Chapter 5.2

3.2K 568 10
                                    

Unicode

Ch-5.2 အင်းပါ ငါနားလည်ပါတယ်

ရုံကျင်း ATM စက်ဆီသွားပြီး သူ့ကဒ်တွေကို စစ်လိုက်တယ်။ ရှဲလင်းက သူ့စကားအတိုင်း တကယ်ဖြစ်တာပဲ။ သူ့ကဒ်တွေအားလုံး ပြန်ပွင့်နေပြီ။

အချို့ကိုသူ့ပထွေးပေးထားတာဖြစ်ပြီး တချို့က ရှဲလင်းဆီကရထားတာ။ မူလပိုင်ရှင်ရဲ့အမေကရော? သူက သူ့ဘဝတောင်မထိန်းချုပ်နိုင်တဲ့ဟာ သူ့သားကိုပေးဖို့အပိုငွေရှိမှာ မဟုတ်ဘူး။

မူလပိုင်ရှင်မှာလဲသူ့ကိုယ်ပိုင်ကဒ်ရှိတယ်။ အဲ့တာက သူအချိန်ပိုင်းအလုပ်တွေလုပ်ရင်း လုပ်ထားတာဖြစ်ပြီး သူစရိတ်အတွက် သုံးလေ့ရှိတယ်။

မူလပိုင်ရှင်က ဆင်းရဲသလိုဟန်ဆောင်တာလဲ မဟုတ်သလို ရှဲမိသားစုကိုအတိုက်အခံလုပ်
နေတာလဲမဟုတ်ဘူး။ သူလက်ခံခံ မခံခံ သူကအခု ရှဲမိသားစုရဲ့သခင်လေးဖြစ်နေပြီ ဆိုတာသူသိတယ်။ ဒီတိုင်း ဆင်းရဲခက်ခဲစွာ နေခဲ့ရတဲ့သူ့ဘဝမှတ်ဥာဏ်တွေက ရင်ထဲမှာ အမြစ်တွယ်နေပြီ။ သူရဲ့ပိုက်ဆံစုတတ်တဲ့ အကျင့်ကိုပြင်လို့မရတော့ဘူး။

ရုံကျင်းပိုက်ဆံနည်းနည်းယူလိုက်ပြီး သူ့အကြွေးအချို့ကို ဆပ်လိုက်တယ်။

ယောကျာ်းလေးအများစုလိုပဲ သူလဲစျေးဝယ် တာကိုသိပ်စိတ်မဝင်စားတာမလို့ သူသိတဲ့
trend ဖြစ်တဲ့ဆိုင်တချို့ကိုဝင်ပြီး suit တစုံနဲ့ ပုံမှန်ဝတ်စုံတစုံ ဝယ်လိုက်တယ်။ တခုက အိမ်နေရင်းဝတ်ဖို့ဖြစ်ပြီး နောက်တခုကတော့ ပွဲတက်ဖို့အတွက်ဖြစ်တယ်။

ဇိမ်ခံတံဆိပ်တွေနဲ့ကွဲပြားစွာ trend ဖြစ်တဲ့ ဟာတွေက အထည်တွေရဲ့အရည်အသွေးကို အာရုံမစိုက်ပေမဲ့ ကြည့်လိုက်ရင်တော့ အရမ်းဖက်ရှင်ကျတယ်။ ဒါ့အပြင် စျေးနှုန်းလဲသင့်တာမလို့ ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ။

ပြီးတာနဲ့ သူဖျန်းဆေးဝယ်ဖို့ Watsons ကို ပြန်သွားလိုက်တယ်။ အရောင်းဝန်ထမ်းလေး
ကကိုလူချောပြန်လာတာကို တွေ့တော့ စိတ်အားထက်သန်စွာ သူ့ကိုတခြားရနံ့တွေ ကူရွေးပေးတယ်။ ရုံကျင်းစမ်းတာ ငါးခုမြောက်ရှိသွားတဲ့အခါမှာတော့ သူ့အနံ့ခံစွမ်းရည်ပျောက်သွားပြီလို့ သူခံစားရတယ်။

Hold On,You're Something Else [Myanmar Translation]حيث تعيش القصص. اكتشف الآن