အပိုင်း ( ၈ )

1.1K 90 4
                                    

Unicode>>>>>

"မ မောင် မကိုချစ်တယ်" မောင့်ဆီကနေ ကြားရတာမို့ ရိပ်မယုံနိုင်။"မောင်တကယ်ပြောနေတာလား" ရိပ်ထပ်မေးလိုက်တော့ "ဟုတ်တယ် မကိုချစ်တယ် တကယ်ချစ်တယ်" မောင်ပြန်ဖြေလာသည်။ရိပ်ခုနကပူလောင်နေ‌တာတွေတောင်ပျောက်သွားသလိုပင်။ရှင်း မမနဲ့ဖုန်းပြောပြီးတာနဲ့ အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။"ကိုကို တစ်ယောက်ယောက်ကိုတကယ်ချစ်တတ်နေပြီပေါ့ဟုတ်လား" ဒီကောင်မလေးနှယ် ဘယ်ကတည်းကနိုးနေတာပါလိမ့်။သူပဲအကုန်မြင်၊အကုန်ကြားနေတော့တာပဲ။ "အချစ်ဆိုတာဘာလဲတောင် ကိုကိုသေချာမသိဘူး" ရှင်းပြန်ဖြေလိုက်တော့ "ကိုကိုကအမြဲတမ်းကိုညာနေတာပဲနော်"တဲ့။ရှင်းရယ်လိုက်ပြီး "ဒီလောက်ညာတတ်တဲ့ကိုကို့ကို ဘာလို့ချစ်ချင်နေရတာလဲ" မေးလိုက်တော့ "ဒါတွေ ကိုကိုမသိပါဘူး" ဆိုပြီး အကျီချွတ်နေပြန်တော့ ရှင်းမျက်လုံးပြူးသွားပြန်သည်။တစ်နေ့တည်းနဲ့မိန်းကလေးနှစ်ယောက်နဲ့ဖြစ်ရအောင် ရှင်းအဲ့လောက်အထိတော့ မပွေသေးပါဘူး။"ကိုကို ဘာတွေလန့်နေတာလဲ အိုက်လို့ချွတ်တာပါ ကိုကိုမမြင်ချင်ရင် ဟိုဘက်လှည့်နေပေါ့" ဒါဒါပြောလိုက်တော့ ကိုကို့မျက်နှာကြီးကနီရဲနေတာမို့ ရယ်တောင်ရယ်ချင်မိသည်။

"အင်းအင်း ဒါဆိုလည်း စောင်ခြုံပြီးအိပ်တော့" ရှင်း စောင်ကိုပစ်ခြုံပေးလိုက်ကာ ရေချိုးခန်းထဲဝင်လိုက်ပြီး ရေချိုးနေလိုက်သည်။ရှင်း ရေချိုးခန်းထဲကထွက်လာတော့ "ကိုကို့ သဘက်စောင်"ဆိုပြီး ကိုယ်လုံးတီးနဲ့ ဒါဒါထွက်လာသည်မို့ "ဒါဒါရာ ဘယ်လိုတွေနေနေတာလဲ" ရှင်း စောင်အမြန်ယူလိုက်ကာ ဒါဒါ့ကိုပတ်ပေးလိုက်သည်။ ရှင်းစောင်ပတ်ပေးနေတုန်း ရှင်းကိုယ်ပေါ်တက်ခွသည်မို့ စောင်ဖရိုဖရဲနဲ့ ရှင်းပေါ်ရောက်လာသည်။ မမြင်ချင်လည်းမြင်နေရတာမို့ ရှင်းစိတ်လျော့လိုက်ကာ  ဒါဒါ့ကိုအိပ်ယာပေါ်ချပေးပြီး "ဒါဒါ အဲလိုတွေလုပ်နေလည်း ကိုကိုရင်မခုန်ဘူးနော် ကို့ကိုယ်ကိုတန်ဖိုးထားမှ ကိုကိုကချစ်တာ" ရှင်းပြောလိုက်တော့ "ဒါဒါ့ကို မိန်းမပျက်လို့ ကိုကိုပြောချင်တာလား" ဒါဒါ့မေးခွန်းတွေက ရှင်းကိုတကယ်အကြပ်ရိုက်စေသည်။"ကိုကို့ညီမလေးကိုချစ်လို့ ပြောတာပါ ဘယ်တုန်းကမှ အဲလိုမထင်ခဲ့ဖူးပါဘူး" ရှင်းပြန်ပြောလိုက်တော့ ရှင်းအကျီစကိုဆောင့်ဆွဲလိုက်သည်မို့ ရှင်းအိပ်ယာပေါ်ပက်လက်ကျသွားသည်နှင့် ရှင်းရဲ့နှုတ်ခမ်းတွေကိုစနမ်းနေတော့သည်။

အနှောင်အဖွဲ့ ( Completed )Where stories live. Discover now