Chapter 26.2

2.3K 458 18
                                    

Unicode

Ch-26.2 အကယ်၍ ငါသာရုံကျင်းနဲ့ ရေထဲတူတူကျသွားရင် မင်းဘယ်သူ့ကိုကယ်မှာလဲ

'' မင်းနာမည်ဘယ်လိုခေါ်လဲ '' ရုံကျင်း သူ့ဖုန်းကို ဖွင့်ကာ မှတ်စုမှတ်ဖို့ လုပ်လိုက်သည်။

'' ကျွန်...ကျွန်တော့် နာမည်က စုရှီးပါ။ 
စုစုလို့လည်း ခေါ်လို့ရပါတယ်။ ကျွန်တော် ခုနက လုပ်ခဲ့တဲ့ကိစ္စအတွက်အနူးအညွတ် တောင်းပန်ပါတယ် '' 
သူက ဟိုလိုနှာဘူးမျိုးလို့ ရုံကျင်း ထင်သွားတာစိုးလို့ အလျင်အမြန် ရှင်းပြလိုက်သည် '' တကယ်တော့ ကျွန်တော်က ရုပ်ရှင်အကယ်ဒမီက ပထမနှစ်ကျောင်းသားပါ။ မရှင်းမလင်း နောက်ခံရှိတဲ့သူမျိုး မဟုတ်ပါဘူး ''.

'' အင်းပါ... ရှောင်ရှီး '' ငါသူ့လို ယောကျာ်းတစ်ယောက်ကိုတော့ စုစုလို့ ချစ်စရာနဲ့မခေါ်ချင်ပါဘူး... နိုးပါ...။

သူဒီကိစ္စကို ဖိအားပေးခံရလို့ လုပ်တာလား ဒါမှမဟုတ် ကျောင်းသားမလို့ လုပ်တာလားဆိုပြီး ရုံကျင်း တွေးမိသည်။ အပိုဝင်ငွေလေးများရအောင် လုပ်တာများလား။

Omega တွေက ရှားတယ်ဆိုသော်ငြား 
သူတို့ရဲ့ 'ကျွမ်းကျင်ပါးနပ်မှုတွေ'ကို အသုံးချတတ်တဲ့ Omega တွေကတော့ မရှားဘူး။ ဒီလိုအရာမျိုးက ဘယ်ကမ္ဘာမှာမဆို အတူတူပဲ။ လူတွေက သူတို့ရဲ့အားသာရာကို အကောင်းဆုံး အသုံးချတတ်ကြတာပဲ။

အစက ဒီကိစ္စကို ဖြေရှင်းဖို့ တော်တော်လေး ခက်လိမ့်မယ်လို့ ဟိုတယ်မန်နေဂျာက ထင်ထားခဲ့တာ... ဒါပေမယ့် သခင်လေးက ဒီ​လောက်တည်ငြိမ်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ ဒီကောင်ချောလေးရဲ့ကြံစည်နေတာကို အသုံးချလိုက်ပြီး သူ့အတွက်လည်း အဆင်ပြေစေမယ့်နည်းလမ်းနဲ့ ဖြေရှင်းလိုက်သေးသည်။

လူနာတင်ယာဥ်ရောက်လာတဲ့အခါ စုရှီးကို ထမ်းစင်ပေါ် တင်ပေးလိုက်သည်။ 
ဟိုတယ်ကပေးတဲ့ pheromone တားဆီးပေးတဲ့ ဖျန်းဆေးဘူးအချို့ကို ယူလိုက်ပြီး စုရှီးကိုတစ်ဘူးပေးလိုက်ကာ ၊ သူ့အတွက် တစ်ဘူးယူထားလိုက်သည်။ သူအခုထိ pheromone တွေရဲ့ရနံ့ကို မခံနိုင်သေးဘူး။ ထိုအရာက သူ့ကိုသားရဲတစ်ကောင်လို ပြောင်းလဲသွားအောင် ပြုလုပ်နိုင်သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now