Unicode>>>>>
"မ မောင်ဆံပင်စည်းပေးမယ်" မောင်က ရိပ်ဆံပင်လေးတွေကိုစုစည်းပေးပြီး မျက်နှာပါသစ်ပေးနေသည်။"မောင့် ဒါဒါတို့က နာရီဝက်နေရင်လာမှာနော် မောင်လုပ်နေပုံနဲ့ တစ်နေကုန်တော့မယ်" ရိပ်ပြောလိုက်တော့ "မောင်ချိုးတာ နှစ်မိနစ်လောက်ပဲကြာတာပါ မ ရဲ့ စိတ်မပူနဲ့" မောင်ကရေလောင်းပေးနေသည်မို့ ရိပ်ဆပ်ပြာတိုက်လိုက်သည်။"တော်ပြီ မောင်ချိုးတော့ မောင်ရေကိုင်တာကြာနေပြီ" ရိပ်စောင်ပတ်ပြီးတာနဲ့ ရေချိုးခန်းကနေထွက်လာလိုက်ပြီး အဝတ်အစားဝတ်နေလိုက်သည်။ခဏနေတော့ မောင်ထွက်လာသည်မို့ အဝတ်အစားရွေးပေးလိုက်ကာ ဒါဒါတို့အလာကိုစောင့်နေလိုက်သည်။မောင်အကျီလဲနေတုန်းရောက်လာကြသည်မို့ ရိပ်အရင်အိမ်အပြင်ထွက်လိုက်ကာ သွားနှုတ်ဆက်လိုက်သည်။ခဏနေတော့ အိတ်တွေသယ်လာရင်း မောင်ထွက်လာကာ ရိပ်ကားထဲအိတ်တွေထည့်နေတော့သည်။
"ငါတို့နဲ့လာစီးကြဦးလေကွာ အဲ့မှာမကြပ်ဘူးလားစီးရတာ" ရှင်းလှမ်းအော်လိုက်တော့ "ငါနဲ့မြတ်လာခဲ့မယ်" ဆိုပြီး သက်ထက်ရက မြတ်ကိုခေါ်ကာဆင်းလာသည်။မြတ်တို့နှစ်ယောက် လက်တွဲလာတာမြင်တော့ ရှင်းကမျက်ခုံးပင့်ကြည့်နေကာ အကြည့်လွှဲသွားသည်။"မောင်လာလေ သွားရအောင်"ရှင်းကားပေါ်တက်လိုက်တော့ မြတ်နဲ့ သက်ထက်ရလည်း နောက်ခုံမှာဝင်ထိုင်လိုက်ကြသည်။ရှင်း ရှေ့ကနေမောင်းသွားလိုက်တော့ ဒါဒါတို့ကားလေးက နောက်ကလိုက်လာသည်။ရှင်း ကားနောက်ကြည့်မှန်လေးကနေ မြတ်ကိုကြည့်လိုက်တော့ ရှင်းကိုပြန်ကြည့်လာသည်မို့ အကြည့်လွှဲလိုက်ကာ "မ ဗိုက်ဆာပြီလား" ရှင်းမမကိုမေးလိုက်သည်။"မဆာသေးပါဘူးမောင်ရဲ့ ခရီးတစ်ဝက်ရောက်မှနားရင်းစားကြတာပေါ့" ရှင်း မမကိုခေါင်းငြိမ့်ပြလိုက်ပြီး ကားပဲဆက်မောင်းနေလိုက်သည်။ရှင်းတို့လမ်းတစ်ဝက်ရောက်တာနဲ့ ဆိုင်တစ်ဆိုင်မှာဝင်ထိုင်လိုက်ကြသည်။
"မောင့် အအေးလေးသောက်မလား ကားမောင်းရတာပင်ပန်းနေမှာပေါ့" ရိပ်ပြောလိုက်တော့ မောင့်သူငယ်ချင်းလေးတစ်ယောက်က "အမယ်ဗျာ ကျွန်တော်လည်း ကားမောင်းလာတာပါဗျ" ဝင်ပြောသည်မို့ ရယ်မိကြတော့သည်။"ကိုကို့ ကိုကို့ကိုပြောစရာရှိတယ်သိလား" ဒါဒါက လှမ်းပြောတော့ ရှင်းမော့ကြည့်လိုက်တာနဲ့ "ကိုကို့ရဲ့အဲ့သူငယ်ချင်းလေ ဒါဒါ့သူငယ်ချင်းလေးကိုယူသွားတယ်" ဒါဒါလက်ညှိုးထိုးတဲ့ဘက်ကြည့်လိုက်တော့ "ဘုန်းမြတ်ကျော်"။ရှင်းအော်လိုက်တော့ "ဟာ ဘာလဲကွ အလန့်တကြားနဲ့" ဆိုပြီး ဆွေလဲ့ကို လက်သွားကိုင်တော့သည်။"ဒါဆို ငါတို့အဖွဲ့ကစုံတွဲလိုက်တွေပေါ့" မြတ်ကိုကြည့်ပြီးတမင်ရွဲ့ပြောလိုက်တော့ "အေး" ဆိုပြီး သက်ထက်ရက ပြုံးဖြီးဖြီးနဲ့ပြောလာသည်။ ရှင်း မြတ်ကိုစိုက်ကြည့်လိုက်တော့ ခေါင်းလေးငုံ့သွားကာ ဖုန်းပွတ်နေတော့သည်။