Chapter 39.1

1.5K 287 9
                                    

Unicode

Ch-39.1

ကားထဲတွင်ဝူဟန်ချီသည်မျက်လုံးတွေမှိတ်လျက် အပြင်ဘက်ရှိမိုးရွာသံကိုနားထောင်နေသည်။ တဂျိန်းဂျိန်းဖြင့်မိုးခြိမ်းသံတွေထွက်ပေါ်အပြီးတွင် သူရဲ့လက်ချောင်းတွေကိုစည်းချက်ကျကျ တတောက်တောက်ဖြင့်ခေါက်လိုက်၏။

ခုနကလေးတင် ပိုင်စန်းနည်းပညာရဲ့အထွေထွေမန်နေဂျာကသူ့ဆီဖုန်းဆက်ပြီး လုပ်ငန်းတိုးတက်မှုအခြေအနေကိုတင်ပြခဲ့သည်။ တင်ပြမှုအပြီးမှာ သူအတော်လေးမျက်စိကျနေခဲ့သည့်ပရောဂျက်တစ်ခုကို ရှဲအိမ်ကအငယ်ဆုံးသခင်လေးက ကြားကနေဖြတ်လုသွားတယ်ဆိုတဲ့အကြောင်းကိုပြောသည်။

ထိုအချိန်၌ ရာသီဥတုကရုတ်ခြည်းသိသိသာသာကိုပြောင်းလဲသွားသည်။ ခုနကတင်ကြည်လင်နေသည့်မိုးကောင်းကင်က ရုတ်တရတ်ဆိုသလိုတိမ်မည်းတိမ်စိုင်တွေဖုံးလွှမ်းလာခဲ့သည်။ အချိန်အကူးအပြောင်းကစက္ကန့်အနည်းငယ်သာကြာသည်။ ရာသီဥတုရုတ်ချည်းပြောင်းလဲမှုက မိုးလေဝသပညာရပ်ရှုထောင့်ကနေကြည့်လျှင် ထူးဆန်းတဲ့ဖြစ်စဥ်တစ်ခုပဲ။ ၎င်းသည်ရှေးခေတ်ဇာတ်လမ်းကားတွေထဲမှာ ဖော်ပြကြလေ့ရှိတဲ့မူမမှန်တဲ့ဖြစ်စဥ်လိုမျိုးပဲ ၊ဥပမာ... နွေခေါင်ခေါင်တွင်နှင်းကျခြင်း။

ဒါပေါ့ 'လုယူတယ်'ဆိုတဲ့အသုံးအနှုန်းက
အထွေထွေမန်နေဂျာရဲ့ပါးစပ်ကနေထွက်လာတယ်ဆိုတော့ ပုံမှန်မဟုတ်ဘူးပဲ။ ဘာကြောင့်လဲဆိုတော့များသောအားဖြင့် ပိုင်စန်းကုမ္ပဏီကပဲ တခြားသူတွေရဲ့နယ်မြေကိုဆာလောင်နေတဲ့ဝံပုလွေလိုမျိုး အသေဖြတ်လုနေကျလေ။ ဘယ်သူကပဲအရင်တွေ့လို့ဦးထားပါစေ သူတို့မျက်စိကျသွားရင် အဲ့ဒီဟာကသူတို့ပိုင်စန်းကုမ္ပဏီရဲ့ဟာပဲ။

သို့ပေမဲ့ ဒီတစ်ကြိမ်တော့ပြောင်းပြန်ဖြစ်သွားသည်။ စျေးနှုန်းသက်သက်သာသာနဲ့ အနာဂတ်မှာအောင်မြင်ဖို့အလားအလာရှိတဲ့ပရောဂျက်ကိုသူရနိုင်ရဲ့သားနဲ့ တခြားသူကအရင်ရသွားတော့ အထွေထွေမန်နေဂျာစိတ်မညစ်ဘဲဘယ်နေပါ့မလဲ? အထွေထွေမန်နေဂျာကတော့ အဲ့ဒီချိုးရှန်ဆိုတဲ့လူကအမြတ်အစွန်းဆိုတာ ဘာမှန်းသေချာမသိတဲ့ငတုံးငအတစ်ယောက်လို့ပဲထင်နေသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now