Unicode>>>>>
ဘယ်လောက်ပဲမိန်းကလေးချင်းပြောနေပါစေ မန့်တွေမှာကိုက ရှင်းကို ယောက်ျားလေးအစစ်လို့ပြောတဲ့သူကပြော၊လိင်ပြောင်းထားတာလို့ပြောတဲ့သူကပြောနဲ့မို့ ဖြေရှင်းရမလွယ်မှာကတော့ အမှန်ဖြစ်သည်။"CCTVတစ်ချက်လောက်သေချာပြန်စစ်ပေးပါ့လားကွာ အဲ့ကောင်videoရိုက်ဖို့ တစ်ယောက်ယောက်ကိုခိုင်းတဲ့အထောက်အထားမျိုးလောက်တော့ ငါတို့ရှာတွေ့မှဖြစ်မယ်"ရှင်းပြောလိုက်တော့ ခေါင်းငြိမ့်ကာ ပုခုံးပုတ်ပြီးအားပေးနေတော့သည်။ရှင်းမျက်နှာလေးက သိသိသာသာကို ပိန်ကျသွားတာမို့ ဘယ်လောက်အထိစိတ်ဆင်းရဲနေလဲ မြတ်တို့ကြည့်ရုံနဲ့သိသာနေတော့သည်။ဒါဒါ့ကိုလည်း အားပေးစကားတွေပြောရင်း စနောက်နေလိုက်ကြတော့ ဒါဒါလေးပြုံးလာရှာသည်မို့ တော်သေးသည်။မြတ်တို့ ရှင်းတို့အိမ်ကနေပြန်လာတော့ ရှင်းတို့သနားပါတယ်ဆိုပြီး တစ်ယောက်ကထငိုတော့ ကျန်တဲ့သူတွေပါ ဖက်ငိုမိကြတော့သည်။ဪ ရှင်းရယ် ရှင်းက မြတ်ကို တမင် ရှင်းဘဝထဲ ဆွဲမခေါ်ခဲ့တာပဲ။ရှင်းအကြောင်းတွေးရင်း မြတ်မျက်ရည်တွေကျလာမိတော့သည်။
တစ်ပတ်လောက်နေတော့ ဟိုကောင် ရှင်းကိုဆက်သွယ်လာကာ သီးသန့်တွေ့ဖို့ပြောသည်နှင့် ဒါဒါမသိအောင်ခိုးထွက်သွားလိုက်သည်။ "ရော့ bro နစ်နာကြေး ကျွန်တော်သူ့ကို ချစ်ခွင့်ပန်တာ လက်မခံလို့ နာမည်ဖျက်ချင်ရုံသက်သက်ပဲ ရှင်းက မြေစာပင်ဖြစ်သွားတာ" ရှင်း အဲ့ကောင်စောက်ခွက်ကိုထထိုးချင်လာသည်။"မူရင်းvideoပဲ ရှင်းကိုပေးပါ မင်းရဲ့နစ်နာကြေးတွေငါမယူပါဘူး နာမည်လည်းပျက်ပြီးနေပြီပဲ မင်းကျေနပ်လိုက်ပါတော့"ရှင်းပြောလိုက်တော့ ရယ်သွားကာ "သူကတကယ်ကြီး ရှင်းရဲ့ညီမလား" ထပ်မေးပြန်သည်မို့ ရှင်းခေါင်းငြိမ့်ပြလိုက်တာနဲ့ "အိုကေ bro ရှင်းရဲ့မျက်နှာကြောင့် videoအစစ်ပေးလိုက်မယ် တစ်ခုတော့ရှိတယ် ကျွန်တော့်မျက်နှာပါတဲ့အပိုင်းတွေတော့ မတင်ပါဘူးလို့ ကတိပေးရမယ် မဟုတ်ရင် ရှင်းရော သူရော လူရှေ့မထွက်ရဲအောင်လုပ်ပစ်မယ်"ရှင်းသဘောတူလိုက်ရသည်။"သူနဲ့ပတ်သက်တာမှန်သမျှ မင်းဖျက်ပေးပါ ယောကျာ်းဆိုတာ ကတိတည်ရတယ် ငါမင်းကိုနှစ်ခါမပြောချင်ဘူး" ရှင်းထပ်ပြောလိုက်တော့ ရှင်းပုခုံးကိုဖက်ကာ "ရှင်းက ကျွန်တော့်ရဲ့အဖျော်ဆရာပဲလေ ရှင်းစပ်ပေးတာတွေ ကျွန်တော်မသောက်ပဲမနေနိုင်ဘူးဗျ" ပြောကာ videoပေးခဲ့ပြီး ထွက်သွားတော့သည်။
![](https://img.wattpad.com/cover/282828236-288-k886494.jpg)