အပိုင်း ( ၃ )

1.3K 99 0
                                    

Unicode>>>>>

ရှင်းဘာမှပြန်ပြောချင်စိတ်မရှိတာမို့ စာအုပ်တွေသေချာစီပြီး မုန့်အခွံတွေသိမ်းခဲ့လိုက်ကာ အခန်းထဲမှာ တံမြက်စည်းလှဲနေလိုက်သည်။ ရှင်းသူ့ကုတင်နားရောက်တော့ မုန့်တွေကို တမင်တစ်ခုချင်း အောက်ကိုချနေသည်မို့ ရှင်းစိတ်ကိုတော်တော်ဆွဲဆန့်လိုက်ကာ တစ်ခုချင်းကောက်ပြီး အမှိုက်ပုံးထဲထည့်နေလိုက်သည်။"ဒီမှာ ပြီးပြီဆိုလည်း ထွက်သွားလိုက်တော့နော် အော် ပြီးတော့ ခဏနေသံပုရာရည်တစ်ခွက်လောက်ဖျော်ခဲ့ပေး ရှင်ကိုယ်တိုင်ဖျော်ခဲ့နော်" ဒါဒါသူ့မာနကိုဆွပေးနေပေမဲ့ ပြုံးရယ်ခြင်းမရှိ၊စိတ်တိုခြင်းမရှိတဲ့မျက်နှာနဲ့ ဒါဒါခိုင်းသမျှကိုလုပ်ပေးနေလေသည်။ရှင်းတံမြက်စည်းလှဲပြီးတာနဲ့ ရေချိုးလိုက်ကာ စိတ်ကြည်အောင်အရင်လုပ်လိုက်သည်။ပြီးတာနဲ့ သံပုရာရည်တစ်ခွက်ဖျော်ကာ သူ့အခန်းရှေ့သွားလိုက်တော့ တံခါးကပွင့်နေသည်။ဝတ္တရားအရ တံခါးခေါက်လိုက်ပြီးမှ ဝင်လိုက်တော့ သူကစာကြည့်နေသည်မို့ စားပွဲနားသွားလိုက်ကာ သံပုရာရည်ခွက်ချထားခဲ့ပြီး နောက်ပြန်လှည့်လိုက်တော့သည်။"ဘယ်သွားမလို့လဲ ခွက်ပြန်ယူသွားဦးလေ" ရှင်းသက်ပြင်းချလိုက်ရင်း ဆိုဖာအလွတ်ပေါ်ဝင်ထိုင်ကာ သူသောက်ပြီးတဲ့အထိစောင့်နေလိုက်သည်။

ခဏနေ သူသောက်ပြီးသွားတာနဲ့ ခွက်ပြန်ယူပြီး မီးဖိုချောင်မှာသွားဆေးထားလိုက်ကာ ရှင်းအခန်းထဲကိုပြန်လာခဲ့လိုက်တော့သည်။ဒါဒါလွန်လားမသိပေမဲ့ ဖေဖေတို့အပေါ်စိတ်နာတာတွေက သူ့အပေါ်ဒေါသပုံချမိသလိုဖြစ်နေသည်ကိုတော့သိသည်။သို့သော် သူ့ကိုတော့ နိုင်စားချင်သည်မို့ ပြီးတော့ သူစိတ်ရှည်ရှည်နဲ့ဂရုစိုက်ပေးတာကိုလိုချင်မိနေပြန်သည်။အချိန််ခဏ‌‌လေးအတွင်းမှာကို ဒါဒါ့စိတ်ကိုဖမ်းစားနိုင်သည်လေ။ရှင်းအချိန်ပိုင်းအလုပ်တွေကနေ ဒီတစ်ရက်ခွင့်ယူထားသည်မို့ အေးဆေးအိပ်ဖို့ပြင်လိုက်တော့သည်။ကျောင်းတက်ရတဲ့ရက်တွေဆို ညဘက်barမှာ စားပွဲထိုးဝင်လုပ်ဖြစ်နေသည်လေ။‌ကျောင်းပိတ်ရက်ကတော့ နေ့ဘက်မှာကော်ဖီဆိုင်မှာလုပ်ပြီး ညဘက်မှာbarမှာလုပ်ဖြစ်သည်။အချိန်ပိုင်းအလုပ်တွေကနေ ကိုယ်ပိုင်ဝင်ငွေရသည်မို့ ရှင်းစိတ်သန့်သန့်နဲ့ကျောင်းတက်နိုင်သည်။"Hello ရှင်း မနက်ဖြန်ညဘက်မင်းလာနိုင်လား" managerမှဖုန်းဆက်မေးနေသည်မို့ လာမယ်ပြောထားလိုက်သည်။barမှာ လူများလွန်းရင်တစ်ခါတစ်လေ အဖျော်ဆရာဝင်လုပ်ရသေးသည်လေ။ရှင်းစိတ်တွေဟိုလွင့်ဒီလွင့်နဲ့ပဲ အိပ်ပျော်သွားတော့သည်။ဒါဒါ သူ့ကိုခေါ်ဖို့ သူ့အခန်းနားရောက်သွားတော့ ဖုန်းပြောသံကြားတာနဲ့ ရပ်နားထောင်နေလိုက်သည်။"ဘာလဲ သူကညဘက်ကြီးဘယ်သွားဖို့လဲ" ဒါဒါတွေးနေရင်း သူ့ကိုလှမ်းကြည့်လိုက်ပြန်တော့ အခန်းမီးပိတ်သွားပြီမို့ မခေါ်ချင်တော့တာနဲ့ ပြန်လှည့်လာခဲ့လိုက်တော့သည်။

အနှောင်အဖွဲ့ ( Completed )Donde viven las historias. Descúbrelo ahora