Unicode
Ch-29
ခေါင်မိုးထပ်က ပူစီပေါင်းတွေ လွင့်နေသည့်အလယ်မှာ လူရိပ်တစ်ခု ယိုင်တိယိုင်တိုင်ဖြစ်နေတာကို မြင်လိုက်ရသည်။
မဖြစ်နိုင်တာ...
ငါက ဒီတိုင်း ဝတ္ထုထဲကအကြောင်းကို ပြောလိုက်ရုံလေးကို အဲဲ့ဒါက ကံကြမ္မာကို လှုံ့ဆော်သလို ဖြစ်သွားတာလား။
လူရိပ်က ရုံကျင်းနဲ့အရမ်းဝေးနေတာကြောင့်
ထိုပုံရိပ်က ကုရှီ ဟုတ်လားမဟုတ်ဘူးလားဆိုတာ သူသေချာမပြောနိုင်ဘူး။ သူ(ကုရှီ)အခုလို ခေါင်မိုးထပ်မှာ မတ်တပ်ရပ်နေရတဲ့အကြောင်းက ကိုယ့်ကိုကိုယ် သတ်သေချင်တာကြောင့်လို့လည်း သူ(ရုံကျင်း) မတွေးချင်ဘူး။အခုချိန်မှာ အဖြေထုတ်နေမယ်ဆို အရမ်းနောက်ကျသွားလိမ့်မယ်။ ရုံကျင်း ခန်းမဆီ ပြန်လှည့်လိုက်ပြီး လေကဲ့သို့အရှိန်ဖြင့် ပြေးသွားလိုက်သည်။ ကျောင်းသားတွေကလည်း အခုလေးတင် ပြန်သွားတဲ့ရုံကျင်းက ပြန်ရောက်လာပြီး ထပ်ပျောက်သွားတာကို ကြည့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ဘာတွေဖြစ်နေတာလဲ။
ရုံကျင်း ဓာတ်လှေကားခလုတ်ကို ဖိနှိပ်လိုက်ပြီး အထပ်နံပါတ်ပြသည့်အကွက်ကို စိုက်ကြည့်နေကာ မြန်မြန်လေးသွားဖို့ မျှော်လင့်နေသည်။
ကုရှီ စာရွက်ထဲကအတိုင်း ခေါင်မိုးထပ်ကို သွားလိုက်သည်။ တံခါးကို ဖွင့်ဖွင့်လိုက်ချင်းမှာပဲ ထောင်ဂဏန်းလောက်ရှိမယ့် အနီရောင်နှင်းဆီပန်းတွေရဲ့ တလက်လက်ဖြစ်နေသည့်
ရွှေရောင်အလင်းရောင်တွေကြောင့် သူ့မျက်လုံးတွေတောင် ကျိမ်းသွားသည်။ ဒီလိုပုံစံမျိုး ဖန်တီးဖို့အတွက် လူအင်အား ၊ ငွေကြေးနဲ့ တော်တော်လေး အားစိုက်ထားရမှာ။ အကယ်၍ ရိုးရှင်းတဲ့ Omega တွေသာ ဒီလိုပုံစံမျိုးနဲ့ surprise အလုပ်ခံလိုက်ရရင် သူတို့တွေ လုံးဝကြွေဆင်းသွားကြမှာ။ တကယ်တော့လည်း အစာစက်ကွင်းရဲ့ထိပ်ဆုံးမှာ ရပ်နေနိုင်တဲ့သူတွေက ကမ္ဘာပေါ်က Omega တွေထက်တောင် ပိုပြီးရှားပါးနေတာပဲ မဟုတ်ပါလား။ဒါကိုလုပ်တဲ့သူကလည်း သူတို့ဘာလုပ်နေလဲဆိုတာ ကောင်းကောင်းသိတယ်။ သူတို့က လက်ခံသူရဲ့သိချင်စိတ်ကို တိုးမြှင့်စေမယ့် သဲလွန်စအချို့ကို ချန်ထားခဲ့ပေမယ့် သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးဖို့တော့ လူလုံးထွက်မပြပေ။ ၎င်းက တစ်ဖက်သူ၏ ခုခံမှုကို ဖျက်စီးပစ်ဖို့ ကြိုးစားနေသည့် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲနှင့်တူသည်။
ВЫ ЧИТАЕТЕ
Hold On,You're Something Else [Myanmar Translation]
Любовные романыOriginal Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not my own.This is just for Fan Translation. Full credit to ORINGINAL AUTHOR and English Translators...