Unicode
Ch-38.1
ယခုအချိန်၌ ရှဲလင်းနှင့်ရုံကျင်းတို့နှစ်ယောက်စလုံးမှာ တခြားကမ္ဘာကနေလာတဲ့ဂြိုလ်သားတွေကဲ့သို့ ဒီကမ္ဘာကြီးနှင့်မသက်ဆိုင်သလိုမျိုးခံစားနေရသည်။ sex အကြောင်းတွေသာပြောစရာမလိုတော့ရင် အခုဘဝကြီးကပိုလို့တောင်သာယာသွားမှာမဟုတ်ဘူးလား?
တစ်ခဏခန့်တိတ်ဆိတ်သွားပြီးတဲ့နောက် ရှဲလင်းသည်သူတက်ရမယ့်အစည်းအဝေးရှိသေးတာကိုသတိရသွားသည်။ မသွားခင်မှာသူ့ညီလေးကိုပြောလိုက်သည်။ '' မင်းတကယ်ကြီးဟိုကုမ္ပဏီကိုစာချုပ်သွားချုပ်လိုက်တယ်ဆို... အဲ့ကုမ္ပဏီကအခုတစ်ခေါက်စာချုပ်ချုပ်မယ့်ကိစ္စတောင်ပျက်လုနီးပါးဖြစ်သွားတာ။ မင်းသူတို့ကိုအရမ်းအကောင်းမြင်နေတာမဟုတ်ဘူးလား? ''
ရှဲလင်းရဲ့သဘောထားကတော့ အဲ့ဒီကုမ္ပဏီလေးက သူ့ညီလေးအာရုံစိုက်ရလောက်တဲ့အထိမတန်ဘူးလို့ထင်နေသည်။ သူတို့တင်ဆက်ပြတဲ့ app တွေလိုမျိုးကအများကြီးရှိနှင့်နေပြီ။ လတ်တလောမှာ အဲ့ဒီကဏ္ဍနဲ့ပတ်သက်တဲ့စျေးကွက်က အတော်လေးကျယ်ပြန့်နေတာ။ အဲ့ဒီစျေးကွက်ကိုထိုးဖောက်ဖို့ကြိုးစားနေတာကခက်ခဲသည်။
ရှဲလင်းကတော့အဲ့လောက်စျေးကွက်အများကြီးကိုတစ်ခါတည်းတာဝန်ယူဖို့ကမဖြစ်နိုင်ဘူးလို့ထင်တာကြောင့် တခြားသူတွေရဲ့စိတ်ကူးစိတ်သန်းတွေထက် သူတို့ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာပဲ ဖြည်းဖြည်းနှင့်မှန်မှန်အာရုံစိုက်ထားသည်။
ဒါပေမယ့် သူ့ညီလေးကစိတ်ဝင်စားတယ်ဆိုတော့လည်း သူဘာမှမတတ်နိုင်ဘူး။ အဲ့လောက်ပိုက်ဆံလေးသုံးရုံနဲ့ ရုံကျင်းပျော်တယ်ဆိုရင် သူမလုပ်နိုင်စရာဘာအကြောင်းမှမရှိဘူးလေ။ အခုရုံကျင်းကအရမ်းပျော်နေရင်ပြီးတာပဲ။
Fun TV နဲ့စာချုပ်ချုပ်ဆိုဖို့ကိစ္စက တစ်ပတ်နီးပါးကြာသွားခဲ့သည်။ ရုံကျင်းခန့်မှန်းထားသည့်အတိုင်း ဝတ္ထုဇာတ်ကြောင်းကိုသူသိထားရုံနှင့်တင် အရာအားလုံးကအဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်မသွားခဲ့ပေ။
သူကြိုတင်စီစစ်ပြီးရွေးချယ်ခဲ့သည့်တခြားကုမ္ပဏီတွေကလည်း မထင်မှတ်ထားတဲ့ပြဿနာအသေးစားတွေပေါ်လာခဲ့သော်ငြား အများစုကိုသူဖြေရှင်းနိုင်သည်။ Fun TV ဘက်ပဲပြဿနာတက်နေတာ... အကြောင်းမှာ ဝူမိသားစုရောက်လာသောကြောင့်ပင်။
YOU ARE READING
Hold On,You're Something Else [Myanmar Translation]
RomanceOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...