Chapter 31.2

2.3K 378 11
                                    

Unicode

Ch-31.2

ကျိုးရှန် ဓာတ်လှေကားထဲ ရောက်တဲ့အခါ သခင်လေးရဲ့အေးစက်စက်ပုံစံ ပျောက်ကွယ်သွားပြီး အနေခက်နေသလိုဖြစ်နေတာကို တွေ့လိုက်ရတယ်။

'' သခင်လေး ခုနက... ''

'' ကျွန်တော့်ပုံစံဘယ်လိုနေလဲ ''

ကျိုးရှန် ကြောင်သွားသည် '' ဘာ... ကိုပြော... ဒါတွေအားလုံးက သရုပ်ဆောင်နေတာလား ''

ရုံကျင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည် '' ဒါပေါ့...  သရုပ်ဆောင်နေတာ။ အဲ့ဒီ Omega က ပြောရဆိုရ နည်းနည်းခက်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ကိစ္စကို ဖြေရှင်းဖို့လိုတယ်... မဟုတ်ရင် သူ့ကိုလုံးဝခွာထုတ်လို့ရမှာမဟုတ်ဘူး။

တစ်ခါတုန်းက သူရခဲ့တဲ့ဇာတ်ကောင်တုန်းကလည်း ဒီလိုမျိုးပဲသရုပ်ဆောင်ခဲ့တာ။ ခုနတုန်းက အခြေအနေကို အဲ့တာနဲ့ဖြေရှင်းနိုင်ခဲ့တယ်။ ကျိုးရှန်တွေးမိတာက ရုံကျင်းရဲ့လုပ်ရပ်တွေ ၊ အရင်ကအမူအကျင့်တွေက နောက်ထပ်လူတစ်ယောက် သူ့ကိုချစ်မိသွားအောက် လုပ်နိုင်တယ်။ ဒါပေမယ့်လည်း သူတို့အပေါ် အရမ်းကောင်းပြတာက မလိုအပ်တဲ့ပြဿနာတွေ ပေါ်လာစေတယ်။

ကျိုးရှန် သက်ပြင်းချလိုက်ပြီး '' သခင်လေး​ကရင်ဆိုင်ရမယ့် အခက်အခဲတွေအများကြီးရှိနေတာတောင် သရုပ်ဆောင်လမ်းကြောင်းကို တစိုက်မတ်မတ်ရွေးနေရတဲ့အကြောင်းကို ကျွန်တော်နောက်ဆုံးတော့ နားလည်လိုက်ပြီ။ သခင်လေးက သရုပ်ဆောင်တော်တော်ကောင်းတာပဲ ''

'' အဲ့တာဆို ကျွန်တော့်အစ်ကိုကြီးရှေ့ကျရင်  စကားကောင်းလေးဘာလေး ပြောပေးပါလား ''

'' သခင်လေး... ဒီဟာနဲ့အဲ့ဟာက လုံးဝကိုမတူညီတဲ့ကိစ္စနှစ်ခုပါ ''

'' ..ပြီးရော.. '' ရုံကျင်း ထပ်မေးလိုက်သည်
'' မနေ့က ရှဲကျီရှန်ရဲ့ကိစ္စရော ဘာဖြစ်သွားလဲ။ ဘယ်လိုဖြေရှင်းလိုက်ကြလဲ။ ''

ရုံကျင်းပြောင်းလဲသွားတာကို ကျိုးရှန်သိသည်...ရှဲကျီရှန်ကို ဒုတိယအစ်ကိုလို့ မခေါ်တော့တာကိုကြည့်ရင် ကောင်းသောပြောင်းလဲခြင်းပေါ့။ အဲ့လိုလူမျိုး(ရှဲကျီရှန်) က ဘော့စ်ရှဲဆီက အချစ်တွေ ၊ ဂရုစိုက်မှုတွေနဲ့ လုံးဝမတန်ဘူး။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now