Unicode
Ch-37.2
ကုရှီချင်းလက်ဖက်ရည်ကိုသောက်ပြီးသွားတဲ့နောက် ရုံကျင်းသည်ကုရှီကိုအပေါ်ထပ်သို့လိုက်ပို့ပြီး သီးသန့်အခန်းပေးလိုက်သည်။ ကုရှီ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို သူစိုးရိမ်နေတုန်းပဲ။ ဝတ္ထုဇာတ်ကြောင်းကြောင့်ပဲဖြစ်ဖြစ် ၊တကယ့်လက်တွေ့ကြောင့်ပဲဖြစ်ဖြစ် ကုရှီရဲ့ရင်ထဲမှာပြဿနာရှိနေတာကို
သူခံစားနိုင်သည်။ ၎င်းပြဿနာအရမ်းကြီးမလာခင် ရုံကျင်းသူ့ကိုပြန်ဆွဲထုတ်ပေးချင်သည်။သူအဲ့ဒီပြဿနာကိုအကြီးအကျယ်မဖြစ်သွားစေချင်ဘူး။ ဝတ္ထုရဲ့ဇာတ်လမ်းထဲမှာဖြစ်ခဲ့သလိုမျိုး ကုရှီသည်သူ့ကိုယ်သူသတ်သေဖို့အကြိမ်ပေါင်းများစွာကြိုးစားခဲ့သည်။ သူကုရှီကိုအဲ့လိုမဖြစ်သွားစေချင်ဘူး။
'' ကျွန်တော်တစ်ခုလောက်တောင်းဆိုလို့ရမလား? ''
'' ပြောလေ '' ကုရှီကုတင်ပေါ်မှာထိုင်ပြီး ရုံကျင်းကိုကြည့်နေရင်း လက်ထဲကစောင်ကိုဖျစ်ညှစ်လိုက်ကာ သူ့နှလုံးသားကတဒုတ်ဒုတ်ဖြင့်စတင်ခုန်လာသည်။
သူရုံကျင်းရဲ့အတွေးတွေကိုကြားလိုက်တယ်... ဒါပေမယ့် [ဘာကြောင့်ပဲဖြစ်ဖြစ်... ] ဆိုတဲ့စကားပဲကြားလိုက်ရပြီး နောက်ပိုင်းမှာဆူညံ့သံတချို့ဝင်လာတာမို့ ဆက်မကြားရတော့ဘူး။ ဒီလိုမျိုးအရင်ကတစ်ခါမှမဖြစ်ဖူးဘူး။ ပိုပြီးထူးဆန်းတာက သူစိတ်ဖတ်တဲ့အစွမ်းကိုပိတ်ထားတာပဲဖြစ်ဖြစ် မပိတ်ထားပဲဖြစ်ဖြစ် ရုံကျင်းရဲ့အတွေးတွေကိုမကြာမကြာကြားနေရသည်။
ရုံကျင်းကသူ့ကိုကြောင်တောင်တောင်လို့ တွေးရင်လဲမထူးဆန်းပါဘူး။ သူရေချိုးခန်းထဲမှာမြင်လိုက်ရတာနဲ့ဆို သူခေါင်းချောင်နေတာလားမချောင်ဘူးလားဆိုတာ ဘယ်သူကသံသယမဝင်ဘဲနေမှာလဲ?
ရုံကျင်းကကုရှီရဲ့ဖုန်းကိုတောင်းလိုက်သည်။
သူဘာလုပ်မလို့လဲဆိုတာကုရှီမသိသော်ငြား
တုံ့ဆိုင်းမှုမရှိ ဖုန်းကိုပေးလိုက်သည်။ရုံကျင်းသည်အရင်တုန်းက သူ့ဦးနှောက်ကောင်းသေးရဲ့လားဆိုပြီး စစ်ဆေးခဲ့တုန်းက အသုံးပြုခဲ့တဲ့ SCL-90 အကဲဖြတ်စီစစ်ချက်ကိုရှာကြည့်လိုက်ပြီး ကုရှီကိုစစ်ဆေးကြည့်ဖို့ပြောလိုက်သည်။ သူ့ရင်ထဲမှာဖုံးကွယ်ထားတဲ့စိုးရိမ်မှုတွေကိုထုတ်မပြောချင်တာကြောင့်
'' အခုတလော ကျွန်တော့်အစ်ကိုရဲ့ကုမ္ပဏီကလူငယ်တွေရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး သုတေသနတစ်ခုလုပ်နေတယ်။ အဲ့တာကသူတို့ရဲ့ထုတ်ကုန်အသစ်အတွက် ပရိုမိုးရှင်းလုပ်နေတာနဲ့တူတယ်။ အဲ့ဒါ...ဖြေပေးလို့ရမလား? ''
BẠN ĐANG ĐỌC
Hold On,You're Something Else [Myanmar Translation]
Lãng mạnOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...