အပိုင်း ( ၁၅ )

1.1K 69 0
                                    

Unicode>>>>>

"ငါမင်းကို ထိုင်ငေးခိုင်းနေတာမဟုတ်ဘူး နန္ဒာဝင့်ဦး" ရှင်းအော်လိုက်တော့ ဒါဒါ့ခန္ဓာကိုယ်လေးတုန်သွားသည်မို့ ရှင်းသနားမိသွားပြန်သည်။ရှင်းကိုပဲငေးကြည့်နေသည်မို့ "အိုကေ ငါပြန်တော့မယ်" ရှင်းထလိုက်တော့ "ကိုကို့ နေပါဦး" ရှင်းနှုတ်ခမ်းတွေကိုလာနမ်းနေတော့သည်။ရှင်းပြန်ခွာလိုက်ပြီး "လူတကာကိုနမ်းနေတဲ့နှုတ်ခမ်းနဲ့ ငါ့ကိုလာမနမ်းနဲ့" barမှာ ဒါဒါတို့နမ်းနေကြတဲ့ပုံရိပ်တွေကိုပြန်မြင်ယောင်လာကာ စိတ်ပြန်တိုလာသည်။ "ကိုကိုက သဝန်တိုတာပေါ့ဟုတ်လား" ဒါဒါမေးလိုက်တော့ မျက်နှာဘေးလှည့်သွားသည်မို့ ကိုကို့မျက်နှာလေးကိုဆွဲလှည့်လိုက်ကာ "ဒါဒါ့ကိုချစ်လား" မေးလိုက်သည်။ကိုကို ဒါဒါ့ကိုပြန်ကြည့်လာပြီး " မင်းရော အခြားယောကျာ်းတစ်ယောက်နဲ့အိပ်ဖို့ကြံစည်ရလောက်တဲ့အထိကို ငါ့ကိုချစ်တာလား" ရှင်းစိတ်ပေါက်ပေါက်နဲ့မေးထည့်လိုက်သည်။"ကိုကို့" ဒါဒါ ကိုကို့ကို‌ အားနဲ့ဆောင့်တွန်းလိုက်သည်။"ဒါဒါ့အချစ်ကိုမစော်ကားနဲ့" ဒါဒါစိတ်တိုလာတာနဲ့ အခန်းတံခါးဝဘက်ကိုပြေးလိုက်သည်။

"ဒါဒါ" ရှင်း နောက်ကနေပြေးလိုက်သွားပြီး ဒါဒါ့ကိုယ်လေးကိုဆွဲလှည့်လိုက်ကာ တံခါးချပ်မှာ ဒါဒါ့လက်နှစ်ဖက်ကိုမြှောက်ကပ်ထားလိုက်သည်။ဒါဒါမျက်ရည်တွေဆက်တိုက်ကျနေတာမို့ ရှင်းရင်ထဲနာကျင်လာရသည်။ ရှင်း ဒါဒါ့ကိုနမ်းဖို့လုပ်တော့ ခေါင်းရမ်းပြီး ငြင်းဆန်နေသည်မို့ ရင်ဘတ်ထဲအောင့်သွားရသည်။ရှင်း လက်တွေကိုပြန်ရုတ်လိုက်ကာ အကျီပြန်ဝတ်ဖို့ လျှောက်သွားလိုက်တော့ "ဒါဒါ ကိုကို့ကိုချစ်တယ်" နောက်ကနေပြေးဖက်လာပြန်သည်။ရှင်းမျက်ရည်တွေဆက်တိုက်ကျနေရင်း ဒါဒါ့ဘက်ကိုလှည့်လိုက်ကာ ဖက်ထားလိုက်တော့သည်။"ဒါဒါ ကိုကို့ကိုချစ်ရင် ကိုကိုမကြိုက်တာမလုပ်ရဘူးနော် နောက်တစ်ခါထပ်လုပ်ရင် ကိုကို ဒါဒါနဲ့ဝေးရာကိုထွက်သွားမှာနော်" ရှင်း ဒါဒါ့မျက်နှာလေးကိုကိုင်ပြီးပြောတော့ ခေါင်းငြိမ့်ပြလာသည်နှင့် ရှင်း ဒါဒါ့ကိုစနမ်းလိုက်တော့သည်။ရှင်းနမ်းနေရင်းနဲ့ အခန်းမီးကိုသွားပိတ်လိုက်ကာ ဒါဒါ့နားပြန်သွားလိုက်သည်။ ဒါဒါကတော့ ကိုယ်လုံးတီးဖြစ်နေသည်မို့ ရှင်းကိုဆွဲဆောင်နေပြန်သည်။

အနှောင်အဖွဲ့ ( Completed )Where stories live. Discover now