Unicode
Ch-40.2
ရုံကျင်းကဝူမိသားစုရဲ့ဒရိုင်ဘာကို မြို့ထဲကိုပို့ခိုင်းလိုက်သည်။ ပြီးမှ ကျိုးယို့ကိုပြင်ထားတဲ့ကားနဲ့အဲ့ဒီကိုလာခိုင်းပြီး သူတို့နှစ်ယောက်ဗီလာသို့အတူတူပြန်ကြသည်။
အိမ်အပြန်လမ်းတစ်လျှောက်လုံး သူရောကုရှီရောစကားသိပ်မပြောဖြစ်ဘဲ နှစ်ယောက်လုံးကရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစဥ်းစားနေကြသည်။
ရုံကျင်းမူလဝတ္ထုရဲ့ဇာတ်ကြောင်းကိုပြန်စဥ်းစားနေတာ။ အဲ့ထဲမှာကျီကျုံးကျဲကကုရှီကိုဘယ်လောက်ထိစွဲလမ်းနေလဲဆိုတာရှင်းပြထားသည်။ ကုရှီကိုပိုင်ဆိုင်ရဖို့အတွက် သူရဲ့ပိုးပန်းတဲ့နည်းလမ်းတွေက တဖြည်းဖြည်းပိုပိုပြီးဆိုးရွားလာပြီး ကုရှီကိုသတိမေ့သွားအောင်ဆေးခတ်ပြီးတော့ သူရဲ့မြေအောက်ခန်းထဲမှာထည့်ပိတ်ထားတဲ့အဆင့်ထိရောက်သွားသည်။
အထူးသဖြင့်သူ့မှာနှာဘူးကျတဲ့ဝါသနာတစ်ခုရှိတယ်။ သူရဲ့မြေအောက်ခန်းထဲမှာ ရွှေရောင်လှောင်အိမ်အကြီးကြီးတစ်ခုရှိတယ်။ သူကအဲ့ဒီလှောင်အိမ်ထဲမှာအလှလေးတွေကိုထည့်ပြီးပိတ်လှောင်ထားရတာကို သဘောကျသည်။ သူကကုရှီကိုအဲ့လှောင်အိမ်ထဲမှာဖမ်းချုပ်ထားပြီးတော့ ကုရှီကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်အောင်လို့ ဆေးတွေကျွေးခဲ့တယ်။ ပြီးတော့ကင်မရာပစ္စည်းကိရိယာတွေအကုန်တပ်ဆင်ပြီး ဗီဒီယိုရိုက်ထားခဲ့တယ်။
အဲ့ဒီဗီဒီယိုကြောင့်စိတ်ရောကိုယ်ပါပင်ပန်းနေခဲ့သည့် ကုရှီတစ်ယောက် နောက်တစ်ခါထပ်ပြီးပြိုလဲသွားခဲ့ရသည်။
အဲ့ဒီမကောင်းတဲ့ကောင်ကို ကျိန်းသေပေါက်အပြစ်ပေးရမယ်!
ကျစ်*
ဒါမဲ့အဲ့တာကဘယ်နေ့မှာဖြစ်မှာလဲ?
မူလဝတ္ထုထဲမှာကဘယ်နေ့ဘယ်ရက်မှာဖြစ်ခဲ့တယ်ဆိုပြီး အသေးစိတ်မရေးထားတာမို့ ရုံကျင်းဘာလုပ်ရမလဲမသိဖြစ်နေ၏။ ကုရှီဖုန်းပျောက်သွားရင်တောင်မှ သူအန္တရာယ်ကင်းနေတယ်ဆိုတာကိုကျိန်းသေသိနိုင်တဲ့နည်းလမ်းကိုစဥ်းစားရမယ်။
YOU ARE READING
Hold On,You're Something Else [Myanmar Translation]
RomanceOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...