Chapter 37.1

1.7K 307 11
                                    

Unicode

Ch-37.1

ဓာတ်ငွေ့မျက်နှာဖုံးကြီးကိုမြင်လိုက်ပြီးတဲ့နောက် ကုရှီမျက်လွှာချလိုက်ပြီး သူ့ရဲ့မျက်တောင်တွေက လေတိုက်ခံရသည့်သစ်ရွက်ခြောက်တွေကဲ့သို့ တဖျတ်ဖျတ်လှုပ်နေ၏။ ရုံကျင်းနဲ့မတော်တဆတွေ့ဆုံပြီးကတည်းက ရုံကျင်းကအမြဲတမ်းတိတ်ဆိတ်နေတတ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့သည်။ ဘယ်လိုပြောရမလဲ...သည်းညည်းခံပြီးနှိမ့်ချတတ်တဲ့ပုံစံပေါ့။ မျက်နှာပူတာဖြစ်ရမယ်... ရှက်နေတာလည်းဖြစ်နိုင်သည်။

ရုံကျင်းကသူ့ထက်အသက်ငယ်တယ် ၊ပြီးတော့ သူကရုံကျင်းအတွက်စီနီယာဖြစ်ပေးရမယ်ဆိုပေမယ့် ဒီလူငယ်ကသူ့ရဲ့ရှက်စရာကောင်းတဲ့အ​ခြေအနေအများကြီးကို မြင်ဖူးပြီးသွားပြီ။ ဒီလူရှေ့မှာသူ့ဂုဏ်သိက္ခာကိုဘယ်လိုပြန်အဖတ်ဆည်ရမလဲတောင် သူမသိတော့ဘူး။

ဒီအဖြစ်အပျက်ကြောင့်အရှက်တရားရဲ့အရေးကြီးတဲ့အချက်တွေကို သူလုံးဝစည်းကျော်ပစ်မိသွားပြီ။ သူ့ခန္ဓာကိုယ်ကိုဖုံးထားရင်တောင်မှ မျက်နှာမပြဝံ့တော့ဘူး။

ကုရှီရွဲ့တဲ့တဲ့အပြုံးမျိုးပြုံးလိုက်၏ 'ရုံကျင်းကငါ့ကိုစိတ်ဝင်စားစရာအကြောင်းမှမရှိတာ။
ဓာတ်ငွေ့မျက်နှာဖုံးကြီးတောင်ဝတ်လိုက်သေးတယ်။ သူဂရုမစိုက်ဘူးဆိုတာ ငါသိပေမဲ့ ရုံကျင်းကတော့ဒီမှာဆက်ရှိနေပေးတုန်းပဲ။'

ရုံကျင်းရေချိုးခန်းကိုပြန်သွားတော့မယ့်အချိန်မှာ သေသေချာချာနဲ့အသင့်ပြင်ဆင်သွားသည်။ ကုရှီရဲ့ပုံရိပ်ကိုတစ်ချက်သာကြည့်ပြီး ရေချိုးခန်းထဲဝင်သွားတဲ့တစ်လျှောက်လုံးကို မျက်လုံးမှိတ်ထားခဲ့သည်။ အဲ့နောက်ကုရှီကိုစောင်ဖြင့်ပိုးတုံးလုံးကဲ့သို့ရစ်ပတ်ပစ်လိုက်သည်။

ကုရှီရေချိုးခန်းကြမ်းပြင်မှာအချိန်အကြာကြီးထိုင်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးရေခဲအလားအေးစက်နေ၏။ နူးညံ့အိစက်ပြီးနွေးထွေးတဲ့စောင်နဲ့တင်းတင်းကျပ်ကျပ်ထွေးပွေ့ခံလိုက်ရတာတောင် ကုရှီမှာအနည်းငယ်တုံ့ပြန်မှုမဲ့နေသေးသည်။

ရုံကျင်းသူ့ကိုကူရှင်ပါသည့်ကုလားထိုင်ခုံပေါ်
ဖြည်းဖြည်းချင်းချပေးသည်။ အနှီလူမှာ ရုန်းကန်ခြင်းအလျဥ်းမရှိ... အသံတစ်သံမှမထွက်ဘဲ လိမ္မာသောရုပ်သေးရုပ်ကဲ့သို့ပင်။
အမှန်တော့ရုံကျင်းကတော့ထူးဆန်းသလိုခံစားရသည်။ ကုရှီရဲ့အပြုအမူကသူ့ကိုတကယ်ယုံကြည်ထားတဲ့ပုံပေါ်သည်။

Hold On,You're Something Else [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang