အပိုင်း ( ၆ )

1.3K 97 0
                                    

Unicode>>>>>

ရှင်းကိုနမ်းနေရင်းကနေ ဒါဒါမျက်ရည်လေးတွေပါကျလာသည်မို့ ရှင်းတော်တော်နဲ့ပြန်မခွာဖြစ်။"ဒါဒါ ကိုကိုတို့ကမောင်နှမတွေလေ အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး" ရှင်းပြောလိုက်တော့ "ဘာမှ မောင်နှမမတော်ဘူး ကိုကိုလိမ်ဖို့ထပ်မကြိုးစားနဲ့" ဒါဒါက‌ ပြောရင်းဆိုရင်းထပ်ငိုနေပြန်သည်။"ဒါဒါ ကိုကိုတို့တွေ့တာတစ်ပတ်တောင်မရှိသေးဘူးဆိုတာ‌ရောသိလား ကိုကို့ကို ဒါဒါဘေးမှာ အမြဲရှိနေစေချင်ရင်လေ ကိုကို့ညီမလေးပဲလုပ်နော် ရည်းစားတွေဆိုတာက ပြတ်သွားရင် ထာဝရဝေးသွားတာဒါဒါရဲ့ မောင်နှမဆိုတာက ဘယ်တော့မှမဝေးဘူး နော် ဒါဒါလိမ္မာပါတယ် ကိုကို့စကားနားထောင်နော်" ရှင်းဒါဒါ့ဘေးနားထိုင်ရင်းပြောလိုက်တော့ "ဒါဆိုထာဝရမဝေးသွားအောင်လုပ်မှာပေါ့" ဆိုပြီး သူ့အကျီတွေဆွဲချွတ်နေသည်။ရှင်း ဒါဒါ့လုပ်ရပ်ကိုမြင်ပြီး ခေါင်းတွေပူထူသွားသည်။"ဒါဒါ ကိုကို့ကိုမသနားဘူးလား"မေးလိုက်တော့ "ဒါဒါ ကိုကို့ကိုပိုင်ဆိုင်ချင်တယ်" ဒါဒါပြန်ဖြေလိုက်ပြီး အကျီတွေဆက်ဆွဲချွတ်နေလိုက်သည်။ကိုကိုက အတင်းပြန်ဝတ်ပေးနေတော့ "ကိုကိုရော ဒါဒါ့ကိုအဲ့ဒီလောက်တောင်မလိုချင်နေတာလား ဟုတ်လား ဒါဒါ့ကိုမလိုချင်တဲ့သူများနေတာပဲ ဒါဒါအသက်ဆက်မရှင်ချင်တော့ဘူး" ဒါဒါ မီးဖိုဘက်ကိုပြေးပြီး ဓားတစ်ချောင်းသွားယူလိုက်သည်။

အကျီချွတ်ကြီးနဲ့ ဒါဒါမီးဖိုဘက်ပြေးသွားတော့ ရှင်းနောက်ကအတင်းလိုက်သွားကာ နောက်ကနေသိုင်းဖက်ထားလိုက်သည်။"မလုပ်ပါနဲ့ဒါဒါရယ် ကိုကို့မှာဒါဒါပဲရှိတာပါ" ရှင်းမျက်ရည်တွေက ဒါဒါ့ပုခုံးပေါ်ကျနေသည်မို့ ဓားကိုကိုင်ထားတဲ့လက်ကလေးက ငြိမ်နေသည်။ရှင်း ဓားကိုဖြေးဖြေးချင်းဆွဲယူလိုက်ပြီး လွှင့်ပစ်လိုက်ကာ ဒါဒါ့ကိုရှင်းဘက်ဆွဲလှည့်ပြီး ဖက်ထားလိုက်သည်။ရှင်း ဒါဒါ့ကို ညီမလေးတစ်ယောက်လိုသိပ်ချစ်သည်။ဒါဒါထိခိုက်မှာကိုလည်းမလိုလား။တစ်ဖက်ကလည်း မေမေတို့သိက္ခာကိုကြည့်ရဦးမည်လေ။မိုက်ရူးရဲဆန်ပစ်လိုက်ဖို့ ကိုကိုသတ္တိမရှိပါဘူး ဒါဒါရယ်။"ဒါဒါရယ် နောက်တစ်ခါအဲလိုတွေမလုပ်ရဘူးနော် ဒါဒါမရှိပဲ ကိုကိုဘယ်လိုနေရမလဲ လာ အိပ်‌ရအောင်နော် မငိုနဲ့တော့" ရှင်း အခန်းထဲကိုချော့ခေါ်လာခဲ့ကာ အကျီပြန်ဝတ်ပေးထားလိုက်သည်။ရှင်း ဒါဒါ့ဘေးနားမှာလှဲအိပ်ပြီး နဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကိုသပ်ပေးနေလိုက်သည်။"ကိုကို ကိုကို့ရင်ခွင်ထဲအိပ်ချင်လို့" မျက်နှာငယ်လေးနဲ့ပြောနေသည်မို့ ရှင်းခွင့်ပြုလိုက်ကာ လက်မောင်းဆန့်ပေးလိုက်တော့ အတင်းဝင်ဖက်နေတော့သည်။"အိပ်တော့နော် ဒါဒါ" ရှင်း ဒါဒါ့ကျောလေးကိုပုတ်ပေးရင်းနဲ့ ရှင်းလည်းအိပ်ပျော်အောင်အိပ်လိုက်တော့သည်။

အနှောင်အဖွဲ့ ( Completed )Where stories live. Discover now