Unicode
Ch-8.1 ခင်ဗျားရူးနေလား ဒိုရေမွန်ကိုတောင် အလွတ်မပေးဘူး?!
ကျိုးရှန်က ဝူဖူယွီနောက်နေတယ်လို့ ထင်တာကြောင့် သူ့ကိုမေးတယ် '' ဒါက မင်းရှာချင်နေတဲ့သူဆိုတာ ကျိန်းသေရဲ့လား? ''
သူ့မေးခွန်းကအတော်လေး တွေးရခက် တယ်လို့ ဝူဖူယွီခံစားမိတယ် '' ဟုတ်တယ်.. အဲ့ဒါသူပဲ! ''
ပုံဆွဲထားတာက တကယ့်လူနဲ့တော့ တူချင်မှတူမှာဆိုပေမဲ့ တကယ်ဆင်တယ်လေ အာ..အဲ့ဒီခက်ထန်နေတဲ့အကြည့်ကိုကြည့်..
ချွတ်စွပ်ပဲ!ဝူမိသားစုရဲ့သခင်လေးက သူ့ပုံက ဘာပြဿနာမှမရှိဘူးလို့ တကယ်ထင်နေတာကို ကျိုးရှန်သဘောပေါက်လိုက်တယ်။
တကယ်တော့ ဝူဖူယွီက အဲ့ Alpha က ဘယ်လိုပုံမျိုးလဲဆိုတာ သူသေချာ မမှတ်မိဘူး ဒါပေမဲ့ သူ့ကိုပြန်တွေ့ရင်တော့ သူကျိန်းသေပေါက် သတိရသွားနိုင်တယ်။ည
အဲ့လူက သူ့ထက်အရပ်ရှည်တာကိုပဲ သူမှတ်မိတယ်။ သူက သူ့ကိုယ်သူ တခြားသူတွေကမြင့်မြတ်တယ်လို့ ထင်နေပြီး သူ့အသွင်အပြင်ကိုသုံးပြီး Omega တွေကို လိုက်ပိုးတဲ့နေရာက တကယ့်ကိုတော်တဲ့ လူစားမျိုးပဲ။သူကအဲ့လူရဲ့ အရှိန်အဝါကို ဆွဲထားတာ။ လူတယောက်ရဲ့စိတ်ဝိညာဥ်ကို ရေးဆွဲတဲ့ တမန်တော်ပန်းချီဆရာလိုမျိုးပေါ့။
ရှဲလင်းက သူ့ကိုကူညီနိုင်လိမ့်မယ်လို့ ဝူဖူယွီယုံကြည်နေတယ်။ '' ဒါဆိုရင် ဒီကိစ္စကို အကိုရှဲလက်ထဲ အပ်လိုက်ပြီနော် ''
ရှဲလင်းပုံကို ကျိုးရှန်လက်ထဲအပ်လိုက်ပြီး
'အာ'ဆိုတဲ့ ရိုးရှင်းတဲ့အဖြေတခုသာ ပေးလိုက်တယ်။ သူက လူတွေကို ပြန်ဖြေရင် စကားတိုပေမဲ့ ယုံကြည်ချင်စရာကောင်းနေ ဆဲပဲ။သူတောင်းဆိုတာ အောင်မြင်သွားတာကို ဝူဖူယွီမြင်တော့ ရှဲလင်းကိုအပြုံးလေးနဲ့
ညစာစားဖို့ ဖိတ်ပြီးတဲ့နောက် သူ့လည်ပင်းကိုဆုပ်ကိုင်ရင်းနဲ့ စားသောက်ဆိုင်ထဲကနေ ခပ်မြန်မြန်ပဲ ထွက်သွားတယ်။ရှဲမိသားစုနဲ့ဝူမိသားစုက မြေပုံရဲ့တောင်နဲ့ မြောက် အစွန်းတဖက်ဆီမှာ ရှိနေကြပေမဲ့
သူတို့အချင်းချင်းတော့ အဆက်အသွယ် ရှိနေတုန်းပဲ။ ဝူဖူယွီရဲ့အဘိုးကြီးက သူပေကျင်းကိုရောက်ရင် ရှဲလင်းနဲ့ ရင်းရင်းနှီးနှီးနေဖို့ ပြောလိုက်တယ်။ အကြောင်းက ရှဲလင်းက ရင်ဆိုင်ရလွယ်ကူ တဲ့လူမဟုတ်လို့ပဲ။
YOU ARE READING
Hold On,You're Something Else [Myanmar Translation]
RomanceOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...