Unicode>>>>>
"မောင် ဒါဆို မ ပြန်တော့မယ် စာသေချာကျက်နော်"ရိပ် မောင့်ကိုနှုတ်ဆက်လိုက်တော့ "ဒီညရော လာအိပ်မှာလား" မေးလာတာနဲ့ "ညတိုင်းလာရင် မောင်စာကျက်တာအနှောင့်အယှက်ဖြစ်နေမှာပေါ့ မောင်ရဲ့" မောင်ကခေါင်းလေးငြိမ့်ပြပြီး "မောင့်ဆီကို တစ်နေ့တစ်ခေါက်တော့လာမယ်မလား" မျက်နှာငယ်လေးနဲ့ မေးလာပြန်သည်။ရိပ်ပြုံးလိုက်ကာ "လာမှာပေါ့မောင်ရဲ့ နေ့တိုင်းလာမယ်ဟုတ်ပြီလား" မောင့်ပါးလေးကိုအနမ်းလေးပေးကာ ပြောလိုက်တော့ ပြုံးရယ်လာသည်။မောင့်ကိုနှုတ်ဆက်ပြီးတာနဲ့ ကားမောင်းကာ ကော်ဖီဆိုင်ဘက်သို့ထွက်ခဲ့တော့သည်။ဒါဒါကားမောင်းနေရင်း ငိုနေမိတော့သည်။"ကိုကို့ကိုမုန်းတယ်" ဆိုတဲ့စကားကိုပဲထပ်ခါတလဲလဲပြောမိသည်။"ကိုကိုဘာလို့မချစ်တာလဲ ကိုကို့ဆီကအချစ်ဘာလို့မရရတာလဲ" ဒါဒါ ကို့ကိုယ်ကိုစိတ်နာလာသည်။ကားအမြန်မောင်းလိုက်ကာ အိမ်ထဲရောက်တာနဲ့ အခန်းထဲပြေးဝင်ပြီး အိပ်ယာပေါ်မှာ မှောက်ငိုမိလိုက်တော့သည်။
"ကိုကိုတောင်းပန်တယ်နော်ဒါဒါ ကိုကို ဒါဒါ့ကို ညီမလေးထက်ပိုပြီးမြင်မရဘူး ကိုကိုတို့ဖြစ်ခဲ့တာတွေအတွက်တော့ ကိုကိုပြန်ပေးဆပ်မှာပါ" ရှင်းသက်ပြင်းချလိုက်ကာ စာကြည့်စားပွဲမှာပြန်ထိုင်နေလိုက်သည်။နေ့လည်စာတော့ အိမ်ပြန်စားပါ လို့မေမေကဖုန်းဆက်တာနဲ့ မေမေရှိတဲ့အိမ်ကိုသွားလိုက်သည်။ရှင်းခြံထဲဝင်လာတော့ ဒါဒါက ဝရံတာမှာရပ်နေတာကိုမြင်ရသည်။ရှင်းကိုမြင်တာနဲ့ အထဲပြန်ဝင်သွားတော့သည်။ရှင်းဆိုင်ကယ်ရပ်ပြီးတာနဲ့ အိမ်ထဲဝင်လိုက်တော့ "ဒီအိမ်က ရှင့်ကိုမကြိုဆိုဘူး ကိုရှင်းရည်မွန် မြန်မြန်ပြန်လိုက်တာကောင်းမယ်"ဒါဒါကလက်ပိုက်ပြီး ပြောနေတာမို့ ရှင်းပြုံးလိုက်ကာ "မနက်ကကိုကိုစလိုက်တာကို ဒါဒါကစိတ်ဆိုးနေတာလား ကိုကို့ညီမလေးကလိမ္မာရဲ့သားနဲ့ မဆိုးပါနဲ့ကွာ" ရှင်း ဒါဒါ့ခေါင်းလေးကိုကိုင်ပြီးပုတ်လိုက်သည်။"ရွံတယ် လာမထိနဲ့"ရှင်းလက်ကိုပုတ်ထုတ်လိုက်သည်မို့ ရှင်းနောက်ဆုတ်လိုက်ကာ ရှင်းအခန်းထဲသွားဖို့ပဲပြင်လိုက်သည်။ဖေဖေနဲ့မေမေကလည်း ရှင်းတို့ကိုရပ်ကြည့်နေသည်မို့ စကားမများချင်တာနဲ့ရှောင်ထွက်လိုက်သည်။