Unicode>>>>>
"ရှင်း မင်းညီမလေးရော" မေမေ မေးတော့ ရှင်းကြောင်သွားသည်။"ရှင်းမသိဘူးလေ မေမေရဲ့ အိပ်နေတာဖြစ်မှာပေါ့" ရှင်းပြန်ဖြေလိုက်တော့ "မနေ့ညက ရှင်းဆီလိုက်သွားတာလေ ညနက်နေလို့မသွားပါနဲ့တားတာတောင်ပြောမရဘူး ရှင်းဆီမရောက်လာဘူးလား" မေမေ့စကားကြားမှ ဒီနေ့မနက် ခြံတံခါးကပွင့်လျက်သားဖြစ်နေတာကို သတိရမိသွားတော့သည်။"ဒါဆို ဒါဒါ အကုန်မြင်သွားပြီပေါ့" ရှင်းစိတ်ထဲ ကသိကအောက်ဖြစ်သွားရပြန်သည်။"ရှင်း ဒါဒါ့ကိုပြန်ခေါ်လာခဲ့ပါ့မယ်" မေမေတို့ကို ကတိပေးလိုက်ကာ ကျောင်းသို့ပြန်ထွက်လာခဲ့တော့သည်။ဒါဒါ့သူငယ်ချင်းတွေကို မေးကြည့်တော့လည်း ဒီနေ့ကျောင်းမလာဘူးတဲ့လေ။ဒါဒါ ဘယ်တွေသွားနေတာလဲကွာ။ ရှင်းကျောင်းဆင်းအိမ်ပြန်လာတော့ မေမေတို့က မျှော်လင့်တကြီးနဲ့ကြည့်နေပေမဲ့ "ဒါဒါ ဒီနေ့ကျောင်းမလာဘူးတဲ့ ဒါဒါသွားတတ်တဲ့နေရာတွေကိုလည်း ရှင်းရှာခဲ့ပြီ သူ့သူငယ်ချင်းဆွေလဲ့လည်းကျောင်းမလာဘူးဆိုတော့ အဲ့ဒီကောင်မလေးနဲ့များ ရှိနေမယ်ထင်တယ်" ရှင်းဖြေလိုက်တော့ ဆွေလဲ့နဲ့အတူတူရှိလောက်တယ်ဆိုတာကြောင့် စိတ်သက်သာရာရသွားကြရှာသည်။
ရှင်းbarကိုရောက်တာနဲ့ အမှာတွေကိုလက်ခံရင်း စားပွဲတွေကိုသုတ်နေလိုက်သည်။မကြာခင် လူများတော့မည်မလား။ညအမှောင်ရောက်လာတာနဲ့အမျှ လူတွေတဖြည်းဖြည်းများလာသည်။"ဟေးးရှင်း ထုံးစံအတိုင်း နှစ်ခွက် ဟိုနားကိုလာချပေးနော်" ရှင်းလှမ်းကြည့်လိုက်တော့ ဒါဒါ။ရှင်းမျက်မှောင်ကြုံ့မိသွားကာ ခေါင်းငြိမ့်ပြလိုက်ရင်း ကိုချိုဖျော်ရည်စပ်ပေးတာကိုစောင့်နေလိုက်သည်။ ပြီးတာနဲ့ ခွက်နှစ်ခွက်ကိုင်ပြီး ဒါဒါတို့ဘက်ကိုသွားလိုက်တော့ ဒါဒါနဲ့ငရှုပ်ကောင် မြင်မကောင်းအောင်ကိုနမ်းနေကြသည်။စားပွဲရှေ့ရပ်လိုက်တော့ ဒါဒါက ရှင်းကိုမြင်တာနဲ့ ဟို့ကောင့်ကိုပိုနမ်းပြနေတော့သည်။ရှင်းဒေါသကိုတော်တော်ထိန်းလိုက်ကာ ခွက်တွေချပြီးတာနဲ့ ကောင်တာဘက်ပြန်လှည့်လာခဲ့သည်။ "ရှင်း မင်းပြန်ချင်ပြန်လိုက်ပါတော့လား ကိုချိုလည်းရှိနေတာပဲဟာ" သက်ထက်ရ ဒါဒါနဲ့ရှင်းအခြေအနေကိုသိ၍မလားမသိ ပြန်ခိုင်းနေတော့သည်မို့ ရှင်းအဝတ်အစားလဲကာ ပြန်ထွက်လာရင်း ဒါဒါ့ကိုတစ်ချက်စိုက်ကြည့်လိုက်ကာ ဆိုင်ရှေ့ထွက်ခဲ့တော့သည်။