အပိုင်း (1) Uni/Zawgyi

59.1K 849 21
                                    

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(1)

တရားရုံးထဲကထွက်လာကြတဲ့ စုံတွဲတစ်တွဲ
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းထားကြသည်ကို ကြည့်ခြင်းအားဖြင့် ဒါဟာလက်ထပ်လက်မှတ်ရေးထိုးခဲ့သော ချစ်ဇနီးမောင်နှံလုံးဝမဟုတ်တာသေချာသည်။

"​​​ကျေးဇူးပဲ"

အနောက်တိုင်းဝတ်စုံပြည့်ကိုစမတ်ကျကျဝတ်ထားတဲ့ထိုလူက သူမကိုလှည့်မကြည့်ပဲဆိုလိုက်သည်။

"ဘာကိုလဲ"

လက်မှာချိတ်ထားသောမိကျောင်းသားရေဖြင့်ပြုလုပ်ထားတဲ့လက်ကိုင်အိတ်ထဲမှနေကာမျက်မှန်တစ်လက်ထုတ်ရင်း သူမပြန်မေးလိုက်၏။

"ကွာရှင်းခွင့်အတွက်"

သူ့ရဲ့အဖြေအပေါ်စိတ်ဝင်စားပုံမပေါ်တဲ့ထိုအမျိုးသမီးသည် နေကာမျက်မှန်အားဝတ်ဆင်လိုက်၍

"ကျွန်မအလုပ်ရှိသေးလို့ သွားနှင့်မယ်"

၃လက်မဒေါက်ဖိနပ်စီးထားသောသူမခြေလှမ်းတွေက ပုံမှန်ထက်သွက်နေတာတော့အမှန်ပဲ။

သူလည်း ဇနီးဟောင်းဟုဆိုရမည့် မကြာခင်ကထွက်သွားသောအမျိုးသမီးဝင်သွားသည့် အဖြူရောင်ကားမျက်စိရှေ့ကပျောက်ကွယ်သွားကာမှ နောက်မှာရပ်နေသောအတွင်းရေးမှူးအား

"သွားကြမလား "

"ဟုတ်ကဲ့ Boss"
သူကားနောက်ခန်းမှာဝင်လိုက်ထိုင်သည်။

"တေဇ ဒီတစ်ပတ်လုံးအချိန်ဇယားကိုသေချာညှိထား"

"ဟုတ်ကဲ့ အင်တာဗျူးမှန်သမျှအကုန်ပယ်ထားပါတယ်"

"အင်း ရူပါက Celebrityတစ်ယောက်ဆိုတော့ ဒီသတင်းက ခဏနဲ့ငြိမ်သွားမှာမဟုတ်ဘူး မနက်ဖြန်ဆို သတင်းခေါင်းစဉ်မှာပါလာတော့မယ်"

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

''YN Entertainmentရဲ့CEO လင်းမြတ်ယူနစ်နှင့် သတင်းကြေညာသူ ခင်ရူပါနိုင်တို့ ကွာရှင်းပြတ်ဆဲ´´

သတင်းစာကို စားပွဲပေါ်သို့ စိတ်ပျက်စွာလွှင့်ပစ်လိုက်၍

"ညည်း နည်းနည်းလေးတောင်ဆွဲမထားနိုင်ဘူးလား ရူပါ "

ရုံးခန်းထဲက ဆိုဖာမှာထိုင်နေသော ခပ်ဝဝအမျိုးသမီးကြီးတစ်ဦးက ဆိုလိုက်လျှင်
အရှေ့နဲ့အနောက်ခေါက်တုန့်ခေါက်ပြန်လမ်းလျောက်နေသော ရူပါက

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCWhere stories live. Discover now