အပိုင်း ( ၁၀ )

1.1K 82 0
                                    

Unicode>>>>>

"ကိုကို ဒါဒါရှင်းပြမယ် ကိုကိုထင်သလိုမဟုတ်ဘူး" ဒါဒါ ကိုကို့နားကပ်ပြီး ပြောလိုက်တော့ "ငါ့ကိုလာရှင်းပြစရာမလိုပါဘူး ကို့ထိုက်နဲ့ကို့ကံပဲ ဒေါ် နန္ဒာဝင့်ဦး" ရှင်းပြန်ပြောလိုက်သည်။"ကိုကို ဘာလို့အဲ့လောက်ဒေါသထွက်နေရတာလဲ" ဒါဒါထပ်မေးလိုက်တော့ သောက်လက်စဆေးလိပ်ကို မီးသတ်လိုက်ပြီး "ငါဘာလို့ ဒေါသထွက်နေလဲဟုတ်လား" ဒါဒါ့ကိုဝါးစားမတတ် ကြည့်နေ တော့သည်။ "အဲ့ကောင်အကြောင်း မင်းဘယ်လောက်သိလို့လဲ မင်းစိတ်ရှိလက်ရှိနမ်းနေတဲ့အဲ့စောက်ကောင်ကြောင့် ဘဝပျက်သွားတဲ့မိန်းကလေးဘယ်နှစ်ယောက်ရှိတယ်လို့မင်းထင်လဲ" ဒါဒါ့ကိုပြောနေရင်းကနေ ကိုကိုမျက်ရည်တွေကျလာပြီး "ဟာ...ဟာ...ဟာ" နံရံကိုလက်သီးနဲ့ပိတ်ထိုးနေတော့သည်။"ကိုကို မလုပ်ပါနဲ့တော့ မလုပ်ပါနဲ့ ဒါဒါမှားသွားပါတယ် ဒါဒါ ကိုကိုသဝန်တိုအောင်လုပ်မိတာပါ" ဒါဒါ ကိုကို့ခါးလေးကိုနောက်ကနေဖက်ရင်းပြောလိုက်တော့ ဒါဒါ့လက်တွေကိုပြန်ဆုပ်ကိုင်ရင်း ကိုကိုငိုနေတော့သည်။

"ဒါဒါ ရှင်း မေမေတို့ဝင်လာခဲ့ရမလား" မေမေ့အသံကြားတာနဲ့ "မလာပါနဲ့ ရပါတယ်မေမေ ဘာမှမဖြစ်ပါဘူး" ဒါဒါ ကိုကို့အစားပြန်ဖြေလိုက်သည်။ကိုကို့လက်မှာလည်းသွေးတွေထွက်နေသည်မို့ "ကိုကို ဒါဒါဆေးထည့်ပေးမယ်နော်" ဒါဒါ ကိုကို့လက်တွေကိုဆွဲကိုင်လိုက်ပြီး အိပ်ယာပေါ်ထိုင်ခိုင်းလိုက်ကာ ဆေးထည့်ပေးနေလိုက်သည်။"ကိုကို ဒါဒါတောင်းပန်တယ်နော် ဒါဒါနောက်မလုပ်တော့ပါဘူး" ဒါဒါတောင်းပန်လိုက်တော့ "barကိုဘယ်တော့မှမလာတော့ဘူး အဲ့ကောင်နဲ့မတွေ့ပါဘူးဆိုတဲ့ကတိပေး" ကိုကိုပြောတဲ့အတိုင်း ဒါဒါကတိပေးလိုက်တော့ ကိုကို့မျက်နှာလေး ပြန်ကြည်လာသည်။ဆေးထည့်ပြီးသွားတော့ "ဒါဒါ ကိုကို့စကားနားထောင်နော် ကိုကိုကစိတ်ပူလို့ပြောနေတာ" ရှင်းပြောလိုက်တာနဲ့ မျက်ရည်လေးဝဲတဲတဲနဲ့ "ဟုတ် ကိုကို ဒါဒါလိမ္မာပါ့မယ်" ပြန်ပြောလာသည်မို့ ရှင်း ဒါဒါ့ကိုဆွဲဖက်ထားလိုက်တော့သည်။ဒါဒါ ကိုကို့ကိုပြန်ဖက်လိုက်ရင်း မျက်ရည်တွေကျမိနေတော့သည်။

"ဒါဒါ သွားအိပ်လိုက်တော့နော်" ရှင်းချော့ပြောလိုက်တော့ "ကိုကို့ကိုစိတ်မချဘူး" ဆိုပြီးအတင်းဖက်နေသည်မို့ "ကိုကိုချော့သိပ်ပေးမယ်လေ နော် လာ သွားအိပ်ရအောင်နော်" ပြောလိုက်တာနဲ့ ခေါင်းငြိမ့်လာသည်မို့ ဒါဒါ့လက်ကလေးကိုဆွဲလိုက်ကာ အခန်းတံခါးကိုဖွင့်လိုက်တော့ ဖေဖေနဲ့မေမေက အခန်းရှေ့မှာရပ်စောင့်နေကြသည်။"စိတ်မပူပါနဲ့မေမေတို့ ရှင်း ဒါဒါ့ကိုချော့သိပ်လိုက်ဦးမယ်နော် မေမေတို့လည်းသွားအိပ်ကြပါတော့" ရှင်းပြောပြီးတာနဲ့ ဒါဒါ့အခန်းဘက်သွားလိုက်သည်။အခန်းတံခါးဖွင့်ဝင်ပြီးတာနဲ့ ဒါဒါ့ကိုပွေ့ချီလိုက်ကာ ဆိုဖာခုံရှည်ပေါ်ဝင်ထိုင်လိုက်သည်။"ကိုကို ဒါဒါ့ကိုချော့သိပ်ဖို့ဆို" ဒါဒါမေးလိုက်တော့ "ချော့သိပ်မလို့ပဲလေ" ဆိုပြီး ဒါဒါ့ကိုသူ့ဘေးမှချထားသည်။"လာ ကိုကို့ပေါင်ပေါ်ခေါင်းတင်အိပ်" ကိုကိုပြောတာနဲ့ ဒါဒါလှဲအိပ်လိုက်တော့ ဒါဒါ့ဆံပင်လေးတွေကိုသပ်ပေးရင်း သီချင်းဆိုကာ ချော့သိပ်နေတော့သည်။ခဏနေတော့ ဒါဒါအိပ်ပျော်သွားသည်မို့ ရှင်း ဒါဒါ့ခေါင်းလေးကိုမပြီး ခေါင်းအုံးခုထားလိုက်သည်။ရှင်း အောက်ဆင်းထိုင်လိုက်ပြီး ဒါဒါ့လက်ကလေးကိုဆုပ်ကိုင်ထားကာ စောင့်နေရင်းနဲ့ပဲ အိပ်မောကျသွားတော့သည်။

အနှောင်အဖွဲ့ ( Completed )Wo Geschichten leben. Entdecke jetzt