Chapter 37.3

1.7K 288 9
                                    

Unicode

Ch-37.3

ရုံကျင်းအခန်းထဲကနေထွက်သွားတော့မှ
ကုရှီ၏အပြုံးကပျောက်ကွယ်သွားသည်။ သူအခန်းကိုလှည့်ပတ်ကြည့်လိုက်တော့ ပြတင်းပေါက်တွေကပိတ်ထားတယ်... သူ့ခေါင်းပေါ်ကလေဝင်လေထွက်ပေါက်တစ်ခုတည်းကသာ အလုပ်လုပ်နေသည်။

ဒီလိုဗီလာမျိုးတွေမှာလေလုံအခန်းတွေရှိတာကပုံမှန်ပဲ ၊တံခါးရဲ့ဟနေတဲ့နေရာတွေကိုတောင်အလုံပိတ်ထားသည်။ အခန်းထဲမှာရှိနေတဲ့ Alpha ဒါမှမဟုတ် Omega တွေကိုသူတို့ရဲ့ပင်ပန်းခက်ခဲတဲ့အချိန်တွေကို အမှားအယွင်းမရှိအန္တရာယ်ကင်းစွာ ဖြတ်ကျော်နိုင်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်သည်။

တားဆေးရဲ့အာနိသင်လျော့သွားတာနဲ့ သူ့ pheromone တွေကိုရုံကျင်းအနံ့ခံမိမှာကို
ကုရှီစိုးရိမ်နေစရာမလိုတော့ဘူး။

ရုံကျင်းထွက်သွားတာနှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ထဲကနာကျင်မှုက နောက်ထပ်တစ်ကြိမ်ထိုးတက်လာပြန်သည်။ ရုံကျင်းဒီမှာရှိနေတုန်းကတော့ သူ့အာရုံကိုအလွယ်လေးရုံကျင်းဆီလွှဲထားလို့ရသည်။ ဒါပေမယ့်အခုရုံကျင်းမရှိတော့တဲ့အခါ သူရပ်တန့်ဖို့ကြိုးစားနေခဲ့သည့်မြစ်ကလျှံကျလာတော့သည်။

မှောင်မဲနေတဲ့ဒီအခန်းထဲမှာ ဖုန်းအလင်းရောင်သာရှိနေပြီး သူ့မျက်နှာကိုမီးရောင်ထင်ဟပ်နေစေ၏။ သူအစောပိုင်းတုန်းကဖတ်ခဲ့တဲ့စီစစ်ချက်မေးခွန်းတွေကို
ပြန်တွေးမိပြီး သူ့ခေါင်းကိုတိတ်တိတ်လေးစောင်ဖြင့်ခေါင်းမြီးခြုံကာနေလိုက်၏။

ငါလဲစိတ်ဆရာဝန်နဲ့အမြဲပုံမှန်တွေ့နေတာပဲ။ တစ်ခါတလေငါရဲ့အခြေအနေကဆိုးရွားနိုင်တာကိုငါလည်းသတိထားမိပါတယ်။ ဒါပေမဲ့ငါကအရူးမဟုတ်ဘူး... ကျိန်ဆိုကျိန်ရဲတယ် ၊ငါလုံးဝအရူးမဟုတ်ဘူး။

အချိန်အတော်ကြာသွားတော့မှ တံခါးခေါက်သံတိုးတိုးကိုကြားလိုက်ရသည်။ တံခါးခေါက်သံကြောင့်သူ့အတွေးတွေထဲမှနိုးသွားသည်။ တားဆေးတွေအများကြီးသုံးထားတာကြောင့် သူ့ကိုယ်ခန္ဓာတစ်ခုလုံးပင်ပန်းနွမ်းနယ်နေသော်ငြား စိတ်လှုပ်ရှားစွာဖြင့်မတ်တပ်ရပ်ဖို့ကြိုးစားလိုက်သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now