Chapter 10.2

2.7K 545 8
                                    

Unicode

Ch-10.2 အသံကတော့ ပိုပြီးအစစ်နဲ့တူတယ်

ပထမမေးခွန်းကတော့ ကုရှီရဲ့လတ်တလော ထွက်ရှိထားတဲ့ရုပ်ရှင် <Lou Ta's 365 Days> အကြောင်းဖြစ်တယ်။ ကုရှီဆိုတဲ့ နာမည်အပြင် အဲ့ရုပ်ရှင်ကိုလဲ ရုံကျင်းသဘောကျတာမလို့ လိုက်နားထောင်မိတယ်။

မိန်းကလေးတယောက်ကမေးတယ်
'' အမှန်အတိုင်းပြောရရင် ကျွန်မ  ရုပ်ရှင်သွားကြည့်တုန်းက အများကြီး မမျှော်လင့်ထားဘူး။ ကုရှီကြောင့်သာ သွားကြည့်ခဲ့တာ ''

သူပြောလိုက်တာကြောင့် ကုရှီများ စိတ်ဆိုးသွားလားဆိုပြီး မိန်းကလေးက ကုရှီကိုသေချာတချက်ကြည့်လိုက်တော့ ကုရှီက သူ့ကိုပြုံးပြနေတာကို တွေ့လိုက်ရတယ်။ သူမတတ်နိုင်ဘဲ မျက်နှာအနည်းငယ် နီရဲသွားတယ်။

ကုရှီက အကနဲ့အဆိုပဲလုပ်နိုင်တဲ့ အိုင်ဒေါအဖြစ် ပွဲဦးထွက်ခဲ့မှန်း လူတိုင်းသိတယ်။ သူရဲ့သရုပ်ဆောင်စွမ်းရည် ကို အများကြီး မ​မျှော့်လင့်ထားကြဘူး။ သို့ပေမဲ့ တကယ်တော့ သူကသရုပ်ဆောင် အရမ်းကောင်းနေတာကို သိလိုက်ရတော့ အားလုံးအံအားသင့်သွားကြတယ်။ ထိုမိန်းကလေးက fan ဆိုတာ လူအုပ်ကြီးက သိပေမဲ့လဲ သူပြောတဲ့ဟာကိုတော့ သူတို့ထောက်ခံကြတယ်။

'' ဒါပေမဲ့ မင်းက ငါ့ကိုအရမ်းအံအားသင့် စေခဲ့တယ်။ ငါရုပ်ရှင်ရုံထဲကနေ ငိုရင်းထွက်လာခဲ့ရတာ... ရက်အတော်ကြာအထိ ငါအဲ့ရုပ်ရှင်ကို မဖြေသိမ့်နိုင်ခဲ့ဘူး။ ရုပ်ရှင်ရဲ့ ရိုက်ကွင်းနောက်ကွယ်ကအပိုင်းတွေကိုလဲ ငါကြည့်ခဲ့ပြီးတော့ မင်းရဲ့ဒဏ်ရာ တော်တော်များများက အစစ်တွေဆိုတာ သိလိုက်ရတယ်။ ရုပ်ရှင်ကလဲ အနုတ် 30°C ရှိတဲ့ဟာအာပင်းမှာ ရိုက်ခဲ့တာ။ အဲ့အချိန်တုန်းက အေးလွန်းလို့ နင့်ခြေထောက်တွေတောင် ခရမ်းရောင် ပြောင်းနေပြီ။ နောက်ကျတော့မှ နင်နှင်းကိုက်နာခံစားရပြီး အချိန်ပိုင်းလောက် ဆေးရုံတင်လိုက်ရတယ်ဆိုတာ ပေါ်လာတာလေ ငါမေးချင်တာက ဘယ်အရာက နင်ရှေ့ဆက်လျှောက်ဖို့ တွန်းအားဖြစ်စေခဲ့တာလဲ? နင်နောက်ထပ် ဘယ်တော့မှဆက်မလုပ်နိုင်တော့မှာကို မကြောက်ဖူးလား? ''
[ဟာအာပင်း =တရုတ်နိုင်ငံ မြောက်ပိုင်းစွန်းမှာရှိတဲ့ ဟေလုံကျန်းရဲ့ မြို့တော်]

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now