Chapter 16.1

3K 566 9
                                    

Ch-16.1 ဒါကရိုးရှင်းတဲ့ ဝိညာဥ်ကူးပြောင်းတာလို့ ငါကထင်နေတာ

ငါ့ညီကိုကြိုးတုပ်ချင်ရင် ငါ့ကိုအရင် ကျော်သွားမှရမယ်

ရှဲလင်းနောက်က လိုက်လာတဲ့ကျိုးရှန်က ဒီစကားကိုတနေရာရာမှာ ကြားဖူးနေသလိုပဲဆိုပြီး တွေးနေတယ်။ ကံကောင်းစွာနဲ့ အဲ့ဒါက သူ့အတွေးသက်သက်ပဲ။

ဒါက သူရဲ့ဘော့စ်ရှဲပဲ ဘော့စ်ရှဲက ဘယ်လိုလုပ် ဒီလိုမဟုတ်မဟတ်တွေကို စိတ်လိုက်မာန်ပါပြောမှာလဲ?

ရှဲလင်းရဲ့ပုံစံက အရင်လိုပဲ သူများတွေကို နည်းနည်း​လေးတောင် မျက်နှာသာမပေးဘဲ လုံးဝကိုဂရုမစိုက်တတ်တဲ့ အေးစက် ခေါင်းမာပြီး ကျောက်တုံးမျက်နှာထား ဖြစ်နေဆဲပဲ။ ဒါပေမဲ့ သူရဲ့ပုံမှန်သပ်ရပ်နေတဲ့ ဆံပင်တွေက ရှုပ်ပွနေပြီးတော့ သူ့အကြည့်တွေက သိပ်ပြီးစိတ်မရှည်တဲ့ပုံ ပေါ်နေတယ်။

ဒီလိုမျိုး သူ့ပုံမှန်ပုံစံကနေ ကွဲထွက်နေတဲ့ အချက်သေးသေးလေးကို ကြည့်ရုံနဲ့တင် သူအလောတကြီးလာခဲ့တယ်ဆိုတာကို မှန်းဆလို့ရတယ်။

ရှဲလင်းက ကျိုးရှန်ရဲ့အစီရင်ခံတာကို စောင့်နေပေမဲ့ ဘာသတင်းမှမကြားရဘူး။ လူတွေအများကြီးနဲ့ စကားပြောနေတဲ့ အလယ်မှာပဲ သူဖုန်းကို တချက်တချက် ကြည့်နေခဲ့တယ်။ အဲ့နောက်မှာ ရုတ်တရက် သူကျိုးရှန်ဆီက စာဝင်လာတယ်:  ဘော့စ်ရှဲ သခင်လေးက ဝူဖူယွီကို ရေကန်ထဲ ပစ်ချလိုက်တယ်

ဒါမဲ့ ဝူဖူယွီက ဘယ်သူမလို့လဲ? သူက ဒုတိယမျိုးဆက်သူဌေးအသိုင်းအဝိုင်းထဲမှာ နာမည်ကြီးနေပြီး အင်တာနက်ပေါ်မှာလဲ အမြဲတမ်း trending ဖြစ်နေတဲ့သူ။ သူက မိန်းကလေးသရုပ်ဆောင်တွေ တခြားနာမည်ကြီးတဲ့သူတွေကို အမြဲတမ်း တ​ယောက်ပြီးတယောက် ပြောင်းနေတာ။ သူ့ကို မိန်းကလေး Omega တွေကိုပဲကြိုက်တဲ့ ဆန်ကုန်မြေလေးဆိုပြီး သိကြတယ်။

သူ့မိသားစုနောက်ကြောင်းကို စုံစမ်းကြည့်ရင်လဲ သူက ဝူမိသားစုရဲ့ တဦးတည်းသော ဆက်ခံသူဖြစ်နေသေး တယ်။

ဒုတိယသူဌေးမျိုးဆက် ကလေးအများစုက ရန်လိုပြီးရိုင်းကြတယ်။ သူတို့အစော်ကားခံလိုက်ရရင် အဲ့တာက မကျေနပ်ချက်သေးသေးလေး ဖြစ်နေရင်တောင်မှ သူတို့က ချက်ချင်းလက်စားချေကြမှာပဲ။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now