Chapter 22.2

2.6K 462 10
                                    

Unicode

Ch-22.2

'' မင်းငါတို့နဲ့စာချုပ်ချုပ်ထားတာကို မမေ့လိုက်နဲ့။ မင်းအလုပ်ကိုပျက်ကွက်ရင် စာချုပ်ချိုးဖောက်တာပဲ ပြီးတော့ လျော်ကြေးကလဲ ဆယ်ဆပြန်ပေးရမှာ။ မင်းအိမ်ဝယ်ထားတာလဲ မကြာသေးဘူး။ လတိုင်းလတိုင်း ချေးငွေပြန်ဆပ်ဖို့ရော မင်းမှာပိုက်ဆံရှိလို့လား။ မင်းညီရဲ့ကောလိပ်အတွက် ကျောင်းစရိတ် ပေးစရာလဲ ရှိသေးတယ်မလား။ M နိုင်ငံထဲက ကျောင်းစရိတ်တွေက အရမ်းမြင့်တယ်လို့ ငါကြားထားတယ် ဟုတ်တယ်မလား။ '' အေးဂျင့် ယန်ချီက နှာရှုံ့လိုက်ပြီး *မြွေခေါင်းရဲ့အောက် ခုနှစ်လက်မကို ဘယ်လိုရိုက်ရမလဲဆိုတာ ကောင်းကောင်းသိလေသည်။
(*ကိစ္စတွေရဲ့အရေးကြီးတဲ့အချက်ကို အမိအရဆုပ်ကိုင်ရမယ် မြွေခေါင်းရဲ့အောက် ခုနှစ်လက်မက မြွေရဲ့ချက်ကောင်းပါ)

ကုရှီက လွန်ခဲ့တဲ့နှစ်အများကြီး သူတို့မိသားစု ပြဿနာတွေအများကြီး ကြုံနေခဲ့ရသည့် အချိန်မှာ စာချုပ်ချုပ်ခဲ့တာဖြစ်သည်။ သူ့ညီမလေးပျောက်သွားတယ် သူ့အဖေက တိုက်ပေါ်ကခုန်ချပြီး သေကြောင်းကြံသွားတယ် သူ့အမေက မိသားစုရဲ့နောက်ဆုံးလက်ကျန်ငွေတွေကို ယူသွားပြီး ကလေးတွေအားလုံးကို ထားရစ်ခဲ့လေသည်။

များပြားလှတဲ့အကြွေးပမာဏကို ထမ်းထားရင်း ရွေးချယ်စရာမရှိဘဲ တရားမမျှတတဲ့စာချုပ်ကို ချုပ်ခဲ့ရတယ်။ ဝင်ငွေအများစုကို ကုမ္ပဏီကယူသည် ကျန်သည့်ဟာထဲက အေးဂျင့်က ထပ်ဖဲ့ယူသည် ထိုမှကျန်သည့်ဟာက သူ့ဝင်ငွေရဲ့ဆယ်ပုံပုံ တစ်ပုံသာ ပြန်ရလေသည်။

'' မင်းအခုသဘောပေါက်ပြီလား။ မင်းသဘောပေါက်ရင် ဒီကိုအတတ်နိုင်ဆုံး မြန်မြန်လာခဲ့။ ငါမင်းအိမ်မှာစောင့်နေမယ်။
မနက်ဖြန်မနက်ကျရင် D နိုင်ငံက အဖွဲ့နဲ့အတူ မဂ္ဂဇင်းရှုတင်တစ်ခု ငါစီစဥ်ထားတယ်။ အသေးစိတ်ကို နောက်မှပြောပြမယ် ''

အေးဂျင့်ရဲ့အသံက သူ့နားထဲမှာ ဟိန်းထွက်နေသည်။ ကုရှီ ဖုန်းကိုခဏအောက်ချလိုက်ပြီး သူ့ရင်ဘတ်ကို လက်နဲ့ထိကြည့်လိုက်တယ် သူ့နှလုံးက တဒုန်ဒုန်နဲ့ မခုန်တော့ဘူးပဲ။ သူခန္ဓာကိုယ်ရဲ့ အားနည်းမှုက သူ့ heat ကို ပိုပြီးဆိုးရွားလာစေသည်။ ထိုအရာက သူ့ကိုအရာအားလုံးကို မေ့ပျောက်သွားချင်စိတ်ဖြစ်အောင် လှုံဆော်နိုင်ပြီး ဆက်ပြီးသည်းမခံနိုင်အောင် ဖန်တီးနေသည်။

Hold On,You're Something Else [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang