Unicode>>>>>
"ကိုကို့ကိုမုန်းတယ်" ဒါဒါ ဒီစကားကိုကို့ကိုချစ်လွန်းလို့ ခဏခဏပြောနေမိမှာ။ကိုကို အဲ့မမကိုပွေ့ချီပြီး ပြုံးရယ်နေတဲ့အပြုံးတွေကအစ အချစ်တွေအပြည့်နဲ့။ ဒါဒါ့ကိုတွေ့တာတောင် နှုတ်ဆက်ရုံလောက်နဲ့ ကိုကိုဒါဒါ့ကိုအားနာစိတ်လေးတောင်မရှိဘူး။ဒါဒါစိတ်တိုတိုနဲ့ သူ့အခန်းဘက်ပြန်သွားကြည့်လိုက်တော့ ကိုကိုက အဲ့မမကိုယ်ပေါ် အုပ်မိုးထားပြီး အနမ်းတွေဖလှယ်နေကြသည်။နှစ်ယောက်သား စလိုက်၊ နမ်းနေလိုက်ကြနဲ့ ကြည်နူးနေကြသည်။ဒါဒါ အဲ့မြင်ကွင်းကိုဆက်မမြင်ရဲတော့တာမို့ အောက်ထပ်ကိုပဲပြေးဆင်းလာခဲ့တော့သည်။"မနေ့ညက ဒါဒါ့ကိုစိတ်ပူလွန်းလို့ သူ့ကိုယ်သူထိခိုက်အောင်လုပ်တဲ့ကိုကိုနဲ့ ဒါဒါ့ရှေ့မှာ အခြားသူကို ပွေ့ချီပြီးနမ်းနေတဲ့ကိုကို ကိုကိုကဘာလဲဟာ ဒါဒါ့အပေါ်တကယ်စိတ်မဝင်စားတာလား" ဒါဒါ မနက်စာစားရင်းတွေးလိုက်ကာ သက်ပြင်းချလိုက်မိသည်။"ဒါဒါလေး သမီး အဆင်ပြေရဲ့လား" ကိုကို့မေမေကမေးတော့ "ပြေပါတယ် မေမေ" ဒါဒါ မေမေလို့ပဲသုံးလိုက်သည်။ကိုကိုက သူ့မေမေအပေါ်ကောင်းကောင်းဆက်ဆံပေးဖို့တောင်းဆိုထားသည်လေ။
"ကိုဦး သက်တို့ဘယ်လိုလုပ်ကြမလဲ" ဒါဒါလေးထွက်သွားတာနဲ့ ကိုဦးကိုမေးလိုက်တော့ "အချိန်တစ်ခုပေးလိုက်ပါ ဒါဒါလေးကငယ်သေးတော့ စိတ်ကစားနေတာဖြစ်မယ် ရှင်းနဲ့ရိပ်ကလည်း အဆင်ပြေနေသားပဲကို သက်စိတ်မပူပါနဲ့" ကိုဦးကနှစ်သိမ့်ပေးနေပေမဲ့ သက်ကတော့ ဒါဒါလေးကို ကိုယ်ချင်းစာမိသည်။ ရှင်းကိုတကယ်ချစ်နေတဲ့ပုံလေးမို့လည်း သနားရသည်။"မောင် ပြီးရင်သွားရအောင်"ရိပ် မောင့်လက်ကလေးကိုကိုင်ပြီး အောက်ထပ်ကိုဆင်းလာတော့ ဟိုကောင်မလေးကအရင်ကားမောင်းထွက်သွားသည်။မောင့်ကိုကျောင်းလိုက်ပို့ရင်း "မောင်နဲ့နှစ်ယောက်တည်းအတူရှိချင်ပြီ" နွေမောင့်ပုခုံးလေးကိုမှီရင်းချွဲလိုက်တော့ "မောင်ကျောင်းပြီးတော့မှာပါ ပြီးတာနဲ့ အလုပ်အတူတူလုပ်ပြီး အတူတူနေကြမယ်လေနော်"ဆိုပြီး ရိပ်ခေါင်းလေးကိုပြန်နမ်းလာသည်။"မောင်က မကိုအတည်ချစ်တာလား" ရိပ်ထပ်မေးလိုက်တော့ "အတည်မချစ်ပဲ မကိုတွဲမှာတဲ့လား" မောင် ရိပ်စကားကိုစိတ်ကောက်သွားသည်။