Chapter 33.1

2.3K 391 17
                                    

Unicode

Ch-33.1

အဲ့ကလေးကို သူ့အုပ်ထိန်းသူပြန်လာမခေါ်ခင် ရှဲလုပ်ငန်းစု အဆောက်အဦးထဲသို့ သူပြန်ဝင်ခဲ့သည်။ ထို့နောက် ထိုအမျိုးသားက သူရှာဖွေနေသည့် အံ့ဖွယ်အုပ်ထိန်းသူကို တွေ့လိုက်ရ၏။

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးအမျိုးသား၏နာမည်က ချိုးရှန်ဖြစ်ကာ ချောမောသည့်လူငယ်နောက်ကနေ ရှဲလုပ်ငန်းစု အဆောက်အဦး၏ ထိပ်ဆုံးအထပ်ဆီ တစ်လျှောက်လုံးလိုက်သွားသည်။ လမ်းတစ်လျှောက်မှာ ဖြတ်သွားဖြတ်လာတွေက ထိုလူငယ်ကို 'သခင်လေး' ဆိုပြီးခေါ်တာကို သူကြားခဲ့ရသည်။ အဲ့တော့မှပဲ ထိုကြီးကြီးကျယ်ကျယ်စကားတွေကို ပြောတဲ့လူငယ်က တကယ်တော့ အရမ်းကြီးမားလှသည့် နောက်ခံရှိနေမှန်း သိလိုက်ရသည်။

သူတို့တွေ ဒုဥက္ကဌရဲ့ရုံးခန်းဆီ ရောက်သွားသည်။ နေ့လည်ခင်းနေက ကောင်းကင်ထက်တွင် လင်းထိန်နေကာ ဘေးပတ်ပတ်လည်က အဆောက်အအုံတွေကို မြှင့်တက်လာသည့်အပူရှိန်နှင့်အတူ ပူလောင်နေစေ၏။ ပြတင်းပေါက်မှန်အကာတွေရဲ့အရှေ့က ထိုင်နေသည့်အမျိုးသားက လုံးဝတွန့်ရာခေါက်ရာ တစ်ခုတောင်ရှိမနေဘဲ ပြီးပြည့်စုံလှသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ၏စူးရှသည့်အကြည့်ထဲတွင် လူတွေ ကျောရိုးတစ်လျှောက်အေးစိမ့်သွားစေနိုင်သည့် အေးစက်မှုတွေပါဝင်နေ၏။

ထိုအမျိုးသားက သူကိုင်ထားသည့်ဖိုင်တွဲတွေကိုသာ ခေါင်းငုံ့ကြည့်နေသည်။ သူ့ပုံစံက
အေးစက်စက်ဖြင့် ချဥ်းကပ်ရခက်ခဲမည့်ပုံပေါ်သည်။

ရင်းနှီးချင်တယ်လို့ပြောတဲ့လူငယ်က အခုခုံမှာထိုင်နေကာ ထိုအမျိုးသားနဲ့ ရင်းရင်းနှီးနှီး စကားပြောနေသည်။

ထိုလူငယ်က စစချင်းတော့ သိပ်အရေးပါပုံမရသည့် မဟုတ်တရုတ်တွေကို တသီကြီးပြောနေလေသည်...သို့သော် ဆိုဖာပေါ်တွင် အလုပ်ရှုပ်နေသည့်အမျိုးသားကတော့ သူပြောတာကိုနားထောင်ဖို့ အလုပ်ကို ခဏလေးတောင် မရပ်ဘူး။ သူ့လက်ထဲကဖိုင်တွဲတွေကို အတည်ပြုနေတာလည်း လျင်မြန်တဲ့အပြင်
ကွန်ပျူတာဖန်သားပြင်ထက်က စတော့စျေးကွက်အခြေအနေကိုလည်း တစ်ချက်တစ်ချက်လှမ်းရှိုးနေသေးသည်။ ၎င်းပုံစံက တခြားသူတွေအဖို့ သူ့ကိုတစ်စက္ကန့်လောက်တောင် အနှောင့်အယှက်မပေးရဲလောက်သည့်အထိ အရှက်ရသွားစေသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now