဘူး။ သူလုပ်ဖို့ကိစ္စမရှိသရွှေ့ ဒီတိုင်းပျင်းရိစွာရပ်နေတတ်တယ်။ သူဘေးကတံတိုင်းလိုအရှိန်အဝါကြောင့် သူ့ခွန်အားတွေချွေတာပြီးသားဖြစ်တယ်။

သူ့အခန်းနံပါတ်ကိုမြင်လိုက်တော့ သူ့အခန်းကိုလမ်းပြပေးဖို့လုပ်နေတဲ့ မန်နေဂျာရဲ့အကူအညီကို ငြင်းလိုက်ပြီး
သူ့ဘာသာဓာတ်လှေကားထဲကို ဝင်လိုက်တယ်။

သူအခန်းထဲကိုရောက်တော့ ချက်ချင်းအနား မယူသေးဘူး။ သူပင်ပန်းနေပေမဲ့လဲ နက်ဖြန်ဝတ်မဲ့အဝတ်အစားတွေကို ရွေးလိုက်ပြီးချိတ်ထားလိုက်တယ်။ ပြီးတာနဲ​့ မီးပူတိုက်လိုက်တယ်။ နည်းနည်းလေး တွန့်ကျေနေရင်တောင်မှ သူမီးပူပြန်တိုက်တယ်။

ဒါဟာသူ့အရင်ဘဝကလုပ်နေကျ အကျင့်ဖြစ်ပြီး မနက်ဖြန်အတွက် အမြဲပြင်ဆင်ထားတယ်။

Hold On,You're Something Else [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang