Unicode>>>>>
"ဒါဒါ ကိုကို့ကိုယုံလား" ရှင်းမေးလိုက်တော့ ခေါင်းငြိမ့်ပြတာမို့ "ကိုကိုရှိနေသ၍ ဘယ်သူမှ ဒါဒါ့ကိုထိခိုက်အောင် မလုပ်စေရဘူး ကိုကိုကာကွယ်ပေးမယ် ဟုတ်ပြီလား" ရှင်းချော့ပြောလိုက်တော့ ငိုတာရပ်သွားပြီး "ကိုကို့ကိုချစ်တယ်" ဆိုပြီး ဖက်ထားတော့သည်။"ဒါဒါ တစ်ညလုံးငိုနေတာဆို ကိုကိုချော့သိပ်ပေးမယ် တစ်ရေးလောက်အိပ်လိုက်နော်" ရှင်းချော့လိုက်ကာ ဒါဒါလှဲနေတဲ့ဘေးမှာ ထိုင်လိုက်ပြီး ကျောလေးပုတ်ပေးလိုက်တော့ ကလေးလေးတစ်ယောက်လို အိပ်သွားတော့သည်။မေမေတို့ပါ အခန်းထဲဝင်လာတာမို့ ရှင်းအပြင်ကိုခေါ်လာခဲ့လိုက်ကာ "ဒါဒါ စိတ်အခြေအနေအရမ်းတော့မဆိုးပါဘူး လောလောဆယ်တော့ ရှင်းရော ဒါဒါရော အပြင်ထွက်ဖို့မလွယ်လောက်သေးဘူး" ရှင်းပြောလိုက်တော့ ဒါဒါဖေဖေ့က ရှင်းကိုတောင်းပန်နေရှာသည်။မေမေကလည်း ရှင်းကိုဖက်ကာ ငိုနေသည်မို့ နှစ်ယောက်လုံးကိုချော့လိုက်ကာ ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းရှာမယ့်အကြောင်း ပြောပြီး အခန်းပြန်နားကြဖို့ ပြောလိုက်တော့သည်။
ရှင်းအခန်းဘက်ကိုပြန်လာလိုက်ကာ မမဆီဖုန်းဆက်လိုက်သည်။"ဟဲလို မ အင်း သူအဆင်ပြေပါတယ် အိပ်သွားပြီ မောင်ဘာမှမဖြစ်ပါဘူး မ မောင့်ကိုယုံကြည်နေပေးဖို့ပဲလိုတာပါ ဟုတ်တယ် အဲ့ဒီကောင်လက်ချက်ပဲဖြစ်မှာ အင်း သက်ထက်ရကိုအကူအညီတောင်းကြည့်ရမှာပဲ ဟုတ် မ လည်းဂရုစိုက်နေနော် အင်း မောင်လောလောဆယ်တော့ ဒီအိမ်မှာပဲရှိမှာမို့ အင်းပါ ဒီcaseရှင်းပြီးသွားရင် မောင်တို့အိမ်မှာ အတူတူနေကြမယ် နော် အင်းး ဘိုင့် အာဘွား" မမနဲ့ပြောပြီးတာနဲ့ ရှင်းရေချိုးနေလိုက်သည်။ရှင်းအဝတ်အစားလဲနေတုန်း ဒါဒါ့အခန်းဘက်ကအသံကြားရသည်မို့ အကျီအမြန်ဝတ်ပြီးပြေးသွားလိုက်သည်။မေမေတို့လည်းအသံကြားလို့ထင်ပါရဲ့ အပေါ်ကိုပြေးတက်လာကြသည်မို့ ရှင်းအချက်ပြလိုက်ကာ အခန်းအပြင်ကပဲစောင့်ခိုင်းလိုက်သည်။"ဒါဒါ ဘာဖြစ်တာလဲ" ရှင်းအထဲဝင်သွားတော့ ကုတင်ခြေရင်းမှာ ထိုင်ပြီး လူတစ်ကိုယ်လုံးတုန်နေသည်မို့ ရှင်းဖက်ထားလိုက်ကာ အခန်းထဲကိုသေချာလိုက်ကြည့်လိုက်သည်။ ရေခွက်ကျကွဲထားတာပဲ ဒါဒါ ဖန်ခွက်ကျကွဲသံကိုကြောက်သွားတာများလား။ရှင်း ကို့ကိုယ်ကိုသာအပြစ်တင်မိတော့သည်။