Unicode>>>>>
"မောင့် စောင်လေးခြုံထားဦး" ရိပ် မောင့်ကိုစောင်လှမ်းပေးလိုက်တော့ "မကိုပဲဖက်ထားချင်တယ်"ဆိုပြီး လက်နှစ်ဖက်ကိုဆန့်ပြတာနဲ့ ရိပ် မောင့်ရင်ခွင်ထဲဝင်ကာ မောင့်ကိုဖက်ထားလိုက်သည်။ရိပ်ကျောပေါ် မောင့်မျက်ရည်လေးတွေ ကျနေတာနဲ့ "မငိုပါနဲ့တော့မောင်ရယ် လာပါ အထဲဝင်ရအောင်နော် အပြင်ကအရမ်းအေးတယ် မောင်ဖျားနေလိမ့်မယ်" ရိပ်မောင့်ကိုချော့ခေါ်လာခဲ့တော့သည်။Tentထဲရောက်တော့ ဒါဒါနဲ့ခပ်လှမ်းလှမ်းမှာထိုင်ပြီး "မောင့်ညီမလေးက သနားစရာလေးပါကွာ မောင့်အပြစ်တွေပါ မောင့်အပြစ်တွေပါ" မောင် ကို့မျက်နှာကိုလက်သီးနဲ့ထိုးကာ ငိုနေပြန်သည်မို့ ရိပ်လည်းငိုရင်းတားနေရသည်။"မောင့်အပြစ်မဟုတ်ပါဘူးမောင်ရယ် မလုပ်ပါနဲ့တော့ မောင် ဒါဒါလေးကိုလက်ထပ်ချင်လည်းရတယ် မ ကြည်ဖြူတယ်နော်"ရိပ်ပြောလိုက်တော့ "မောင်မှ မနဲ့မခွဲနိုင်ပဲ" ရိပ်ကိုဖက်ပြီးငိုနေတော့သည်။မောင့်အသံတွေကြောင့် ဒါဒါလည်းပြန်နိုးလာကာ မောင့်ရှေ့မှာ ဒူးထောက်ပြီး "ကိုကိုတောင်းပန်ပါတယ်"ချည်းပြောကာ ငိုနေပြန်တော့သည်။
ရိပ်တို့မနက်ရောက်တော့ သုံးယောက်လုံးစိတ်အခြေအနေမကောင်းတာနဲ့ ကမ်းခြေကနေပြန်လာခဲ့တော့သည်။ မောင့်မေမေက သုံးယောက်လုံးနဲ့တွေ့ချင်တယ်ပြောတာနဲ့ ဒါဒါတို့အိမ်ကိုပဲ သွားလိုက်ကြသည်။ဧည့်ခန်းထဲမှာ စကားသံတွေတိတ်ဆိတ်နေကြသည်။"မင်း ဒါဒါကိုတော့ လက်ထပ်လို့မရဘူး ရှင်း"မေမေအရင်စကားစလာကာ "အများအမြင်မှာ မင်းတို့ကမောင်နှမ ကို့ညီမလေးကိုလုပ်ရက်တဲ့ရှင်းကိုလည်း ဖေဖေစိတ်နာချင်တယ် ဒါဒါလေးကမင်းကိုသိပ်ချစ်လို့ အလိုတူလိုက်တာနဲ့ပဲ မင်းကို့ညီမလေးအပေါ် မှားခဲ့တယ် အဲ့ဒီအတွက်တော့ မင်းပြန်ပေးဆပ်ရမှာပဲ" ဖေဖေကပါ ဝင်ပြောလာသည်။"ဒါဆို ရှင်းဘယ်လိုလုပ်ရမလဲ"မေးလိုက်တော့ "ရိပ်ကိုပဲမင်းလက်ထပ်ပါ ဒါဒါ့ကိုငါတို့အရိပ်အောက်မှာပဲထားမယ် ဒါဒါမင်းကိုတွေ့ချင်တယ်ပြောရင် မင်းရောက်လာရမယ် ကျန်တဲ့အချိန် မင်းရိပ်နဲ့အတူ အရင်အိမ်မှာသွားနေပါ ပြီးတော့ ဒါဒါမင်းကိုမခေါ်ရင် ဒီအိမ်မှာမင်းနေခွင့်မရှိဘူး ဒါဒါကျောင်းမပြီးမချင်း မင်းဒါဒါနဲ့အတူမနေရဘူး"ဖေဖေ့စကားကို ရှင်းခေါင်းငြိမ့်ပြလိုက်သည်။