အပိုင်း ( ၉ )

1K 77 0
                                    

Unicode>>>>>

"မောင် ညတုန်းက ဒါဒါနဲ့ဖြစ်ခဲ့သေးလား"နွေမေးလိုက်တော့ "မ မောင့်ကိုဘယ်လိုတောင်မေးလိုက်တာလဲ ဒါဒါက မောင့်ညီမလေးလေ မောင်ဘယ်တော့မှအဲလိုလုပ်မှာမဟုတ်ဘူး" မောင်စိတ်တိုသွားပုံရတာမို့ "မောင့်ကိုစွပ်စွဲတာမဟုတ်ပါဘူး မောင်လုပ်လည်း မ ကနားလည်ပေးမှာပါ မောင်ဘာလုပ်လုပ် မ ကိုအမှန်အတိုင်းပြောစေချင်ရုံပါ" ရိပ်ပြန်ရှင်းပြလိုက်သည်။"မ မောင့်ကို မ ယုံကြည်ပေးမှရမှာ ဘယ်သူတွေဘာပြောပြော မောင့်ကိုယုံကြည်ပေးပါ မောင် မနဲ့ မဝေးချင်ဘူး" ရိပ်ရဲ့လက်ကလေးကိုဆုပ်ကိုင်လာပြီး ပြောနေသည်မို့ ရိပ်ကျေနပ်သွားကာ မောင့်နှုတ်ခမ်းကိုအနမ်းပေးလိုက်ပြီး နှုတ်ဆက်ရင်း ကျောင်းရှေ့မှာချထားခဲ့ကာ ကော်ဖီဆိုင်သို့ပြန်ထွက်လာခဲ့လိုက်တော့သည်။ရှင်းစိတ်ထဲတော့ မမရိပ်ကိုတကယ်ချစ်မိပြီထင်တာပဲ။မမရိပ်လိုမိန်းကလေးမျိုးက ငြင်းရက်စရာမှမရှိပဲ‌။ရှင်းထက် ငါးနှစ်ကြီးပြီး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ မာနကြီးပေမဲ့ ရှင်းနဲ့တွေ့ရင် ကလေးလိုလေးဖြစ်သွားတာကို ရှင်းသဘောကျသည်လေ။ရှင်း မမအကြောင်းတွေးနေရင်း ပြုံးလိုက်ပြီး ကျောင်းထဲဝင်ခဲ့လိုက်ကာ မြတ်တို့နဲ့ဆုံနေကျနေရာကိုသွားလိုက်တော့သည်။

ရှင်း မြတ်တို့ကိုမြင်တော့ အားရဝမ်းသာနဲ့ မြတ်တို့ဆီပြေးသွားခိုက် မြတ်ခေါင်းငြိမ့်ပြလိုက်သည်ကိုမြင်လိုက်ရသည်။ထို့အတူ မြတ်ကိုတစ်ဖက်သတ်ချစ်နေတဲ့ ဘုန်းမြတ်ကျော်က မြတ်ခါးလေးကိုဖက်လိုက်တာကိုလည်း လှမ်းမြင်လိုက်ရသည်မို့ ရှင်းခြေလှမ်းတွေတန့်သွားကာ လူကယိုင်လဲပစ်ချင်လာသည်။ရှင်း ကို့စိတ်ကိုယ် နားမလည်နိုင်တော့။ရှင်းတကယ်ချစ်တာဘယ်သူလဲဆိုတာလည်း မစဉ်းစားနိုင်။ရှင်းသက်ပြင်းချလိုက်ပြီး ရင်နာနာနဲ့ မြတ်တို့စားပွဲမှာ ဝင်ထိုင်လိုက်ကာ ပုံမှန်အတိုင်းနှုတ်ဆက်လိုက်သည်။အကုန်လုံးက မြတ်တို့နှစ်ယောက်ကို ချီးကျူးစကားတွေနဲ့ တစ်ဝိုင်းပေးဖို့ပဲပြောနေကြသည်မို့ "သက်ထက်ရ ငါအရင်အခန်းထဲဝင်နှင့်တော့မယ်" ရှင်း နှုတ်ဆက်လိုက်ကာ စားပွဲဝိုင်းမှထလာခဲ့တော့သည်။"ရှင်း မြတ်ပြောစရာရှိလို့ မြတ်လည်းလိုက်ခဲ့မယ် မြတ်သွားနှင့်တော့မယ်နော်" မြတ် ပြောပြီးတာနဲ့ ရှင်းနောက်ကနေလိုက်သွားလိုက်သည်။လူနည်းနည်းရှင်းတဲ့နေရာရောက်တော့ ရှင်းခြေလှမ်းတွေရပ်လိုက်သည်။

အနှောင်အဖွဲ့ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin