Chapter 27.1

2.4K 376 16
                                    

Unicode

Ch-27.1 မင်းငါ့ကိုပဲ အာရုံစိုက်ထားလို့ မရဘူးလား။

ကုရှီရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ လူတွေကထင်သည်။ ဒီလူသစ်ကို အခွင့်အရေးပေးတာက လုပ်သင့်တဲ့ကိစ္စလို့ သူတို့လည်းပဲ တွေးမိတယ်။

'' ကုရှီ မင်းသူ့အကြောင်း သေချာမသိလို့ပါ '' လက်ထောက်ဒါရိုက်တာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဖြစ်အပျက်ကို ပြန်လည်တူးဆွလိုက်တယ်
'' နှစ်စဥ်နှစ်တိုင်း ရုပ်ရှင်အကယ်ဒမီက ဆရာတွေနဲ့ ကျောင်းသားတွေက သူတို့အရည်အချင်းကို ချပြဖို့အတွက် တင်ဆင်မှုတွေ ပြင်ဆင်ကြတယ်။ လူတိုင်းက အဲ့အစီအစဥ်ကို အားလုံးက အရမ်းဂရုစိုက်ထားကြတာ။ အဲ့ဒါက သူတို့တက္ကသိုလ်တွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အဆက်အသွယ်ရအောင် ဖန်တီးလို့ရတဲ့အခွင့်အရေးတွေထဲက တစ်ခုပဲ။ တက္ကသိုလ်ရဲ့ပါမောက္ခချုပ်က သူတို့တွေကို တစ်ချက်ကြည့်ပေးဖို့ ကျွန်တော့်ကို ဖိတ်ခဲ့ဖူးတယ်။ အဲ့မှာ ဒီကောင်လေးက သူ့အတန်းအတွက် အမျိုးသားဇာတ်လိုက်ရွေးခံထားရတာ
နဲ့သွားတိုးတယ်... ဘာဆက်ဖြစ်လဲ
သိကြလား ''

ဝန်ထမ်းတွေက သူ့ကိုကြည့်နေကာ
သူနောက်ထပ်ပြောလာမယ့်စကားကို စောင့်နေကြသည် '' စင်ပေါ်မှာ ဆယ်မိနစ်လောက်ကို တုန်ယီနေတာ... ဒိုင်ယာလော့ခ်တစ်ကြောင်းတောင် မပြောနိုင်ဘူး။ တခြားသူတွေအားလုံးက သေသေချာချာ လုပ်နေကြတာ သူကတော့ အဲ့မှာတိုင်လိုမျိုး ရပ်နေပြီး ဖျော်ဖြေမှုတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာ။ သူတစ်ယောက်ကြောင့်နဲ့
အတန်းတစ်တန်းလုံး နစ်နာရတယ် ပြီးတော့ နှစ်တွေနည်းနည်းကြာတော့မှ အဲ့အကြောင်းကို မေ့ပျောက်သွားကြတာ။ 
သူအဲ့နေ့က အဲ့လိုသရုပ်ဆောင်ခဲ့တာက 
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်
တခြားသူတွေရဲ့နှစ်တစ်ဝက်လောက် ကြိုးစားပမ်းစားလုပ်ခဲ့တာကို ဖျက်ဆီးပစ်လိုက်တယ်ဆိုတဲ့အချက်က ပြောင်းလဲသွားမှာမဟုတ်ဘူး ပြီးတော့ သူ့အလုပ်အကိုင်ကို မလေးစားရာလည်းကျတယ် ''

လက်ထောက်ဒါရိုက်တာက ဒီလူအပေါ်သိပ်ပြီးအားကုန်မခံချင်လို့ တကယ့်ကိုဒီကိစ္စကို ဆက်ပြီးမပြောချင်တော့ဘူး။
အနုပညာလောကက တစ်ချိန်လုံး 
ပြောင်းလဲနေတာ။ နှစ်တိုင်းနှစ်တိုင်း မျက်နှာသစ်တစ်ယောက် ပေါ်လာစမြဲပဲ ဒါကြောင့် 'လှပကျော့ရှင်းနေတဲ့မျက်နှာ' တွေက အကြာကြီးမခံဘူး။ 
အရည်အချင်း အစစ်အမှန် လိုအပ်တယ်။ ပြည်ပမှာ သွားရောက် လေ့ကျင့်တဲ့ ထိုလူတွေတောင်မှ သူတို့တွေ ဘယ်လောက်တော်တော် အထူးအခွင့်အရေးမျိုး မရကြဘူး။ သူတို့အားလုံး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ဖြတ်ကျော်ခဲ့ရတာပဲ။ 

Hold On,You're Something Else [Myanmar Translation]Donde viven las historias. Descúbrelo ahora