Unicode
Ch-6.2 မင်းဘာတွေဖြစ်နေတာလဲ?
သူတို့စီမံကိန်းရဲ့အစီအစဥ်တွေကို ဆွေးနွေးပြီးတဲ့နောက်မှာ အချိန်က
တော်တော်နောက်ကျနေတာကို ရှဲလင်းတွေ့တော့ သူ့အဖွဲ့ကို သူ့နာမည်အောက်ကဟိုတယ်တခုမှာ တည်းဖို့ ပြောလိုက်တယ်။သူတို့ဆွေးနွေးတာက ညသန်းခေါင်လောက်မှ ပြီးသွားတာ။ သူ့အတွင်းရေးမှူးက သူ့ကိုစကားလုံးတချို့ တိုးတိုးကပ်ပြောသွား တဲ့နောက် သူ့မျက်ခုံးတွေ တွန့်ချိုးသွားတယ်။
'' ရှောင်ကျင်းက အရက်မူးနေတဲ့Omegaနဲ့ ဟိုတယ်ကိုရောက်လာတယ် ဟုတ်လား?
သူဘာလုပ်မလို့တွေးနေတာလဲ သူဘာလုပ်ချင်နေတာလဲ? ''ရှဲလင်းကပုံမှန်ဆို စကားများများမပြောဘူး ဒါပေမဲ့ အခုတော့ တခါထဲစကားတွေ ပွင့်ထွက်လာတယ်။
အရင်ကဖြစ်ပျက်ခဲ့တဲ့ အဲ့ကိစ္စကြောင့် သူဒီလိုလုပ်ဖို့ဖြစ်သွားတာလား? ရုံကျင်းရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်စွမ်းကို သူအထင်ကြီး
မိခဲ့တာကို ရှဲလင်းသိလိုက်တယ်။ သူကရိုးသားတဲ့ကလေးပါ အခုတော့ မူးနေတဲ့Omegaကို ဖြားယောင်းပြီး လျှောက်လုပ်နေတယ်? သူတို့ပိုင်တဲ့ဟိုတယ်ကိုတောင် ရောက်လာပုံကြည့်ရင် သူရှာတွေ့သွားမှာကို ကြောက်တောင်မကြောက်တဲ့ပုံပဲ။သူတို့ဂရုမစိုက်မိလို့ သူတို့မိသားစုကနေ အမှုမဲ့အမှတ်မဲ့ ရာဇဝတ်ကောင်ကို ပျိုးထောင်ခဲ့မိတာလား?
ဒီကိစ္စကအရမ်းကိုအရေးကြီးတာမလို့ ရှဲလင်း ဟိုတယ်မန်နေဂျာကို ချက်ချင်းဖုန်းခေါ်လိုက် တယ်။ ဖြစ်ရပ်ကိုသေချာနားထောင်ပြီးတဲ့ နောက်မှာတော့ တကယ်တော့ ရုံကျင်းက အခန်းနှစ်ခန်းယူတာကို သူသိလိုက်တယ်။ နောက်ဆုံးတော့ ရှဲလင်းသူ့ကို ဝင်ဖမ်းတော့မယ့်စိတ်ကို လျော့လိုက်တယ်။
အခန်းနံပါတ်တွေမေးပြီးတာနဲ့ သူ သူ့အဖွဲ့ကို အထပ်17ကို ခေါ်သွားပေးလိုက်တယ်။ တိတ်ဆိတ်နေတဲ့လျှောက်လမ်းတလျှောက် ရှဲလင်း ရုံကျင်းရဲ့အခန်းရှေ့မှာ တိတ်ဆိတ်စွာ ရပ်နေတယ်။ အခန်းထဲက တခုခုကြားရမလားဆိုပြီး နားထောင်ဖို့ လုပ်လိုက်ပေမဲ့ ဒီဟိုတယ်က အခန်းတွေရဲ့ အသံလုံမှုကအရမ်းကောင်းနေတာကို သူသိလိုက်တယ်။
YOU ARE READING
Hold On,You're Something Else [Myanmar Translation]
RomanceOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...