Chapter 23.2

2.4K 451 19
                                    

Unicode

Ch-23.2 Beep-

ကုရှီလိုမျိုး ဇာတ်လိုက်တစ်ယောက်ကို
ရန်မစသင့်ဘူး။ သူလုံးဝသွားပြီး ရန်စလို့မဖြစ်ဘူး။

ဆေးကြောပြီးတဲ့နောက်မှာ ရုံကျင်း အိပ်ရာပေါ်မှာ ခြေချိတ်ထိုင်လိုက်ကာ
မူလဇာတ်လမ်းထဲက သူနဲ့ရှဲလင်းတို့ရဲ့အခြေအနေကို မှတ်မိလာအောင် ကြိုးစားနေရင်း ဘာလို့များ သူ့အတွေးတွေက မကြာခဏရှုပ်ထွေးပြီး မရေမရာဖြစ်နေပါ့လိမ်ဆိုပြီး တွေးနေမိသည်။

သူ့ဦးနှောက်ထဲက တချို့အတားအဆီးတွေ ပျောက်သွားပြီဆိုတာတောင် ဝတ္ထုရဲ့အချို့အရေးကြီးတဲ့အချက်တွေကို သူသေသေချာချာ မမှတ်မိဘူး... အကြောင်းက သူဝတ္ထုကို တစ်ခေါက်ပဲဖတ်ထားရသေးတာ ပြီးတော့ အဲ့ဒါကအဆုံးထိမဖတ်ရသေးဘူး။

ရှဲမိသားစုမှာ ရှဲကျီရှန်ဆိုတဲ့ ဒုတိယသားတစ်ယောက်ရှိသေးတာကို သူမှတ်မိသည်။ ဒါပေမဲ့ ထိုသူရဲ့မွေးဖွားမှုက ကြီးကြီးမားမားအလေးထားခံရတာမျိုးမရှိဘူး။

ရှဲကျန်းဟုန်မှာ ဇနီးသုံးယောက်ရှိပြီး
ရှုဲလင်းရဲ့အမေက ပထမတစ်ယောက် ဖြစ်သည်။ ရှဲလင်းရဲ့မွေးဖွားမှုက အားလုံးကလက်သင့်ခံ၊ အသိအမှတ်ပြုကြသည့်မွေးဖွားမှုမျိုးပင်။
သူ ကလေးဘဝကတည်းက ရှဲမျိုးနွယ်၏ဆက်ခံသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထိုအချင်းအရာက ရှဲလင်း၏အဖိုး ကျန်းမာရေးကောင်းသည့် အချိန်တုန်းက ဆုံးဖြတ်ခဲ့တာ။
ထိုအဖိုးကြီးက တခါတုန်းက ပြောခဲ့သေးသည် ရှဲကျန်းဟုန်တစ်ယောက်က မိန်းမတွေကြောင့် ပျက်စီးစုတ်ပြတ်သွားနိုင်သည့်ကံပါလာတယ်
...သူ့ကိုသာ ရှဲမိသားစုစီးပွားရေးကို လက်လွှဲလိုက်ရင် အားလုံးကုန်သွားမှာ ဒါကြောင့် ရှဲလင်းကို စောစောစီးစီး ဆက်ခံသူအဖြစ် ဆုံးဖြတ်ခဲ့သည်။

သို့ပေမဲ့ အဲ့အချိန်မှာ ရှဲကျန်းဟုန်က ကျီမိသားစုက မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်သည် ဒါ့အပြင် ထိုမိန်းမက ယောကျာ်းငုတ်တုတ်ကြီး ရှိနေသေးသည်။ နှစ်ဖက်ချွန် အိမ်ထောင်ရေးဖောက်ပြန်တာ ရှဲလင်းရဲ့အမေဟာ ဒေါသထွက်လွန်းလို့ သေဆုံးသွားခဲ့သည်။ အသုဘချအပြီး သုံးလအကြာမှာ ရှဲကျန်းဟုန်က ကျီမိသားစုက မိန်းမနှင့်လက်ထပ်ခဲ့သည်။ ဒါပေမဲ့ အချိန်ကောင်းတွေက သိပ်ကြာကြာမခံခဲ့ပါဘူး။ ထိုအမျိုးသမီးက ယာဥ်မတော်တဆဖြစ်ပြီး ဆုံးသွားကာ ငယ်ရွယ်သေးသည့် ကျီရှန်ကို တစ်ယောက်တည်းထားခဲ့လေသည်။ ကျီမိသားစုက ကျီရှန်ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ အမေဆုံးရှုံးလိုက်ရတာကို သနားပြီး မကြာခဏဆိုသလို သူ့အမေဘက်က အဖိုးအဘွားအိမ်ကို ခေါ်ခေါ်သွားလေ့ရှိသည်။ ထိုအတွက်ကြောင့် သူက ရှဲမိသားစုနဲ့ သိပ်ပြီးရင်းရင်းနှီးနှီးမရှိခဲ့ဘူး။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now