Chapter 9.1

2.8K 542 11
                                    

Unicode

Ch-9.1 အဲ့တော့ ဘယ်တယောက်က အစစ်လဲ?

ယောကျ်ားလေးရဲ့အသံက ရထားတွဲတွေ ထဲမှာ ဟိန်းထွက်သွားပြီး လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားလိုက်တယ်။

ရုံကျင်းရဲ့အကြည့်တွေက ကျောက်တုံးမျက်နှာလို သနားညှာတာမှု တစွန်းတစတောင်ရှိမနေဘဲ အဲ့လူကိုစိုက်ကြည့်ရင်း ဆွဲကိုင်ထားတဲ့ လက်ကိုပိုပြီးတင်းကျပ်လိုက်တယ်။ ဒါမဲ့ သူ့မျက်နှာက ဦးထုပ်နဲ့ကာထားပြီး မသဲမကွဲပဲ မြင်ရတယ်။

jumpsuit ထဲကလူရဲ့ပုံသဏ္ဍာန် ဘယ်လိုကောင်းလဲ ရုံကျင်းဂရုမစိုက်ဘူး။ သူဂရုစိုက်တာတခုက အဲ့တာကကြောင် ဆိုတာပဲ!

ဒီလူက အလုပ်ကိုပင်ပင်ပန်းပန်းနဲ့ ကြိုးစားခဲ့ပြီး သူ့အလုပ်ဝတ်စုံကို ချွတ်ဖို့တောင်မေ့ခဲ့တဲ့လူတယောက်။
အဲ့တာကြောင့်ဆိုပြီး ရထားလိုင်းအနိုင်ကျင့် တဲ့ကောင်က ဒီလိုမျိုးမဆင်မခြင်လုပ်လို့ ရရောလား? သူ့သားကောင်က ပင်ပန်းပြီး အားနည်းနေတာမလို့ သူ့ကိုယ်သူ မကာကွယ်နိုင်လောက်ဘူးလို့ အဲ့ကောင်က တွေးနေတာလား?

ရုံကျင်းပိုပြီးတောင် ဒေါသထွက်လာတယ်။
ဒီမတော်မတရားလုပ်တဲ့သူက လူတွေကို လိုက်နှောင့်ယှက်နေတာကို ရပ်တောင်မရပ်ချင်ဘူး။ ပထမတော့ ကျောင်းသား ပြီးတော့ရုံးဝန်ထမ်း အခု ကြောင်ကိုတောင်။ သူတို့တွေအားလုံးက ခုခံနိုင်စွမ်းနည်းကြတယ်။

လူတွေဘယ်လိုရွေးရမလားတောင် အဲ့ကောင်သိသားပဲ..အာ..!

jumpsuit ကောင်လေးကို သူပိုပြီးသနားစိတ် ဝင်သွားတယ်။ ဒီရထားလိုင်းရဲ့နောက်ဆုံး မှတ်တိုင်က Happy Valley ပဲ။ သူ့အလုပ်ကြောင့်သာမဟုတ်ရင် ဘယ်လိုခေါင်းကောင်းတဲ့သူက ဒီလောက်ပူနေတဲ့နေမှာ jumpsuit ဝတ်ထားမှာလဲ? အထဲမှာ တော်တော်လေး အဆင်မပြေဖြစ်နေမှာ။

ရုံကျင်းက သူ့အရင်ဘဝတုန်းက ဒီလိုအလုပ်လုပ်ဖူးလို့ အတွေ့အကြုံရှိတယ်။
ဒီလိုမျိုးဝတ်စုံဝတ်ရတာက တော်တော်လေး နေလို့ထိုင်လို့မကောင်းဘူး။ အထဲမှာ လှောင်နေပြီး အသက်ရှုဖို့တောင် ခက်ခဲတယ်။

ဒီလိုမျိုးအလုပ်ကြိုးစားလုပ်နေတာက ဒီလို Alpha လိုလူမျိုးက အခွင့်ကောင်းယူတာ ခံရတာလား? ဒါကအရမ်းလွန်လွန်းသွားပြီ!

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now