Unicode>>>>>
"မက မောင့်ကိုအားကျလို့ လိုက်လုပ်တယ်ဆိုပါတော့" ရှင်းစလိုက်တော့ ရှင်းမမကိုနမ်းသလိုပြန်နမ်းနေတော့သည်။ရှင်းရယ်လိုက်ကာ "မ အကျီမဝတ်ထားဘူးနော် မေ့နေတာလား"ပြောလိုက်တော့ "မေ့စရာလား တမင်မဝတ်တာ"တဲ့လေ။"မောင့် မောင့်ရင်ဘတ်ကိုနမ်းချင်လို့" ရိပ်ပြောလိုက်တော့ "နမ်းလေ" ဆိုတာနဲ့ခေါင်းပြန်ဝင်တော့ ဝင်မရ ကြပ်နေလေသည်။ကြပ်မှာပေါ့ ရှင်းနဲ့အကျီက မမဝတ်ထားသလောက်မှမချောင်တာ။ပြီးတော့ ချောင်နေတာကြပ်အောင် အကျီစကို ကျောအောက်ကိုထိုးထည့်ထားတာလေ။"မောင့် မ ပြန်ထွက်လို့မရတော့ဘူး" ရိပ်ထပ်ပြောလိုက်တော့ "မောင့်ကိုချစ်တယ်လို့ ဆယ်ခါပြောရင် ချောင်သွားလိမ့်မယ်" ဆိုတာနဲ့ မောင်ပြောသလိုပြောလိုက်တော့ မောင်က ကျောအောက်ကအကျီစကိုပြန်ထုတ်ပေးသည်မို့ ခေါင်းပြန်ထွက်လို့ရကာ ချောင်သွားတော့သည်။"မောင်တအားလူလည်ကျတာပဲ"ပြောပြီး "ထ ထ အခု ထ" ရှင်းကိုထခိုင်းနေပြန်သည်။ရှင်းထပေးလိုက်တော့ အကျီချွတ်ခိုင်းနေသည်မို့ "မ မောင် ဒီနေ့ချွတ်လိုက်ဝတ်လိုက်နဲ့ အိပ်ရောအိပ်ရပါ့မလား" ပြန်ပြောရင်း ချွတ်ပေးလိုက်ရသည်။
"ငြိုငြင်တာလားရှင်က မနက်ကျကျောင်းလည်းမသွားရပဲ အိပ်ချင်နေတယ်ပေါ့လေ ရပါတယ် အစပိုင်းသာချစ်ပြကြတာ နောက်ပိုင်းကျပစ်ထားချင်ကြတာချည်းပဲ" ရိပ် မောင့်ကိုရွဲ့ပြောလိုက်တော့ "မဟုတ်ရပါဘူးဗျာ"ဆိုပြီး ရိပ်ပါးလေးကိုအနမ်းလေးပေးလာသည်။ရိပ်ပြုံးလိုက်မိကာ "မောင့်ရင်ဘတ်ပေါ် ခေါင်းတင်အိပ်ချင်တယ်" ပြောလိုက်တာနဲ့ မောင်အရင်လှဲအိပ်သွားပြီး လက်ကိုဆန့်ပြီး လာဖို့ခေါ်နေသည်မို့ ရိပ်မောင့်ကိုယ်ပေါ်ထပ်ထားလိုက်ကာ ခေါင်းလေးကိုမောင့်ရင်ဘတ်ပေါ်တင်ထားလိုက်သည်။မောင်က ရိပ်ကျောလေးနဲ့ခါးလေးကိုပြန်ဖက်ထားပေးလာကာ ပွတ်ပေးနေသည်။"အိပ်တော့နော် မောင်ရဲ့ဇနီးလေး" ရှင်းပြောလိုက်တော့ ဘာမှပြန်မပြောသည်မို့ မမအိပ်ပျော်သွားပြီထင်ပါရဲ့။မမကမှောက်လျက်အနေအထားနဲ့မို့ ရင်ဘတ်တွေနာနေမှာစိုးတာနဲ့ ရှင်းဘေးစောင်းလိုက်တော့ မမပါစောင်းလိုက်လာတာမို့ ရှင်းရင်ခွင်ထဲဝင်ပြီးသားဖြစ်နေသည်။ရှင်းမမကိုဖက်ရင်းနဲ့ပဲ အိပ်ပျော်သွားတော့သည်။