အပိုင်း ( ၁ )

2.8K 128 1
                                    

Unicode>>>>>

"ဗျာ မေမေတကယ်ဆုံးဖြတ်ချက်ချပြီးပြီလား" ရှင်း မေမေ့မျက်နှာကိုကြည့်ပြီးမေးလိုက်တော့ "မေမေသေချာဆုံးဖြတ်ပြီးပါပြီ ကိုဦးကလည်း မေမေ့ကိုငယ်ငယ်ကအတိုင်းပဲ ချစ်ပေးရှာပါတယ် ရှင်း မေမေတို့ကိုတားချင်သေးလားဟင်" မေမေကမျက်နှာငယ်လေးနဲ့ပြန်ပြောတာနဲ့ "မေမေရယ် ရှင်းမတားပါဘူး မေမေစိတ်ချမ်းသာမယ်ဆိုရင်လေ ရှင်းအကုန်လက်ခံပါတယ်ဗျာ ဒါနဲ့ ဒီတိုက်လေးကနေ ရှင်းတို့ရွှေ့ရမှာလား" ရှင်းဝမ်းနည်းစွာနဲ့ပဲမေးလိုက်သည်။"အင်းပေါ့ ရှင်းရဲ့ ရွှေ့ရမှာပေါ့" ရှင်းပါးလေးကိုကိုင်ပြီး မေးသမျှဖြေနေတဲ့မေမေ့ကိုလည်းစိတ်မဆင်းရဲစေချင်၊လောကကြီးကနေထွက်သွားနှင့်ပြီဖြစ်တဲ့ဖေဖေ့ပုံရိပ်တွေကိုလည်း ဒီတိုက်လေးထဲမှာ မြင်ယောင်နေမိရင်း "ရှင်းမေမေ့ကိုတောင်းဆိုစရာတစ်ခုရှိတယ် ဒီတိုက်လေးကို မရောင်းပါနဲ့နော် ရှင်းအတွက်ဖေဖေနဲ့ပတ်သက်တဲ့အမှတ်တရဆိုလို့ ဒါလေးပဲရှိလို့ပါ"ရှင်းကျလာတော့မယ့်မျက်ရည်စက်တွေထိန်းရင်း အားတင်းပြောလိုက်တော့ မေမေကသဘောတူပေးလာသည်။ရှင်းဒီလောကကြီးမှာ တွယ်တာစရာဆိုလို့ မေမေပဲရှိသည်မဟုတ်လား။မေမေ့စိတ်မချမ်းသာအောင်တော့ ရှင်းဘယ်တော့မှလုပ်မှာမဟုတ်ပါဘူးလေ။

"ရှင်း ဒါဆိုမေမေ ဒီကားနဲ့ပဲလိုက်သွားနှင့်လိုက်မယ်နော် ရှင်း ဆိုင်ကယ်ဖြည်းဖြည်းစီးရင်း နောက်ကလိုက်ခဲ့ပေါ့" ရှင်းမေမေ့ကိုခေါင်းငြိမ့်ပြလိုက်တော့ ရှင်းရဲ့ပထွေးး အင်း မေမေ့အချစ်ဦးနဲ့အတူ ကားနဲ့ပါသွားတော့သည်။ပရိဘောဂပစ္စည်းတွေလည်း အရင်အိမ်မှာပဲအကုန်ထားခဲ့တာမို့ ဖေဖေ့အငွေ့အသက်လေးတွေကတော့ ဒီတိုင်းကျန်ခဲ့နေလေသည်။ရှင်း အိမ်တံခါးတွေအကုန်ပိတ်ပြီးတာနဲ့ ခြံတံခါးသော့ခတ်ကာ မေမေတို့ပေးခဲ့တဲ့လိပ်စာအတိုင်း နောက်ကနေလိုက်သွားလိုက်သည်။စိတ်ထဲမှာတော့ အလိုမကျမှုများစွာနဲ့မို့ သက်ပြင်းသာအခါခါချမိတော့သည်။"ဖေဖေ ဖေဖေကလေ ဒါဒါ့ဘက်ကိုတစ်ချက်လေးမှကို မကြည့်ဘူး ဖေဖေလုပ်ချင်တာပဲဇွတ်လုပ်တာ ပြီးမှ ဒါဒါ့ကိုအသိပေးတာ သူတို့ရှိရင် ဒါဒါ ဒီအိမ်မှာမနေဘူး" ဖေဖေကဒါဒါ့ကိုမချစ်တော့ဘူး ဆိုတဲ့စိတ်တွေနဲ့ ဖေဖေနဲ့ သူ့နောက်မိန်းမရှေ့ကနေ ခရီးဆောင်အိတ်ဆွဲပြီး အိမ်ရှေ့ထွက်တော့ ဖေဖေက အိတ်ကိုလိုက်ဆွဲသည်မို့ အိတ်ထားခဲ့ကာ ခြံအပြင်ဘက် ငိုရင်းပြေးထွက်လာခဲ့တော့သည်။

အနှောင်အဖွဲ့ ( Completed )Donde viven las historias. Descúbrelo ahora