အပိုင်း ( ၂၄ )

951 61 1
                                    

Unicode>>>>>

ရှင်းမေးစေ့ရော နှာခေါင်းရော အောင့်သွားသည်မို့ မျက်ရည်တောင်ကျမိလာသည်။ရှင်း ဒါဒါ့ကိုပြန်ကြည့်လိုက်တော့ "ပိုင်းလုံးကောင် အမေနဲ့တစ်ထေရာတည်းပဲ"။ ရှင်းစိတ်မထိန်းနိုင်ပဲ ဒါဒါ့လည်ပင်းကိုဆုပ်ကိုင်လိုက်ပြီး လက်သီးနဲ့မျက်နှာကိုရွယ်လိုက်တော့ "စားပြီးနားမလည်ကောင်၊ တာဝန်မယူတတ်တဲ့အကောင် လုပ်ရဲရင်လုပ်ကြည့်လိုက်လေ" ဒါဒါ့စကားတွေကြားမှာ ရှင်းသေမတတ်ခံစားရသည်မို့ လွှတ်ပေးလိုက်ကာ ရှင်း ဒါဒါ့ရှေ့ဒူးထောက်လိုက်သည်။"ငါ့ကိုကြိုက်သလောက်ပြောလို့ရတာမို့ မေမေ့ကိုတော့ အဲ့ဒီစကားလုံးတွေမသုံးပါနဲ့ ငါတောင်းပန်ပါတယ် မင်းကျေနပ်တဲ့အထိ ငါဒူးထောက်ပေးပါ့မယ် ပြီးရင် မင်းဘေးနားကနေ ငါထွက်သွားပေးမှာမို့ မေမေ့သိက္ခာကိုတော့ ထပ်မစော်ကားပါနဲ့" ရှင်းဒူးထောက်လိုက်ရင်း ခေါင်းငုံ့ပြီး ပြောလိုက်သည်။ရှင်းရင်ထဲမှာတော့ သေမတတ်ကိုနာကျင်နေရသည်။

တံခါးအပြင်ဘက်ကနေရပ်ကြည့်နေတဲ့ဖေဖေရာမေမေပါငိုနေကြသည်မို့ ရှင်းပိုပြီးစိတ်မကောင်းဖြစ်ရသည်။"အော် ငိုနေတာတဲ့လား သနားစရာပဲနော်" ဒါဒါ ရှင်းမျက်နှာကို‌ဆွဲမော့လိုက်ပြီး ပြောနေတော့ ရှင်းမျက်ရည်တွေပိုကျလာမိသည်။"ဘာတဲ့ ဒါဒါကိုရှင်ပိုင်လို့ ဒါဒါ့အိမ်ကိုလည်း ရှင်ပိုင်တာပေါ့တဲ့ ဟုတ်လား" ဒါဒါ ရှင်းကိုတွန်းလှဲပစ်သည်မို့ ရှင်းကြမ်းပြင်ပေါ်ဖင်ထိုင်လျက် ကျသွားသည်။"ဖေဖေ မေမေ တံခါးပိတ်ခဲ့ပြီး ပြန်လိုက်ပါတော့" ရှင်းမေမေတို့ကိုကြည့်ပြီး ခေါင်းငြိမ့်ပြောလိုက်တော့ တံခါးလေးပိတ်သွားပေးတော့သည်။ဒီလိုမြင်ကွင်းနဲ့ လူကြီးတွေကိုစိတ်ဒုက္ခမပေးချင်လို့ ရှင်းတမင်ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။မေမေတို့အောက်ဆင်းသွားတာနဲ့ ဒါဒါကရှင်းကိုစိုက်ကြည့်ပြီး တံခါးကိုဂျက်သွားချတာနဲ့ ရှင်းသက်ပြင်းရှည်ချလိုက်ကာ မျက်လုံးမှိတ်လိုက်တော့ မျက်ရည်ပူတွေက ပိုစီးကျလာသည်။"ထ အခုထလို့ပြောနေတယ်" ဒါဒါလာအော်နေတာနဲ့ ရှင်းမတ်တပ်ထရပ်လိုက်သည်။

"ဒါဒါ့ကိုရှင်ပိုင်တယ်ဟုတ်လား ရှင့်လိုအပေါစားကောင်ပါးစပ်က ဒါဒါ့ကိုပိုင်တယ်ပြောရဲတယ်ပေါ့ ဟုတ်လား" ဒါဒါတစ်ခွန်းပြောလိုက် ရှင်းမျက်နှာကို စာအုပ်အထူနဲ့တစ်ခါရိုက်လိုက်နဲ့မို့ ရှင်းနှုတ်ခမ်းထောင့်မှာ သွေးစလေးတွေတောင်ထွက်လာသည်။ရှင်း‌ သွေးတွေကိုသုတ်လိုက်ရင်း "တော်ပြီလား ထပ်ရိုက်ချင်သေးလား" မေးတော့ ဒါဒါမျက်ရည်တွေကျလာသည်။ရှင်း ခရီးဆောင်အိတ်ကိုဆွဲပြီး အခန်းအပြင်ထွက်လာခဲ့တော့ "ကိုကို့ ဒါဒါ့ကိုမထားသွားပါနဲ့" ဒါဒါနောက်ကနေ ပြေးလိုက်လာကာ ရှင်းကိုနောက်ကနေဖက်ထားပြန်သည်။"ကိုကို့ကိုချစ်တယ်" ဒါဒါငိုရင်းပြောလိုက်တော့ "ငါ့ကိုချစ်ပေးတာကျေးဇူးတင်ပါတယ် ဒါပေမဲ့ မင်းကိုငါမချစ်ဘူး" ရှင်း ဒါဒါ့လက်တွေကိုဆွဲဖယ်လိုက်ရင်း လှေကားကနေ ဆင်းလာခဲ့တော့သည်။"မေမေ ရှင်းဟိုအိမ်မှာပဲနေမှာမလို့ စိတ်မပူပါနဲ့ ရှင်းနေ့တိုင်းဖုန်းဆက်ပါ့မယ် မုန့်တွေလည်းလာမပို့ပါနဲ့" ရှင်း မေမေတို့ကိုပြောပြီးတာနဲ့ ဆိုင်ကယ်ပေါ် အိတ်တင်လိုက်ကာ အရင်အိမ်ဘက်သို့ထွက်လာခဲ့တော့သည်။

အနှောင်အဖွဲ့ ( Completed )Tempat cerita menjadi hidup. Temukan sekarang