အပိုင်း ( ၂၀ )

970 61 1
                                    

Unicode>>>>>

ရှင်းတို့ကျောင်းသွားဖို့ပြင်ပြီးတဲ့နောက် မမကလာခေါ်သည်မို့ ရှင်းရော ဒါဒါရော မမကားနဲ့လိုက်သွားဖြစ်ကြသည်။ကျောင်းအပေါက်ရှေ့ကားရပ်ထားခဲ့ပြီး ကိုကိုက ဒါဒါ့လက်တစ်ဖက်ကိုကိုင်ထားကာ မမကနောက်လက်တစ်ဖက်ကိုဆုပ်ကိုင်ထားသည်မို့ ဒါဒါအားတွေရှိသွားသည်။ကိုကိုနဲ့မမလက်ကိုဆွဲကိုင်ထားတာမို့ ဒါဒါဘာကိုမှမကြောက်တော့။ ကိုကိုနဲ့မမက ဒါဒါကို အတန်းထဲအထိလိုက်ပို့ပြီး ဆရာမလာတဲ့အထိစောင့်ပေးကာ ဆရာမကိုနှုတ်ဆက်ပြီး ပြန်ထွက်သွားကြသည်။"မောင် ဒါဆို မ ပြန်တော့မယ်နော် မောင့်ကိုရော မ အတန်းထဲအထိလိုက်ပို့ရဦးမလား" ရိပ်စလိုက်တော့ "ပို့ရုံနဲ့မရဘူး မောင့်ဘေးမှာထိုင်စောင့်ပေးရမှာ" ပြန်ပြောလာသည်မို့ ရိပ်မောင့်ပါးလေးကိုအနမ်းလေးပေးလိုက်ကာ ကျောင်းဝန်းထဲကနေထွက်ခဲ့တော့သည်။ရိပ် ကလေးတွေကျောင်းပို့ပြီးပြန်လာရတဲ့သူတစ်ယောက်လိုပဲ စိတ်ကြည်နူးနေမိတော့သည်။

မ ပဲ ကျောင်းပို့/ကျောင်းကြိုလုပ်ပေးနေသည်မို့ နေသားကျလာတာနဲ့ "မ မောင်တို့ကိုအပို့/အကြိုလုပ်မပေးပါနဲ့တော့ မောင် ကော်ဖီဆိုင်ရောbarမှာပါ အလုပ်ပြန်ဝင်တော့မှာပါ" ရှင်းပြောလိုက်တော့ "မောင့်ကိုအကြိုအပို့လုပ်တာမဟုတ်ဘူး ဒါဒါလေးကိုလုပ်ပေးတာ"တဲ့လေ။ရှင်းမျက်နှာစူပုပ်လိုက်တော့ "အမယ် မောင်ကစိတ်ဆိုးတာပေါ့လေ" ရိပ်စလိုက်တာနဲ့ ဒါဒါကပါ "ကိုကို့ရုပ်ကြီးနဲ့ စိတ်မဆိုးစမ်းပါနဲ့ ကြည့်ရဆိုးတယ်"ဝင်ပြောသည်မို့ ရိပ်တို့ကို စကားပြန်မပြောပဲ ဖုန်းပဲကြည့်နေတော့သည်။အိမ်ပြန်ရောက်တဲ့အထိ စိတ်ကောက်နေတာမို့ ရိပ်မောင့်အခန်းထိလိုက်သွားလိုက်ကာ "မောင် မောင်လို့ မက စတာကို တကယ်ကြီးစိတ်ဆိုးတာလား" ရိပ် မောင့်ရဲ့ခါးလေးကိုဖက်ထားရင်းမေးလိုက်တော့ မောင်က ရိပ်ရဲ့လက်ကိုဖယ်ကာ တံခါးနားသွားသည်မို့ နောက်ကလိုက်သွားတော့ မောင်ကတံခါးဂျက်ချလိုက်သည်မို့ ရိပ်ခြေလှမ်းတွေလည်း တန့်သွားသည်။"မောင့် ဘာလဲ" ရိပ်ရဲ့စကားတွေမဆုံးခင်မှာပဲ မောင်က ရိပ်နှုတ်ခမ်းလေးကိုလာနမ်းနေတော့သည်။

အနှောင်အဖွဲ့ ( Completed )Where stories live. Discover now