အပိုင်း ( ၂၇ )

1K 63 1
                                    

Unicode>>>>>

ရှင်းအကင်တွေကင်ပြီးတာနဲ့ စားပွဲပေါ်ချလိုက်ကာ ဘီယာဘူးတွေပါယူလာလိုက်သည်။"ဘုန်းမြတ်ကျော် မင်းစိတ်ကိုမင်းမထိန်းနိုင်ဘူးဆိုရင် သိပ်မသောက်နဲ့" ရှင်းဟောက်လိုက်တော့ စပ်ဖြဲဖြဲနဲ့ အေးပါ ပြောလာသည်။ရှင်းတို့စကားပြောလိုက်၊သောက်လိုက်နဲ့ အေးဆေးဖြစ်နေကြသည်။ရှင်း နှစ်ဘူးလောက် သောက်ပြီးတာနဲ့ "မ လမ်းလျှောက်ထွက်ရအောင်" ရှင်း မမခါးလေးကိုဖက်ကာ သဲသောင်ပြင်ပေါ် လမ်းလျှောက်သွားလိုက်သည်။လေကလည်းတဖြူးဖြူးနဲ့မို့ စိတ်အေးချမ်းရသည်လေ။ရှင်းမမနဖူးလေးကိုနမ်းလိုက်တော့ မမကရှင်းနှုတ်ခမ်းလေးကိုလာနမ်းသည်မို့ ရှင်းတုန့်ပြန်နမ်းနေလိုက်သည်။ရှင်းတို့တော်တော်ကြာအောင်နမ်းပြီးတဲ့နောက် သက်ထက်ရတို့ဆီပြန်လာခဲ့တော့ သက်ထက်ရက မြတ်ကိုနမ်းဖို့ပြင်နေသည်ကိုမြင်လိုက်ရတော့ ရှင်းခေါင်းတွေပူထူသွားသည်။

"မအိပ်ကြသေးဘူးလား" ရှင်းအော်လိုက်တော့ တန့်သွားကြပြီး "ဖြေးဖြေးအော်ပါဟ မင်းနှယ် သူများအပျော်ကိုလာဖျက်စီးနေတယ်" သက်ထက်ရ ခေါင်းကုတ်ကာရယ်နေတော့သည်။ဘုန်းမြတ်ကျော်ကတစ်ယောက်တည်းမှောက်နေသည်မို့ အတင်းနှိုးကာ Tentဘက်ကိုလိုက်ပို့လိုက်ရသည်။"ရှင်း မြတ်ပြောစရာရှိလို့" ရှင်းခေါင်းငြိမ့်ပြလိုက်ကာ မမတို့ကိုဝင်နားတော့ဖို့ပြောလိုက်သည်။"သက်ထက်ရ မင်းလည်းလိုက်သွား" ရှင်းပြောလိုက်တော့ မြတ်ကိုစိတ်မချတဲ့ပုံနဲ့ကြည့်နေတာမို့ "ငါ့ကိုမယုံတာလား" အော်လိုက်မှ ထွက်သွားတော့သည်။ရှင်းနဲ့မြတ် သဲသောင်တွေပေါ်ထိုင်လိုက်ကြကာ "ရှင်း မြတ် သက်ထက်ရကိုအဖြေပေးလိုက်ပြီ" မြတ်ဘက်ကစကားစတာနဲ့ "အင်း ရှင်းသိပါတယ်" ရှင်းပြုံးပြလိုက်တော့ "ရှင်းဘယ်လိုမှမခံစားရဘူးလား" ထပ်မေးလာသည်မို့ "ကိုယ်မြတ်နိုးရတဲ့ပန်းလေးတစ်ပွင့်ကို ကို့အချစ်ဆုံးသူငယ်ချင်းလက်ထဲမှာ မြင်လိုက်ရသလိုပါပဲ" ရှင်းဖြေလိုက်သည်။

"ရှင်း မြတ်ကိုမချစ်တော့ဘူးလား" မြတ်ကမေးလာပြန်တာနဲ့ "ရှင်း ဖြေစရာမလိုတော့ဘူးထင်တယ် ရှင်းရောမြတ်ရော ဆိုင်သူရှိနေကြပြီလေ" ပြန်ဖြေလိုက်တော့ "ရှင်း မြတ်ကိုချစ်တယ်တစ်ခွန်းပဲပြောလိုက်ပါ မြတ် ရှင်းဆီတန်းလာခဲ့မှာ" မြတ်ပြောရင်းမျက်ရည်တွေကျလာတော့သည်။"မြတ် ရှင်းအကြောင်း မသိတာလည်းမဟုတ်ပဲနဲ့ ရှင်းဘဝထဲ ဝင်လာဖို့စိတ်မကူးပါနဲ့တော့ ရှင်းတို့တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုစိတ်ထားကြလဲ ဆိုတာ မပြောလဲ သိတာပဲမဟုတ်လား ချစ်တယ်လို့မပြောပဲ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေကိုရင်ထဲမှာသိမ်းထားတာကလည်းအချစ်လို့ပြောလို့ရတာပဲလေမြတ်" ရှင်းပြောလိုက်တော့ "ဟင့်အင်း မသိချင်ဘူး" မြတ် ရှင်းနှုတ်ခမ်းလေးကိုလာစုပ်နမ်းနေသည်မို့ ခဏလောက်ငြိမ်နေလိုက်ကာ "မြတ် အရမ်းမူးနေပြီ ရှင်းလိုက်ပို့မယ်" ရှင်းနှုတ်ခမ်းချင်းခွာလိုက်သည်။"ထတော့ မြတ် အရမ်းကြာလို့မကောင်းဘူး" ရှင်း လက်လှမ်းတော့ လက်ကိုလှမ်းဆွဲပြီး ထလာသည်။

အနှောင်အဖွဲ့ ( Completed )Where stories live. Discover now