အပိုင်း ( ၁၇ )

1.1K 67 4
                                    

Unicode>>>>>

"ဘာ မောင် မောင်ဒီလိုလုပ်လိမ့်မယ်လို့ မ မထင်ခဲ့ဘူး မတောင်းပန်ပါနဲ့ မောင်တောင်းပန်စရာမလိုပါဘူးမောင်ရယ် မကိုချစ်နေရင်ရပြီမို့ မ ညကျ barကိုလာကြိုမယ် အင်း ဘိုင့်" ရိပ်မောင်နဲ့ဖုန်းပြောပြီး ရင်ဘတ်ထဲကအောင့်လာသည်။မောင့်ကို ရိပ်တစ်ယောက်တည်းမပိုင်ရတော့ဘူးတဲ့လား။မျက်ရည်ပူတွေက လှိမ့်ဆင်းလာသည်မို့ ဆိုင်က ကလေးတွေမမြင်အောင် အတင်းသုတ်လိုက်သည်။မောင်က သူဘာလုပ်လုပ် ပြောပြပေးတာကိုပဲ မောင့်ကိုကျေးဇူးတင်ရမလိုပင်။ရှင်းbarထဲက‌ထွက်လာတော့ ကားနဲ့စောင့်နေတဲ့မမကိုတွေ့ရသည်မို့ "မ" ရှင်းပြေးဖက်လိုက်ကာ "မ ညအိပ်နေမှာလားမောင်နဲ့" မေးလိုက်သည်။ "မအိပ်တော့ဘူးမောင်" မမဖြေပြီးတာနဲ့ မျက်နှာငယ်လေးနဲ့ကားပေါ်အရင်တက်သွားသည်မို့ ရှင်းလည်းဝင်ထိုင်လိုက်ကာ "မ မောင့်ကိုစိတ်ဆိုးနေတာလား" ရှင်းထပ်မေးလိုက်တော့ "မောင့်ကိုစိတ်ဆိုးရမလား စိတ်နာရမလားတောင် မ မသိတော့ဘူး ဒီနေ့ မ နဲ့အိပ်၊ မနက်ဖြန်တခြားတစ်ယောက်နဲ့အိပ်နေတဲ့မောင့်ကို မ ဘယ်လိုစိတ်နဲ့.......။" ရိပ်ငိုချလိုက်မိတော့ မောင်လည်း မျက်ရည်လေးဝဲလာကာ ရိပ်ကိုဖက်ထားရင်း "မောင်မကောင်းတာပါ မောင် မအပေါ်သစ္စာရှိသင့်ခဲ့တာ မောင်မကောင်းဘူး မကောင်းခဲ့ဘူးကွာ" မောင်ကပါငိုနေတော့သည်။

သူသိပ်ချစ်ရတဲ့ညီမလေးကို ချစ်သူလိုဆက်ဆံခဲ့ရတဲ့မောင့်ကိုလည်း ရိပ်သနားမိသည်။ဘယ်လောက်ပဲညီမလေးပါပြောပြော သွေးသားမှမတော်စပ်ပဲ။ကောက်ကြောင်းတွေမြင်တော့လည်း မောင်ဘယ်စိတ်ထိန်းနိုင်ပါ့မလဲ။‌မောင်အဲ့ဒီလိုမှမလုပ်ရင်လည်း မရတော့ပဲလေ။ရိပ်မောင့်ကိုပြန်ချော့လိုက်ရင်း "မောင် မ ညလိုက်အိပ်မယ်နော်" ပြောလိုက်တော့ မောင့်မျက်နှာလေးပြန်ပြုံးလာကာ ရိပ်နှုတ်ခမ်းကိုအနမ်းတွေပေးနေတော့သည်။မောင့်အိမ်ရှေ့ရောက်တော့ တံခါးသော့ဖွင့်ပြီးတာနဲ့ အိမ်ထဲကိုကားမောင်းခဲ့လိုက်သည်။ရိပ်တို့ညစာစားပြီးတာနဲ့ အခန်းထဲဝင်လိုက်တော့ ပြတင်းပေါက်တွေလှပ်ထားတာမို့ လေပြေလေးတွေကတိုးလာနေသည်။"မ လာ ဒီကို" မောင်က ပြတင်းပေါက်အနီးကထိုင်ခုံမှာထိုင်နေကာ လှမ်းခေါ်သည်မို့ ရိပ်သွားလိုက်တော့ "လာ မောင့်ပေါင်ပေါ်ကို" မောင်ကလက်လှမ်းတာမို့ ရိပ်ထိုင်လိုက်တာနဲ့ မောင်ကပွေ့ဖက်ထားကာ "မ သိလား မောင်ကလေ မ barကိုခဏခဏ‌လာသောက်နေကတည်းက မ ကိုချစ်နေမိတာ ကောင်လေးတွေက မကိုကြည့်ရင် မောင်သဝန်တိုမိပြန်ရော မောင့်ကိုခိုးခိုးကြည့်နေတဲ့ မရဲ့မျက်ဝန်းတွေကိုလည်း မောင်သတိထားမိပါတယ် ပြီးတော့ မောင်ကလေ မ ကိုတကယ်ချစ်တာ မောင့်ရဲ့ဇနီးလေးက မ တစ်ယောက်တည်းပဲ"မောင်ကတော့ စကားတွေနဲ့ခြွေနေတော့သည်။

အနှောင်အဖွဲ့ ( Completed )Onde histórias criam vida. Descubra agora