Chapter 21.2

2.5K 466 12
                                    

Unicode

Ch-21.2

ဒီလူဆိုးလေးကို ဖြောင့်အောင်လုပ်ပေးဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ ရှဲလင်းထင်သည်။ လမ်းကြောင်း ပြောင်းသွားတာ သိပ်မကြာသေးဘူးဆိုတော့ သူ့ကိုပြန်ခေါ်ဖို့ အချိန်ရှိသေးတယ်။ သူအခုလိုဖြစ်သွားရတဲ့အကြောင်းက အရမ်းခံစားရလွန်းလို့ဖြစ်နိုင်တယ် ဒါကြောင့် သူနဲ့မျိုးနွယ်တူကို ရှာပြီး နှစ်သိမ့်မှုကိုရှာနေတာဖြစ်ရမယ်။ ဒီဟာက ရှဲလင်း သူ့ကိုယ်သူ ဖြေသိမ့်ဖို့ ပြောနေတဲ့အရာဖြစ်သည်။

'' ကျီ '' ကျီဘာပါလိမ့်? ရှဲလင်းက ရုံကျင်းရဲ့အတန်းဖော်နာမည်ကို မေ့တောင်သွားပြီ။

'' ကျီလဲ့ပင်းပါ '' ကျီလဲ့ပင်း ချက်ချင်း ပြန်ဖြေလိုက်သည်။

'' အာ ဟုတ်ပြီ မင်းလုပ်ပေးရမှာက
သူ့ကိုစောင့်ကြည့်ပေးဖို့ပဲ။ သူ Alpha တစ်ယောက်နားကို ကပ်တဲ့အခါပဲဖြစ်ဖြစ် ဒါမှမဟုတ် Alpha က သူ့ကို ပိုးပန်းနေတာမျိုးရှိရင် ချက်ချင်း ငါ့ကို သတင်းပို့ရမယ်။ လိုအပ်ရင် အခြေအနေတွေ အဆင့်မတက်အောင် တားပေးရမယ် '' ရှဲလင်းကတော့ ပြဿနာရဲ့အဓိက အရင်းအမြစ်ကို ဖြေရှင်းဖို့ဆုံးဖြတ်ပြီးသွားပြီ။

ကျီလဲ့ပင်းကတော့ အဲ့ကိစ္စကို သိပ်သဘောမကျပေ '' ဒါပေမဲ့...ဒီဟာက
သူ့ကို စောင့်ကြည့်နေသလို ဖြစ်သွားမှာပေါ့ ''

တကယ်လို့ ရုံကျင်းသာ ဒါကိုသိသွားရင် ဘယ်သူ့ကိုအရင်သတ်မလဲ သူ့အစ်ကိုလား သူလား?

ရှဲလင်းကပြောသည် '' ယွမ်သန်းတစ်ရာထက် မနည်းတဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ဇာတ်ကားထဲမှာ အမျိုးသားဇာတ်ပို့ ဇာတ်ကောင် ဒါမှမဟုတ် အဲ့ဒါထက်မြင့်တဲ့ဇာတ်ကောင်လဲရတယ် ''

ကျီလဲ့ပင်း တုန်လှုပ်သွားသည်။ သူက ကျီမိသားစုရဲ့ဆွေမျိုးတော်စပ်တဲ့ မိသားစုကသာဖြစ်ပြီး သူရဲ့ကျီမိသားစုကလဲ အခုမှ အနုပညာလောကကို စမ်းသပ်နေတုန်းပဲရှိသေးသည်။ သူ့ကို အရေးပါတဲ့ဇာတ်ကောင်တွေ ပေးမှာမဟုတ်ဘူး။

ရှဲလင်း ဆက်ပြောသည်
'' တီဗီကြော်ငြာတစ်ခုပါ ထပ်ပေါင်းလိုက် အဓိကလူ ဒါမှမဟုတ် အရံလူ ကြိုက်တာလုပ်လို့ရတယ် ''

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now