အပိုင်း ( ၁၂ )

1K 75 0
                                    

Unicode>>>>>

ရှင်းတို့အတန်းချိန်ပြီးတာနဲ့ မြတ်လက်ကိုဆောင့်ဆွဲလိုက်ကာ လူရှင်းတဲ့နေရာခေါ်လာခဲ့သည်။"မြတ် ဘုန်းမြတ်ကျော်ကိုမချစ်ပဲ ဘာလို့တွဲခဲ့တာလဲ" ရှင်းဒေါသသံနဲ့မေးလိုက်တော့ "ရှင်းကိစ္စမဟုတ်ပါဘူး" ဆိုပြီး မျက်ရည်တွေကျလာကာ လှည့်ပြန်ဖို့လုပ်လိုက်ပေမဲ့ ရှင်းက မြတ်လက်ကိုအတင်းဆုပ်ထားသည်မို့ နာနေသည်။"မြတ် လက်အရမ်းနာနေပြီရှင်း" မြတ်ပြောလိုက်တော့ လက်ကိုလွှတ်ပေးလာကာ "ရှင်း တောင်းပန်ပါတယ် မြတ်ကိုနာကျင်စေဖို့မရည်ရွယ်ပါဘူး" ပြောလာပြန်သည်။မြတ် လက်ကလေးကိုပွတ်လိုက်ရင်း "လက်ကို‌ပြောတာလား နှလုံးသားကိုပြောတာလားရှင်း" မေးလိုက်တော့ "လက်ကိုပြောတာပါ"တဲ့လေ။မြတ်စိတ်တိုသွားပြီး "ရှင်း မြတ်ကိုချစ်နေရက်နဲ့ဘာလို့ဖွင့်မပြောခဲ့တာလဲ မြတ် ရှင်းဖွင့်ပြောမယ့်အချိန်ကိုစောင့်နေခဲ့တာတောင် ရှင်းမသိရအောင် ရှင်းဒီလောက်တောင်အရိပ်အကဲနားမလည်ဘူးလား မြတ်ကိုချစ်နေရင်းကနေ ဘာလို့တခြားတစ်ယောက်ကိုပြောင်းချစ်လိုက်ရတာလဲ" မြတ် စကားတစ်ခွန်းမေးလိုက် ရှင်းကိုဆောင့်တွန်းလိုက်နဲ့မို့ ရှင်းခေါင်းနဲ့သစ်ပင်နဲ့ ဆောင့်မိသွားသည်။

"မြတ် ရှင်းပြောတာခဏနားထောင်ပါဦး" ရှင်း မြတ်လက်ကလေးကိုလှမ်းဆွဲလိုက်ကာ မမရိပ်အကြောင်းနဲ့ ဒါဒါ့အကြောင်းကိုပါ ပြောပြလိုက်သည်။"ရှင်းက လူပွေပဲ" မြတ်မျက်စောင်းထိုးလိုက်တော့ ရယ်လာပြီး "ဟုတ်တယ် ရှင်းပွေနေမိတဲ့အထဲ မြတ်ကိုမပါစေချင်လို့ ဖွင့်မပြောခဲ့တာ ရှင်းပထမဆုံးရင်ခုန်ဖူးတဲ့သူက မြတ်ပဲလေ မြတ်ကိုသိပ်ချစ်လွန်းလို့ ရှင်းဘဝအရှုပ်အထွေးတွေထဲ မပါစေချင်ဘူး”ရှင်းသက်ပြင်းချလိုက်တော့ မြတ် ရှင်းကိုတောင်သနားသွားသည်။ရှင်း မမရိပ်ကိုတော့သံယောဇဉ်ဖြစ်ရာကနေ ချစ်မိတဲ့အကြောင်းနဲ့ ဒါဒါ့ကိုညီမလေးထက်ပိုလို့မရတဲ့အကြောင်းတွေနားထောင်ရင်း ရှင်းအစားစိတ်တောင်ညစ်လာသည်။"ဒါဆို ရှင်း မြတ်တို့သူငယ်ချင်းပဲဆက်လုပ်ကြမယ် တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတာကို ရင်ထဲမှာသိမ်းထားကြမယ်လေ နော်" မြတ်ပြောလိုက်တော့ ခေါင်းငြိမ့်ပြလာသည်မို့ "လာ ပြန်ရအောင် အလုပ်သွားရဦးမယ်မလား"။ ရှင်းနဲ့မြတ် စကားတွေပြောရင်း ကျောင်းအပေါက်ဝအထိလမ်းလျှောက်လာခဲ့ကြသည်။

အနှောင်အဖွဲ့ ( Completed )Where stories live. Discover now