Chapter 11.3

2.7K 518 10
                                    

Unicode

Ch-11.3 လာမမေးနဲ့ ဒါသူ့အလိုလို သိနေတာ

ပြတင်းပေါက်နားမှာ ရပ်နေတဲ့ကုရှီရဲ့ပုံရိပ်က
နေရောင်ရဲ့ရွှေရောင် အလင်းတန်းတွေကြားမှာ ရွှန်းလက်တောက်ပနေတယ်။ သူ့မျက်လုံးတွေက ဖန်သားလို ကြည်လင်နေတယ်။ ရွှမ်ကျားရွှေ့ ရောက်လာတဲ့အချိန်မှာ အဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။ သူ့နှလုံးသားကတော့ မလှုပ်မယှက်ဖြစ်နေတဲ့ ဖန်သား အလှလေးကြောင့် လျင်မြန်စွာ လှုပ်ရှားသွားတယ်။

'' ကုရှီ မင်းငါ့ကို ရှာနေတာမလား... '' ရွှမ်ကျားရွှေ့ ကုရှီကို တပ်မက်စွာ ကြည့်ရင်း မေးလိုက်တယ်။

ကုရှီအသိပြန်ဝင်လာပြီး အလုပ်ကြိုးစားတဲ့ ပုံစံကို ပြန်ရောက်သွားတယ်။ ရွှမ်ကျားရွှေ့ရဲ့ တွယ်ကပ်နေတဲ့အကြည့်ကို ခံစားမိတော့ သူမျက်မှောင်ကြုတ်လိုက်ပေမဲ့ ချက်ချင်း ပျောက်ကွယ်သွားတယ်။

ဒါက ငါသက်သက်မဲ့ စိတ်ထင်နေတာ မဟုတ်ဘူး သူက တကယ်ကြီး ကြောက်စရာကောင်းနေတာ! အို...ကုရှီ မင်း လူတွေကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ။

'' မင်းဒီနေ့လာတုန်းက မြေအောက်ရထားကို စီးဖြစ်လား? ''

'' မင်းဘယ်လိုသိတာလဲ? ဒီနေ့ ငါ့ကား ပျက်သွားတယ်။ အဲ့ဒါနဲ့ ငါနဲ့ ငါ့မန်နေဂျာက မြေအောက်ရထားစီးလာတာ '' ပြီးတော့ ငါ့ကိုမှတ်မိတော့မလိုတောင် ဖြစ်သွားသေးတယ်။ ကံကောင်းလို့ ငါအလုပ်ချိန်မှာ စီးမိလို့ ရွှမ်ကျားရွှေ့ သူ့ဘာသာ စိတ်ညစ်စွာတွေးမိတယ်။

ကုရှီခဏလောက် ရပ်လိုက်ပြီးမှ ​ထပ်မေးတယ် '' မင်းမနေ့ညက ဘယ်မှာလဲ? ''

ရွှမ်ကျားရွှေ့က မတုံးဘူး။ ကုရှီက တခုခုကို အတည်ပြုနေတာကို သူခန့်မှန်းမိတယ်။ အဲ့ဒါကြောင့် မေးခွန်းနှစ်ခုကို တစ်ဆက်တည်း မေးတာ။ ဒါပေမဲ့ သူက ကုရှီရှာနေတဲ့သူ မဟုတ်ဘူးဆိုတာ သူသိတာမလို့ မေးခွန်းကို ဝေ့လည်ကြောင်ပတ် ဖြေလိုက်တယ်။

'' မနေ့ည ရှစ်နာရီနဲ့ကိုးနာရီကြားမှာ မင်းဘယ်ရောက်နေလဲ? ''

ကုရှီကလူရှာတဲ့ကိစ္စကို အကြီးအကျယ် ဖြစ်အောင်မလုပ်ချင်ဘူး။ အကြောင်းက အဲ့လူက သန့်စင်ခန်းထဲမှာ ဖျန်းဆေးနဲ့ ဖျန်းပေးပြီးသွားတဲ့နောက်မှာ သူ့ရှေ့ကို တခါမှပေါ်မလာခဲ့တဲ့အတွက် အဲ့လူက သူ့ဆီကတခုခုလိုချင်လို့ ဒီလိုလုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ သူနားလည်လိုက်တယ်။
ဒါပေမဲ့လဲ သူ့ကူညီမှုက သူ့အတွက်တော့ အများကြီး အထောက်အပံ့ဖြစ်စေခဲ့တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now