Chapter 13.1

2.8K 546 9
                                    

Unicode

Ch-13.1 ငါ့ကိုဆွဲဆိတ်ကြည့်စမ်း?

ရုံကျင်း သူ့အတန်းပိုင်ဆရာ မစ္စတာဟူကိုရှာဖို့
သရုပ်ဆောင်ဌာနရဲ့ လေးလွှာကို သွားလိုက်တယ်။ မူလပိုင်ရှင်အပေါ်မှာ သူဘယ်လိုမြင်လဲဆိုတာ သူမေးကြည့်ချင်တယ်။

အဲ့ဆရာက အရင်ကသူ့ကို စင်ပေါ်တင်ပေးခဲ့တဲ့သူပဲ။ သူတို့တင်ဆက်မှု ကျရှုံးသွားတော့ အဲ့ဆရာက တခြားသူတွေရဲ့ လှောင်ရယ်ခြင်းကို နှစ်အတော်ကြာ ခံခဲ့ရတယ်။ ဒါတောင်မှ ဆရာက မူလပိုင်ရှင်ကို သီးသန့်ခေါ်ပြီးတော့ သူ့ကင်မရာကြောက်စိတ်ကို ကျော်လွှားနိုင်အောင် တိုက်တွန်းပေးဆဲပဲ။

မူလပိုင်ရှင်နားမှာ ဒီလိုကောင်းတဲ့သူရှိနေ မှတော့ သူလဲလုံးဝ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘူး။

'' မင်း ဆရာဟူကို ရှာနေတာလား? '' ရုပ်မြင်သံကြားဘာသာသင်တဲ့ ဆရာကျန်းက ရုံကျင်းရဲ့ထင်ခနဲမြင်သာတဲ့မျက်နှာကို ကြည့်ရင်း သူက ကျောင်းသားတွေ ခေါ်ခေါ်နေတဲ့ ' ရုံအုပ်စ်' ဆိုတာကို သူမှတ်မိလိုက်တယ် '' သူ့မိသားစုဝင် တယောက်က မတော်မဆဖြစ်လို့ အဲ့တာ အလောင်းကိုအတည်ပြုပေးဖို့ ထွက်သွားတယ်။ sigh... ဘာလို့ လူကောင်းတွေကိုပဲ ဆိုးတဲ့ကိစ္စတွေ ဖြစ်နေရတာလဲ? ''

အနားမှာကျောင်းသားတွေရှိနေတာကို စဥ်းစားမိတော့ သူရပ်လိုက်တယ်။

'' အလောင်းအတည်ပြုဖို့? '' ရုံကျင်း ရုတ်တရတ် သူမြေအောက်ရထားမှာ ကြားခဲ့တဲ့သတင်းကို တွေးမိတယ်။

'' ဘာဖြစ်တယ်ဆိုတာ ငါလဲ သေချာမသိဘူး။
အခုတော့ သူပြန်လာတာကိုပဲ စောင့်ရမှာပဲ ''

ခဏအကြာမှာ ဆရာကျန်းက တခုခုကို သတိရလိုက်ပြီး ဆရာဟူရဲ့စားပွဲပေါ်မှာ ကပ်ထားတဲ့စာအုပ်လေးကို ဖြဲပြီး ယူလိုက်တယ်။ အဲ့တာက ဆရာဟူ ရုံကျင်းအတွက် ယူပေးထားတဲ့လူရွေးပွဲပဲ။

'' သူကမင်းအကြောင်း မကြာခဏ ပြောလေ့ရှိတယ်။ မင်းကလိမ္မာတဲ့ကလေးပဲ။
ဘွဲ့ရပြီးတာတောင် သူ့ကိုလာတွေ့နေတုန်းပဲ။ မင်းအတန်းက ကျောင်းသားအများစုက အလုပ်အကိုင်တွေ ရှိနေကြပြီ။ သူကပြောသေးတယ်မင်းသာ ဒီကိုထပ်လာအုံးမယ်ဆိုရင် အဲ့ဒါက မင်းလက်မလျော့သေးဘူးဆိုတဲ့ အဓိပ္ပါယ်တဲ့လေ။ ဒါက အခွင့်အရေးကောင်းပဲ။ ထပ်ပြီး လက်မလွှတ်နဲ့တော့ ''

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now