Unicode>>>>>
ရှင်းဒါဒါ့အခန်းရှေ့မှာထိုင်ကာ ဒါဒါထွက်အလာကိုစောင့်ရင်းစာကြည့်နေလိုက်သည်။"ရှင်း ဒါဒါနဲ့စိတ်ဆိုးပြန်ပြီလား" ဆိုပြီးဖေဖေကရယ်ကာ မေးသွားတော့ ရှင်းခေါင်းငြိမ့်ပြလိုက်သည်။ဒါဒါကတော်တော်နဲ့ထွက်မလာတာမို့ စောင့်ရင်း ရှင်းအိပ်ငိုက်လာသည်။ကိုကို့အသံမကြားရတာနဲ့ ဒါဒါအခန်းတံခါးဖွင့်လိုက်တော့ ကိုကိုက ဒါဒါ့အခန်းရှေ့မှာထိုင်ရင်း အိပ်ပျော်နေသည်။လက်ထဲမှာလည်းစာအုပ်တွေနဲ့မို့ ဒါဒါထွက်လာတာကိုစောင့်နေတာဖြစ်မည် လို့တွေးရင်း ဒါဒါပြုံးမိလိုက်သည်။ဒါဒါအခန်းထဲပြန်ပြီး စာအုပ်အထူကို လွှတ်ချလိုက်တော့ အသံအကျယ်ကြီးထွက်လာသည်။"ဒါဒါ ဒါဒါဘာဖြစ်သွားသေးလဲ" ကိုကိုအိပ်ချင်မူးတူးနဲ့ရောက်လာတော့ ဒါဒါရယ်လိုက်ကာ "စာအုပ်ကျသွားတာလေ ဘာလို့အဲ့လောက်လန့်နေတာလဲ" ကိုကို့ကိုစလိုက်သည်။"ကိုကို့ညီမလေး တစ်ခုခုထိခိုက်မှာစိုးလို့ပေါ့" ကိုကို့စကားကြားတာနဲ့ "ဘယ်သူက ကိုကို့ညီမလေးလဲ ဘယ်သူကအခန်းထဲဝင်လာခိုင်းလို့လဲ" ဒါဒါငေါက်လိုက်တော့ ခေါင်းလေးကုတ်ပြီး သူ့စာအုပ်တွေကောက်ရင်း သူ့အခန်းဘက်ကိုပြန်သွားတော့သည်။
"မောနင်း ဒါဒါလေး" ကိုကိုနဲ့လှေကားထိပ်မှာဆုံတာနဲ့ လာနှုတ်ဆက်နေသည်။ကိုကို့ကိုမမြင်ချင်ယောင်ဆောင်ကာ အောက်သို့ဆင်းလာခဲ့လိုက်တော့ ကိုကိုက နောက်ကနေ လျှောက်စနေတော့သည်။မနက်စာစားပြီးတာနဲ့ ကိုကိုကသူ့ဆိုင်ကယ်လေးနဲ့ပဲကျောင်းသွားသည်မို့ ဒါဒါလည်း ဒါဒါ့ကားနဲ့ပဲနောက်ကလိုက်မောင်းသွားလိုက်သည်။"ဟဲလို မ မောင်စာမေးပွဲပြီးမှပဲ အလုပ်ပြန်ဝင်တော့မယ်နော် အင်း barကိုလည်းပြောထားပြီးပြီ မ နောက်နှစ်ပတ်နေရင် စဖြေရမှာ မောင်အရင်အိမ်မှာသွားနေမှာဒီနေ့ကစပြီး"မမဆီကဖုန်းဝင်လာတာနဲ့ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေလိုက်သည်။ညနေကျောင်းဆင်းတာနဲ့ ဒါဒါကိုကို့နောက်ကနေ လိုက်မောင်းနေလိုက်တော့ ကိုကို့ဆိုင်ကယ်ရပ်သွားပြီး "ဒါဒါ အိမ်ပြန်လိုက်တော့နော် ကိုကိုက အရင်အိမ်မှာသွားနေမှာမလို့ စာမေးပွဲပြီးရင်ပြန်တွေ့မယ်နော် စာသေချာကျက်" ကိုကိုကလှမ်းပြောလာသည်။ကိုကို့ကျောပြင်လေးကိုငေးရင်း ကိုကိုကဒါဒါ့ကိုတမင်ရှောင်ထွက်သွားတာလားလို့လည်းတွေးမိလာသည်။ဒါဒါ အိမ်ပြန်ရောက်တော့ အခန်းထဲတန်းဝင်လိုက်ကာ လှဲနားနေလိုက်သည်။