အပိုင်း ( ၇ )

1.2K 98 0
                                    

Unicode>>>>>

ရှင်း မမကိုအကြာကြီးဖက်ထားလိုက်ပြီးနောက် "မ အအေးပတ်နေတော့မယ် အကျီပြန်ဝတ်လိုက်တော့နော်" ရှင်း ထပြီး မ ကိုအကျီပြန်ဝတ်ပေးလိုက်သည်။ "မောင်ကတို့ကို မ လို့ခေါ်လိုက်တာလား" ရှင်းခေါင်းငြိမ့်ပြလိုက်တော့ ကလေးတစ်ယောက်လိုပျော်နေတော့သည်။*ကျွန်တော် မမရိပ်ကို ချစ်မိနေပြီထင်တယ်ဗျာ*လို့ရှင်းစိတ်ထဲတွေးရင်းရယ်နေလိုက်သည်။"မောင် ပြန်တော့မယ် ညကျbarသွားရမှာနဲ့" ရှင်း မမရိပ်ကိုနှုတ်ဆက်လိုက်တော့ သူလိုက်ပို့မယ်ဇွတ်ပြောနေတာနဲ့မို့ အိမ်ကိုခေါ်လာလိုက်တော့သည်။အိမ်မှာဆိုင်ကယ်ထားပြီးတာနဲ့ ရေချိုးပြီး barကိုသွားလိုက်ကြတော့သည်။barရောက်တော့ "ဂရုစိုက်မောင်းပြန်နော်" ရှင်း မမရဲ့ပါးလေးကိုနမ်းလိုက်တော့ ရှက်ပြုံးလေးပြုံးရင်း ကားမောင်းထွက်သွားတော့သည်။"ဟျောင့် ရှင်း မင်း မြတ်အပေါ်သစ္စာဖောက်တာလား"သက်ထက်ရကလာမေးတာနဲ့ "ငါနဲ့မြတ်နဲ့ကဘာမှမှမဟုတ်တာ ဘာကိုသစ္စာဖောက်ရမှာလဲဟ" ရှင်းပြန်ဖြေလိုက်တော့ နားရင်းကိုလာရိုက်ကာ"ခွေးကောင် မြတ်က မင်းဖွင့်ပြောမှာကိုစောင့်နေခဲ့တာ သူ့မျက်ဝန်းတွေကို မင်းမကြည့်တတ်ဘူးလား" ရှင်းသေချာစဉ်းစားကြည့်လိုက်တော့မှ မြတ်ရဲ့မျက်ဝန်းတွေမှာ ရှင်းအတွက်အချစ်တွေပါနေသည်လေ။

"သက်ထက်ရ ငါမြတ်ကိုချစ်တယ်လို့ဘယ်တော့မှမပြောတော့ဘူး ငါ မမရိပ်နဲ့ဖြစ်ပြီးသွားပြီ" ရှင်းပြောလိုက်တော့ !ခွပ်! "မင်းကွာ လုပ်ရက်တယ် မြတ်သိသွားရင်ဘယ်လိုခံစားရမလဲမင်းမစဉ်းစားဘူးလား" သက်ထက်ရ စိတ်တိုမယ်ဆိုလည်းတိုချင်စရာပါ။မြတ်ကိုဘယ်လောက်အထိချစ်ကြောင်း သူ့ကိုပဲတဖွဖွပြောပြခဲ့တာလေ။"မင်းသိလား မြတ်ရယ်၊ ငါ့ညီမလေး ဒါဒါရယ်ကိုလေ ငါကသိပ်ကိုမြတ်နိုးတာ ထိတောင်မထိရက်ဘူး သူတို့နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးချယ်ခိုင်းရင် ငါရွေးချယ်နိုင်မှာမဟုတ်ဘူး" ရှင်းထပ်ပြောလိုက်တော့ "အဲ့ဒီတော့ ဘေးလူဖြစ်တဲ့ မမရိပ်ကိုပဲမင်းရွေးချယ်လိုက်တယ်ဆိုပါတော့ မင်းကသိပ်ကိုကြင်နာတတ်တဲ့သူတော်ကောင်းကြီးပေါ့ ဟုတ်လား" သက်ထက်ရစကားတွေက ရှင်းရင်ထဲကိုဆူးနဲ့ထိုးနေသလိုကို နာကျင်ရသည်။"မင်းရွေးချယ်မှုမှန်ပါစေလို့ပဲငါဆုတောင်းပေးတယ် မင်းကြောင့်မင်းချစ်တဲ့သူတွေကိုတော့ မနာကျင်စေနဲ့ မြတ်ကို မင်းနဲ့မမရိပ်အကြောင်း ငါဖုံးထားပေးမယ်" သက်ထက်ရက လာဖက်ကာပြောနေသည်မို့ "ကျေးဇူးပါကွာ" ရှင်းပြန်ပြောလိုက်ရင်း အလုပ်ဆက်လုပ်နေလိုက်သည်။

အနှောင်အဖွဲ့ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ